Showing posts with label သတင်း(ပြည်တွင်း). Show all posts
Showing posts with label သတင်း(ပြည်တွင်း). Show all posts

Wednesday, June 26, 2013

အမျိုးစောင့်ဥပဒေ ညီလာခံကျင်းပမည်


ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက် (၂၇-၆-၂၀၁၃) ရက်နေ့မှာ ကျင်းပ သွားမည်ဖြစ်ပြီး

စာသင်တိုက်ဆရာတော်များ ဓမ္မကထိက ဆရာတော်များ ရိပ်သာဆရာတော်များ၊ ဘကပညာရေး၊ သာရေးနာရေးဆရာတော်များ အပါအဝင် အမျိုးဘာသာ သာသနာကို ထိန်သိမ်းစောင့်ရှောက်လိုသော ရဟန်းရှင်လူ မည်သူမဆို တက်ရောက်နိုင်ကြောင်းနှင့် သံဃာတော်အပါး ၁၀၀ကျော် တက်ရောက်
မည်ဟု သိရသည်။

ပြည်တွင်း ပြည်ပ မည်သည့် မီဒီယာမဆို သတင်းလာယူနိုင်ကြောင်း သိရသည်။

မလေးရှားရောက် မြန်မာနိုင်ငံသားများအားလုံး ဝမ်းသာစရာ သတင်းကောင်း

 မြန်မာပြည်မှသီတဂူဆရာတော်ကြီးသည် မလေးရှားနိုင်ငံရောက်မြန်မာအလုပ်သမားများမိမိတို့ ဌာနေသို့အေးချမ်းစွာ ပြန်နိုင်ရန်ရည် ရွယ်၍အလှူငွေလှူဒန်းရန်င်္ဒီနေ့(၂ ၄.၆.၂၀၁၃)ညနေပိုင်းမှာ
ကြွရောက် တော်မူလာပါတယ်....လေဆိပ်မှဆင်းလျင်ဆင်းချင်း မလေးရှား လဝက ရုံးသို့တိုက်ရိုက်ကြွရောက်တော်မူလာပါတယ် ဒီနေ့လဝကရုံးမှာလက်ဗွေနှိပ်ရန် ရောက်ရှိနေသူများ     အား ဒုက္ခရောက်နေသည်ဟုကြား၍ရောက်လာခဲ့ရကြောင်း မိမိမှာ အလှူငွေ ကန်ဒေါ်လာ (၁၀၀၀၀၀) ပါလာကြောင်း တတ်နိုင်သလောက်ကူညီပေးသွားမည်ဖြစ်ကြောင်း လက်ရှိ လဝကရုံးတွင်ပေး
ဆောင်နေရသောဒဏ်ကြေး (၄၀၀)အား သီတဂူအထောက်အကူပြုအဖွဲ့မှ ဆရာတော်ဦးဆောင်၍ လှူဒန်းပေးသွားမည်ဖြစ်ကြောင်း ထို့ကြောင့်ယနေ့မှစတင်၍ အမိမြန်မာပြည်သိ ပြန်လိုသူများအနေဖြင့်   ငွေကုန်ကြေးကျမရှိဘဲ မိမိတို့အိမ်သို့ပြန်နိုင်တော့မည်ဖြစ်ကြောင်းသတင်းကောင်းပါးအပ်
ါသည်...........

၁။မလေးရှားနိုင်ငံ မြန်မာသံရုံးမှ ယာယီနိုင်ငံသူလက်မှတ်(CI)အခမဲ့ထုတ်ပေးခြင်း။ ၂။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်တည်ထောင်ထားသော ဧရာဝတီဖောင်ဒေးရှင်းမှ   လေယဉ်လက်မှတ်နှင လဝက ရုံးသို့သွားလာရန်၎င်း လေဆိပ်သို့ပို့ဆောင်ရန်၎င်း ဘစ်ကားများစီစဉ် ပေးခြင်း။ ၃။ မြန်မာပြည် သီတဂူအထောက်အကူပြုအဖွဲ့မှ သီတဂူဆရာတော်ကြီးဦးဆောင်၍ လဝက ရုံးမှဒဏ်ကြေး (၄၀၀) အားပေးဆောင်ပေးခြင်း။

