Showing posts with label ကမ္ဘာ့သတင်း. Show all posts
Showing posts with label ကမ္ဘာ့သတင်း. Show all posts
Thursday, July 21, 2011
တောင်တရုတ်ပင်လယ် ပြဿနာ အာဆီယံနဲ့ တရုတ် သဘောတူ ညီမှုရရှိ
Myanmar  Foreign Minister U Wunna Maung Lwin (L) shakes hands with Chinese Foreign Minister Yang Jiechi.
အင်ဒိုနီးရှားနိုင်ငံရဲ့ ဘာလီကျွန်းမှာ ကျင်းပနေတဲ့ အာဆီယံ( ASEAN ) နှစ်ပတ်လည် ညီလာခံ ထိပ်သီး အစည်းအဝေးမှာ  အင်ဒိုနီးရှားနိုင်ငံ တောင်တရုတ်ပင်လယ်ထဲက အငြင်းပွားနေတဲ့ ပြဿနာတွေ
ဖြေရှင်းဖို့ လုပ်ငန်းစဉ်အတွက် လမ်းညွှန် ချက်တခု ပေါ်လာတဲ့အထိ ဆောင်ရွက်ဖို့ သဘောတူညီ ခဲ့ကြပြီလို့ အာဆီယံ အဖွဲ့ကြီးက ပြောဆိုလိုက် ပါတယ်။ ဒီနေ့  ကြာသပတေးနေ့မှာ သက်ဆိုင်ရာနိုင်ငံတွေရဲ့ နိုင်ငံခြား 
ရေးဝန်ကြီးတွေက အခြေခံအားဖြင့် သဘောတူညီချက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။
၂၀၀၂ ခုနှစ်မှာ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတဲ့ ဒီလမ်းညွှန်ချက်က တောင်တရုတ်ပင်လယ်ပြဿနာ 
ကို ဖြေရှင်းဖို့ ကူညီလိမ့်မယ်လို့ ဗီယက်နမ်စေ့စပ်ညှိနှိုင်းရေးမှူး ဖမ်ကွမ်ဗင်း (Pham Quang Vinh) က ပြော ဆိုလိုက်ပါတယ်။ 
Friday, July 15, 2011
တောင်ဆူဒန် အသေးဆုံးနိုင်ငံလွတ်လပ်ရေး ကမ္ဘာ့ကအာရုံဆိုက်လာ
၇လပိုင်း ၉ ရက်နေ့  ကြမ်းတမ်းလှတဲ့ ပြည်တွင်းစစ်ကို ကျော်လွန်ပြီးခွဲတွက်ခဲ့တဲ့ နိုင်ငံငယ်လေးဖြစ်တဲ့တောင်
ပိုင်း ဆူဒန်နိုင်ငံဟာ အမျိုးမျိုးသော အခက်အခဲများ ငရဲမီးလိုပူလောင်လှတဲ့ ပြည်တွင်းစစ်မီး ဒုက္ခဆင်းရဲတွင်း မှ ပြည်သူများ လွတ်လပ်မှုကို နှစ်ပေါင်း ၂၀ ကျော် ကြံကြံခံလျှက် နောက်ဆုံးတော့ ခွဲတွက်ပြီး လွတ်လပ်ရေး ကို ရအောင်တိုက်ယူနိုင်ခဲ့တာကြောင့် ပြည်သူများ၏ မျက်နှာများမှာ အောင်မြင်မှုသရဖူကိုဆောင်းခဲ့သည့် ရွှင်ပြကြည်လင်နေသည့် ရုပ်သဏ္ဍန်ကို ဆောင်နေပါသည်။တဘက်တွင်လည်း တောင်ပိုင်း ဆူဒန်မြို့ တော်
ခူဟာတွန် (Khartoum)တွင် ရေနံတွင်း အများအပြားပိုင်ဆိုင်ပြီး မြောက်ပိုင်းဆူဒန်က တောင်လွတ်လပ်ရေး ရရှိခဲ့မှုအပေါ် စိတ်ထိခိုက်မှုများရှိနေသည်။
လွတ်လပ်ရေးအောင်ပွဲ အခန်းအနားကို မြို့ တော်သစ် ဂျူးဘာ (Juba)ရှိ သကျိုင်္င်းကုန်းမြေ ပြည်တွင်းစစ် တွင်း ကျဆုံးခဲ့သည့် တောင်ပိုင်းခေါင်းဆောင်၏ အုပ်ဂူဝန်းကျင်တွင် ကျင်းပလျှက်ရှိသည်။လူပေါင်း ၁၀ သောင်းကျော်တက်ရောက်နေပြီး သဲသောင်ပြင်တွင် ပြုလုပ်လျှက်ရှိသည်။နိုင်ငံသစ်ရဲ့  အလံတော်ကို လွှင့်ထူရင်း သမတသစ် Salva Rudi Kiel Maya က ရွေးချယ်တင်မြောက်ခြင်းခံခဲ့ရပြီးလွတ်လပ်ရေး၏
အောင်ပန်းသည် မည်သည့်အရာနှင့်မျှမတူသော စိတ်လှုပ်ရှားမှုဖြစ်ခဲ့ရသည်ဟု သိရှိရသည်။
ပြည်တွင်းစစ်အတွင်း မွေးဖွာခဲ့သော တော်လှန်ရေး၏ ကျောင်းသား Abraham's monitor Jock (20)နှစ် သည် ၅နှစ်သားအရွယ်တွင် မိဘများဖြင့်ကွဲကွာခဲ့ရပြီး ၁၀နှစ်တိုင်တိုင် ဒုက္ခသည်ဘ၀နှင့် နေထိုင်ခဲ့ရကာ
တောင်ပိုင် ဆူဒန် ပြည်သူ့ လွတ်မြောက်ရေးတပ်(SPLA)၏ တပ်သားဖြစ်သည့် ဖခင်သည် ပြည်တွင်းစစ်
ကြောင့် သေဆုံးခဲ့ရသည်။ လည်းကောင်းက (ဖြစ်ပြီးသော အတိတ်ကိုမေ့ဖြစ်လိုက်ပါတော့)အနာဂတ်ကိုသာ အားလုံးအတူ လျှောက်လမ်းကြရအောင်လို့  ပြောကြားခဲ့ပါတယ်။
တောင်ပိုင်း ဆူဒန် လွတ်လပ်ရေးနှင့်ပါတ်သက်ပြီး ဆူဒန်နိုင်ငံပိုင်မြေ၏ လေးပုံတပုံကိုစွန့် လွှတ်ခဲ့ရပြီး သေး
ငယ်လှတဲ့မြေကို လွတ်လပ်ရေးပေးခဲ့ရသည့်အတွက် တိုင်းပြည်မတည်ငြိမ်မှုများကြီးထွားလာနိုင်သည်။
ခူဟာတွန် (Khartoum)တွင် ဘာရှာ (Bashir)သမတ၏ ရုပ်ပုံကိုရေးဆွဲပြီး နိုင်ငံသစ် ဆူဒန်၏ တာထွက်ကို ဆုတောင်းမေတ္တာပေးပြီး စီတန်းလှည့်လှယ်ပွဲ ပြုလုပ်ခဲ့ကြသည်။