အစရှိသောအကူအညီများအားလုံးကို ကျွန်တော်များ ဧရာဝတိစေတနာ့ဝန်ထမ်းအဖွဲ့ (မလေးရှား) နှင့်အတူမည်သည့် ငွေကြေးကောက်ခံခြင်းတစ်စုံတစ်ရာမရှိဘဲ ဆောင်ရွက် နေပါသဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း........ဤသတင်းအားလဲ SHARE မျှဝေပေးခြင်းအားဖြင့် မြန်မာနိုင်ငံသားများအားလုံးသိစေရန် ကုသိုလ်ယူနိုင်ကြပါသည်။

ပြည်သူ့လွှတ်တော်တွင် သတင်းမီဒီယာများနှင့်တွေ့ဆုံရာ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ဖြေကြားချက်များ

၂၅ .၆ .၂၀၁၃ ရက် ပြည်သူ့လွှတ်တော်တွင်သတင်းမီဒီယာများနှင့်တွေ့ဆုံရာ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ဖြေကြားချက်ကိုပြန်လည်တင်ပြပေးလိုက်ပါသည်။

အခုဟာ အခုဖြစ်နေတဲ့ပဋိပက္ခတာတွေကိုတစ်ချို့ဟာကျတော့အရေးပေါ်အနေနဲ့ထိန်းချုပ်ကြတာပေါ့ ကျွန်မကတော့ဒီဟာ ဟာ အုပ်ချုပ်ရေးဘက်ကတက်နိုင်သမျှ ပထမလုပ်သင့်တယ်လို့ထင်တယ် အရေးပေါ်အခြေအနေကိုလည်း ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးခေါ်ပြီးတော့အဲဒီဟာကို နောက်ထပ်သက်တမ်းတိုးလိုက်တယအဲဒီတုန်းကကျွန်မပြောခဲ့တဲ့ကိစ္စက ဒီလိုသက်တမ်းတိုးတယ်ဆိုတာဟာ အရင်ရက်ခြောက်ဆယ်အတွင်းမှာပုံမှန်အခြေအနေဖြစ်သွား

အောင်လို့ ဘာလုပ်ထားလဲဆို တင်ပြမှုမရှိဘူး နောက်ကျမပြောရမယ်ဆိုလို့ရှိရင်ဒီလိုဟာမျိုး ဥပဒေသစ်လိုတာမလိုတာဆိုတာ ဆုံးဖြတ်ဖို့ဆိုတာပွင့်လင်းမြင် သာဖို့အများကြီးလိုတယ် အုပ်ချုပ်ရေးဘက်ကဘာတွေလုပ်လဲ ဘာတွေဘယ်လိုဆောင်ရွက်ခဲ့လဲ အဲဒီဆောင်ရွက်တာတွေက ဘယ်လောက်အထိ ထိရောက်လဲမထိရော က်ဘူးလားမထိရောက်လို့ဒီအခြေအနေအထိအရေးပေါ်အခြေအနေကိုဆက်ပြီး တော့ထားတာလား ဒီလိုမေးခွန်းတွေကဘာမှကျွန်မတို့အဖြေမသိရဘူး ဒီလိုဥပဒေသစ်တစ်ခုထပ်ပြီးတော့ထုန်ပြန်မယ်မထုတ် ပြန်ဘူးဆိုတာ ဟာ လိုအပ်သည် မလိုအပ်သည်ကိုသုံးသပ်ဖို့ထက် အခြေအနေကိုပွင့်ပွင့်လင်းလင်းသိဖို့ လိုတယ်
တည်ဆဲဥပဒေအရဘာလုပ်လဲဆိုတာ အဲဒါကိုကျွန်မအရင်မေးမယ် တည်ဆဲဥပဒေက လုံလောက် သလားမလုံလောက်ဘူးလားဆို တာဟာ အဲဒီတည်ဆဲဥပဒေ တွေအရဘယ်လောက်အထိဘာတွေလုပ် ခဲ့သလဲ အဲဒါဟာလုံလောက်သလားမလုံလောက်ဘူးလား ဆိုတာကျွန်မတို့ဘယ်လိုလုပ်သုံးသပ်မလဲ ဒါကြောင့်ကျွန်မအဲဒီတုန်းကလည်းတင်ပြတာ ဘာတွေလုပ်ခဲ့လဲအုပ်ချုပ်ရေးပိုင်းက ဘာတွေလုပ်လဲ ပုံမှန်အခြေအနေဖြစ်အောင်လို့ ဘယ်လိုခြေလှမ်းတွေလှမ်းခဲ့သလဲဆိုတာကျွန်မတို့သိဖို့လိုတယ် ဒါမှ ပဲနောက်ထပ်ကျွန်မတို့ဘာဆက်လုပ်မလဲ ဆိုတာကျွန်မတို့ဆုံးဖြတ်လို့ရမှာ အမျိုးသားဒီမိုကရေစီ           အဖွဲ့ချုပ်ကတော့ပီအာကိုသဘောမတူပါဘူး ဒီကိစ္စနဲ့ပတ်သက်လို့လည်း အသေးစိပ်ရှင်းပြ  ထားတာ တွေလည်းရှိပါတယ်။

ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဒုတိယနေ့


 ၂၆.၆.၂၀၁၃
 အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများဖြစ်တဲ့ ဒေါက်တာခင်မောင်ရွှေ ကျောက်တံကား
မဲဆန္ဒနယ်မှ မြို့ချောင်းကျေးရွာတွင် ကျေးလက်ကျမ်းမာရေးဌာန ချထားပေးရန်ရှိ/မရှိမေးခွန်း၊ 
ဦးစိုးစိုး ထီးချိုင့်မဲဆန္ဒနယ် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့အတွက် ဗဟိုဆေး 
သိုလှောင်ရုံဌာန ခွဲများဖွင့်လှစ်ပေးရန်ရှိ/မရှိမေးခွန်း၊ ဦးအင်ဖုန်ဆန်း မချမ်းဘောမဲဆန္ဒနယ်
 ပြည်သူ့ဆေးရုံ၊ တိုက်နယ်ဆေးရုံများတွင် လစ်လပ်နေသော ဆရာဝန်များခန့်ထားရန်ရှိ/ မရှိမေးခွန်း၊ဦးကိုကြီး အောင်မြေသာစံ မဲဆန္ဒနယ်က Normal Trade မှတရားဝင်တင်သွင်း
ခွင့်ပြုထားသော Cloud Point စားအုန်းဆီသည် စားသုံးသူပြည်သူများအတွက် ကျန်းမာရေး
ဆိုးကျိုးများဖြစ်စေသည်ကို သိလိုသည့်မေးခွန်း၊ ဦးဝင်းမြင့် ပုသိမ်မဲဆန္ဒနယ်မှ လစ်လပ်လျက်
ရှိသော မဲဆန္ဒနယ်မြေများအတွက် လွတ်လပ်၍ တရားမျှတသာကြားဖြတ်ရွေးကောက်ပွဲကိုကျင်းပပြုလုပ်ပေးရန် ရှိ/မရှိမေးခွန်း ၊ ဦးဖေသန်း မြေပုံမဲဆန္ဒနယ်မှ ကြားဖြတ်ရွေးကောက်ပွဲ
ပြုလုပ်နိုင်ရေးအတွက် အချိန်ကာလ အကန့်အသတ်တခု သတ်မှတ်ပြဌာန်းပေးနိုင်ရန်ရှိ/မရှိမေးခွန်းအပါအ၀င် မေးခွန်း ၁၀ ခုနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ မျက်စိလှူဒါန်းခြင်းဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်း ကိုတင်သွင်းခြင်း၊ ဦးတင်မောင်ဦး ရွှေပြည်သာမဲဆန္ဒနယ်မှ အသင်းအဖွဲ့များဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်း ဆွေးနွေးရန် အဆိုတင်သွင်းခြင်းများပြုလုပ်ဆွေးနွေးသွားမည်ဖြစ်သည်။

မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ အကျိုးစီးပွားတခုတည်းကိုမကြည့်ဘဲ နိုင်ငံသားများ သတ်ဖြတ်ခံရမှုနှင့်ပါတ်သက်၍ မလေးအစိုးရအား ဖိအားပေးသင့်

မလေးရှားနိုင်ငံမှာ အလုပ်လာလုပ်နေကြတဲ့ မြန်မာနိုင်ငံသားများကို ရက်ရက်ဆက်ဆက်သတ်ဖြတ်ခဲ့ပုံများကို အင်တာနက်စာမျက်နှာပေါ်မှာ တွေ့ မြင်ကြရမှာပါ။ထိုအပြင် ဇွန်လ ၄ ရက်နေ့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ ဆာလာရမ်းအရပ်တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာ နိုင်ငံသားများကို အမည်မသိ လူအုပ်စုက မေလ ၃၀ ရက်နှင့် ၃၁ ရက်နေ့တို့တွင် တိုက်ခိုက်ခဲ့၍ မြန်မာနိုင်ငံ ၂ ဦးသေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာ ရခဲ့သည့်အတွက် မလေးရှားရှိ မြန်မာနိုင်ငံသားများစိုးရိမ်ပူပန်နေကြသည်။ ဇွန်လ ၅ ရက်နေ့ “အခု အော်ပရာစီ (ရှောင်တခင် ပိတ်ဆို့ဖမ်းဆီးမှု) တွေကို မလေး ရဲတွေ၊ လ၀ကတွေ၊ ရာလာ (ပြည်သူ့စစ်) တွေပါတဲ့ အဖွဲ့တွေက အထူးစီမံချက်နဲ့ မြန်မာမှန်သမျှ အထောက်အထား ရှိရှိ၊ မရှိရှိ အကုန် ဖမ်းတယ်။ အဲဒီနေရာက အမည်းရောင်လို့ ပြောနေကြတဲ့ ဆာလာရမ်းဘက်မှာအဓိက လုပ်တာပါ” မြန်မာနိုင်ငံသား ၃ ဦးထက် မနည်း သေဆုံး၍ ၁၀ ဦးကျော် ဒဏ်ရာ ရရှိခဲ့သည်။ ထိုကဲ့သို့  မြန်မာနိုင်ငံသားများ သတ်ဖြတ်ခံရမှုနှင့်ပါတ်သက်၍ မလေးရှားအစိုးရအနေဖြင့် ထိရောက်စွာအရေးယူခြင်း ပွင့်လင်းမြင်သာစွာ ဖြေရှင်းပေးခြင်းမရှိ၊တာဝန်ယူမှုမရှိသည့် နိုင်ငံတွင် မြန်မာနိုင်ငံသားများ၏ အသက်အန္တရာယ်မှာ စိုးရိမ်ရသည်။မလေးရှားပို့ ကုန်လုပ်ငန်းရှင်များ အသင်း ဥက္ကဌ က တာဝန်မဲ့စွာပြဿနာမရှိဘူးလို့  မိမိ၏စီပွားလုပ်ငန်းများအတွက်သာကြည့်ပြီး ပြောဆိုခဲ့သည်။ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့်လည်း မိမိ၏ စီးပွားရေးတခုတည်းကိုသာမကြည့်ဘဲ နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကိုင်နေကြသော နိုင်ငံသူနိုင်ငံသားတို့  ဘ၀လုံးခြုံရေးကိုပါ ထည့်သွင်းစဉ်စား၍ စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသောစီပွားရေးလုပ်ငန်းများကို ယာယီရပ်ဆိုင်းကာ မလေးရှားပို့ ကုန်လုပ်ငန်းရှင်များအသင်းနှင့် မလေးရှားအစိုးရကို လည်းကောင်းဖြစ်ရပ်များနှင့်ပါတ်သက်၍ တာဝန်ယူဖြေရှင်းပေးရန် တောင်းဆိုသင့်ပြီး (နိုင်ငံအစိုးရများသည် နိုင်ငံသားများအား အလေးထား တောင်းဆိုမူများပြုလုပ်ကြသည်)ထိုသို့ ဆောင်ရွက်ခြင်းဖြင့် မလေးအစို့ ရကို မလေးကုန်လုပ်ငန်းရှင်များအသင်းမှ တောင်းဆိုမှုများရှိလာနိုင်ပြီး ကျန်ရှိသော အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများ အလုပ်သမားအခွင့်အရေးနှင့် ဘ၀လုံခြုံစွာဖြင့် အနိုင်ကျင့်ခံရမှုမှ ကင်းဝေးစေပြီး မလေးနိုင်ငံတွင် လုပ်ကိုင်နေထိုင်နိုင်မည်ဖြစ်ကြောင်း အကြံပြုအပ်ပါသည်။

Sunday, July 8, 2012

ဒုသမ္မတ ရာထူး ဦးဌေးဦးနှင့်မထိုက်တန် ပြည်သူများလက်မခံ

 ၂၀၁၂-၇-၈
ဒု သမ္မတ အဖြစ်ရွေးချယ်ရန် နံမည်ထွက်နေသော အတွင်းရေးမှူး ဦးဌေးဦးသည် ဒီပဲယင်း နိုင်ငံတော်
လုပ်ကြံမှူကြီးတွင် အဓိကတရခံတဦးအဖြစ်ထင်ရှားပြီး လူ့ အခွင့်အရေးချိုးဖေါက်မှုကို နိုင်ငံသားများ
ကန့် ကွက်ခဲ့ကြပြီး နိုင်ငံတကာတွင်လည်း သိရှိထားသူတဦးဖြစ်သည်။ ဒု သမ္မတ နေရာတွင် သမ္မတ
ဦးသိန်းစိန် ပြောသည့်အတိုင်း ပြည်တွင်းငြိမ်းချမ်းရေးနဲ့  ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို စိတ်ရော
ကိုယ်ပါ ဆောင်ရွက်နိုင်မည်သူ ရိုးသားမှုရှိသူ နံမည်ပျက်မရှိသူမှသာ ပြည်သူကလက်ခံနိုင်မည်ဖြစ်ပြီး
တိုင်းပြည်အတွက် အကျိုးရှိမည်ဖြစ်သည်။
ဒီပဲရင်းတွင် ပြည်သူများ ၁၀၀ကျော်သေဆုံခဲ့ရပြီး ယနေ့ အချိန်အထိ တရားခံများကို ဖေါ်ထုတ်ပေးခြင်း
စုံစမ်းစစ်ဆေးခြင်း ဥပဒေကြောင်းအရ တရားဆွဲဆိုခွင့်များလည်းမရရှိခဲ့ပေ။မြန်မာနိုင်ငံတွင် ဥပဒေစိုးမိုး
ရေးအတွက် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများ ပြုလုပ်နေချိန်တွင် ဥပဒေချိုးဖေါက်ခဲ့သူမှ ဒုသမ္မတ
ရာထူးကို နေရာယူခဲ့လျှင် အနာဂတ်မြန်မာနိုင်ငံအတွက် ဂုဏ်သိက္ခာကိုထိခိုက်စေပြီး နိုင်ငံတကာရောက်   မြန်မာနိုင်ငံသားများမှ လက်ခံလိမ့်မည်မဟုတ်ပေ ဥပဒေစိုးမိုးလာလျှင် ပြည်သူများ၏ အသက်ပေး၍နှစ် နာဆုံးရှံးမှုများကို နိုင်ငံတော်မှ ပြန်လည်ဖြေရှင်းပေးပြီး တာဝန်ယူရမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ သမိုင်းကြောင်းများသည် ဖျောက်ဖျက်၍ မရနိုင်သကဲ့သို့  ပြည်သူများအနေဖြင့်လည်း မေ့
လျော့သွားမည်မဟုတ်ကြောင်း 7 July အနှစ်(၅၀)ပြည့် အခမ်းအနားများမှ သက်သေထူလျှက်ရှိသည်။

Saturday, July 7, 2012

ကွန်ယက်နှစ်ခု၏ 7 July နှစ်(၅၀)မြောက်ဝမ်းနည်းခြင်း အထိမ်းအမှတ်လှုပ်ရှားမှုများ

7 July

7 July နှစ်ငါးဆယ်ပြည့် ကြေညာချက်


ဖမ်းဆီးခံရသော ဗကသ ကျောင်းသားခေါင်းဆောင်များ ပြန်လည်လွတ်မြောက်


ဗကသ ဗဟိုလုပ်ငန်းကော်မတီ၏ ပြောဆိုချက်အရ စုစုပေါင်း ၁၅ ဦး ဖမ်းဆီးခံရပြီး ၄ ဦးသားပြန်လည်
လွတ်မြောက်လာခြင်းဖြစ်သည်။

Tuesday, July 3, 2012

မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်

29.6 word

Monday, July 2, 2012

ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် ခေတ်ပြိုင် မြန်မာကဗျာစာတမ်းဖတ်ပွဲနှင့် ကဗျာရွတ်ဆိုခြင်း အခမ်းအနား

၂၀၁၂-၆-၂
ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် ခေတ်ပြိုင် မြန်မာကဗျာစာတမ်းဖတ်ပွဲ ကဗျာရွတ်ဆိုခြင်းပွဲကို ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁ရက်နေ့တွင် ဗိုလ်တထောင်မြို့နယ်။ ဗိုလ်အောင်ကျော်( အောက်) Home House of Media & Entertainment ခမ်းမမှာ နေ့လည် ၁၂း၀၀ နာရီမှ ၃း၀၀ ထိ ၈၈-ကျောင်းသားခေါင်းဆောင်မျာြး
ဖစ်သော ကိုမင်းကိုနိုင်၊ကိုဂျင်မီတို့နှင့် စာတမ်းရှင်များဖြစ်သော ကဗျာဆရာမိုးဇော်၊ ဆရာမင်းခက်ရဲ၊ ဆရာမောင်လင်းရိပ်၊ ဆရာသူရနီ၊ ဆရာ A မွန်၊ Myamar Youth Poet (MYP) တို့၏ ဆွေးနွေးချက်၊ရွတ်ဆိုပွဲများကို ဧည့်ပရိသတ် (၁၀၀)ကျော်နှင့် ကျင်းပနိုင်ခဲ့ပါတယ်။ ကဗျာဆရာများနှင့် ၈၈-ကျောင်းသားများကတော့ အားလုံးသောကဗျာဆရာတွေကို ကဗျာဆရာတွေ အကြောက်တရားဖယ်ပြီး ပြည်သူအတွက်ရှေ့ထွက်ပေးကြပါလို့လည်း ဖိတ်ခေါ်ရင်းကြွေးကြော်လိုက်ကြောင်း သိရှိရပါသည်။

Friday, June 22, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရရှိသောဆုတံဆိပ်များ

Thursday, June 21, 2012

စမ်းချောင်းNLD၏ ပညာရေး အလှူ

2012-6-21
စမ်းချောင်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဖွင့်လှစ်ထားသည့် ဆန်းမေတ္တာ ပညာဒါန သင်တန်းကျောင်းမှ ဆရာ၊ ဆရာမများ ဦးစီး၍ အဖွဲ့ဝင် လူငယ်များ နှင့် စမ်းချောင်းမြို့နယ် ဒီလှိုင်းဂျာနယ် ဖြန့်ချီရေးတာဝန်ခံ လူငယ်များ စုပေါင်းပြီး ၂၀၁၂ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် စမ်းချောင်းမြို့နယ်အတွင်းရှိ အ.မ.က (၃)၊ (၄)၊ (၇) ကျောင်းများရှိ ကျောင်းသား/သူများအား ကျောင်းသုံးဗလာစာအုပ်များ ဒါဇင် ၁၃၀ ကျော် သွားရောက်လှူဒါန်းခဲ့ပါသည်။

Wednesday, June 20, 2012

GENDER & SOCIETY ကျား-မ ဖြစ်ခြင်းအခန်းကဏ္ဍနှင့် လူမှုအဖွဲ့အစည်းဖိုရမ်


ရန်ကုန်မြို့တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် လူထုခေါင်းဆောင် ဒီချုပ် ဒေါ်အောင်ဆန်း စုကြည်၏ မွေးနေ့ဖြစ်သော၁၉၀၆-၂၀၁၂ နေ့၌ နိုင်ငံရေးအကျဉ်းသားဟောင်း မဇင်မာအောင်                 နှင့်မခင်လေးတို့ဦးဆောင်၍ ဟောပြောပွဲများ၊မှတ်တမ်းရုပ်ရှင်များ၊စာတမ်းဖတ်ပွဲများကိုဖတ်ရှု 
နားထောင် ကြည့်ရှုခြင်းဖြင့် လူထုခေါင်းဆောင် ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ၆၇-နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်ပြုလုပ်ခဲ့သည်ဟုသိရှိရသည်။

NLD-BG ပညာဒါနကျောင်းမှ စုပေါင်းသွေးလှူဒါန်းပွဲပြုလုပ်


၂၀၁၂-၆-၂၀
NLD-BG အသက်ကယ်သွေးအကူအညီပေးရေးနှင့် အသိပညာ၊အတတ်ပညာ၊အသက်မွေး
ဝမ်းကျောင်း ပညာ အခမဲ့သင်ကြားပေးရေးမှ စေတနာ့ဝန်ထမ်းများဦးဆောင်ပြီးဝေဠုဝန်
စာသင်တိုက်၊ ဘုန်းတော်ကြီး သင်ပညာရေးပရဟိတကျောင်း၊ကျောက်တန်းရွာ၊ပဲခူးမြို့နယ်
နှင့်ပူးပေါင်းပြီး အမေအောင်ဆန်း စုကြည့် ၏ (၆၇) နှစ်မြောက်မွေးနေ့မှာ ရန်ကုန်ပြည်သူ
့ဆေးရုံကြီး၊ ဗဟို အမျိုးသား သွေးလှူဘဏ်တွင် သွေးအလုံး (၈၆) လုံး၊ NLD-BG နှင့် 

Tuesday, June 19, 2012

ရဝေနွယ်(အင်းမ) မွေးနေ့အလှူမြတ်ဒါန


၂၀၁၂-၆-၁၉
          အရှင်ရာဇိန္ဒ (ရဝေနွယ် - အင်းမ) ဆရာတော်၏ (၄၃)နှစ်ပြည့်မွေးနေ့ သိက္ခာထပ်မင်္ဂလာ အခမ်းအနားအား ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်ရှိ ဓမ္မရဝေတောရကျောင်းတိုက်တွင်
 နံနက် (၉း၃ဝ) နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ရာ မွေးနေ့ သိက္ခာထပ်မင်္ဂလာအဖြစ် အလှူငွေ (၄၃) သိန်းကျပ် တိတိအား နာရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများအား စဉ်ဆက်မပျက် အများပြည်သူ တို့အား ပေးဆပ်လျှက်ရှိသော နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ သဒ္ဒါတရားကြည်လင်စွာ ပေးအပ် လှူဒါန်းခဲ့ရာ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကိုဆောင်းဦးလှိုင် (တေးသံရှင်)နှင့် အလုပ်အမှုဆောင်  အဖွဲ့တို့မှ လက်ခံရယူပြီး ဆရာတော်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ချီးမြှင့်ပေးအပ်ခဲ့သည်။

Monday, June 18, 2012

NLD-BG ကျောင်းတွင် မွေးနေ့အလှူ


မြန်မာနိုင်ငံအမျိုးသမီးများနေ့ 

 2012-6-19
ကျမပြည်ပ မှာနေခဲ့တဲ့ ရှစ်နှစ်လုံး နီးပါး မြန်မာနိုင်ငံအမျိုးသမီးများနေ့ ကို အခက်အခဲကြားက ပါဝင်ဆောင်ရွက်ခဲ့တယ် ပြည်ပ မှာဘာခက်လို့ လဲ မေးရင် ပိုခက်ပါတယ် အမြင်မကျယ်သူကြားမှာ သတိကြီးစွာနဲ့ ပဲပေါ့ -- ခုလည်း ကျမ ယုံ ကြည်ချက်ကို သစ္စာရှိစွာအလုပ်များတဲ့ကြားက ဖြစ်အောင် ကြိုးစားခဲ့ပါတယ် ၀ိုင်းဝန်းရပ်တည်တဲ့ သူငယ်ချင်းရဲဘော် ညီမလေး မြတ်သန္တာစိုး ကိုတင်အောင် ထွန်းထွန်းနိုင် (အင်းစိန်) ဦးခင်မောင်ဌေးနဲ့  ရဲဘော်ညီမလေး လေးလေးမွန် ။ရဲဘော်ဇင်မာအောင် ။ ၊အန်ကယ်(လ်) ဦးချိုအောင်သန်း နဲ့ ကြွရောက်လာကြတဲ့ ရဲဘော်မိတ်ဆွေများကို အများကြီးပဲကျေးဇူးတင်ပါတယ် ။။ မြန်မာအမျိုးသမီးကောင်း တစ်ယောက် ကို စံပြုတဲ့ မြန်မာနိုင်ငံ အမျိုးသမီးများနေ့  ကို မုဒိတာပွါး ကျင်းပသွားနိုင်ကြပါစေ။။

တည်ကြည်လေးစားစွာ
အိရွှေစင်ညွန့်  နှင့် အခမ်းအနားကျင်းပသူများ

ရခိုင်ဒေသကယ်ဆယ်ရေး ပထမခြေလှမ်း


ရန်ကုန်တက္ကသိုလ်ကျောင်းသားလှုပ်ရှားမှု ငွေရတုအကြိုအခမ်းအနာ


၂၀၁၂-၆-၁၈  မေမေ့သား(လူထုအော်သံ)
၁၉၈၈ (ဂျွန်) ရန်ကုန်တက္ကသိုလ် ကျောင်းသားလူပ်ရှားမူ အခမ်းအနားကို တော်ဝင်နှင်းဆီခန်းမတွင် ၁၇.၆.၂၀၁၂ ရက်နေ့နံနက် ၁၀း၀၀ နာရီမှ ၁၂း၀၀ နာရီထိကျင်းပပြုလုပ်ခဲ့ကြပါသည်။
 ၎င်းအခမ်းအနားတွင် ကိုမင်းကိုနိုင်၊ ကိုဆန်နီ၊ ကိုထွားကြီး စသည့် ၈၈ မျိုးဆက်ကျောင်းသားများမှ အမှတ်တရ စကားပြောဆိုခဲ့ပြီး ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဖြစ်မြောက်ရေးကော်မတီ) အဖွဲ့ဝင် များလည်းတက်ရောက်ကာ ကျောင်းသားအဖွဲ့အစည်းများမှပေးပို့သော သ၀ဏ်လွှာများကို ဖတ်ကြား ခဲ့ပါသည်။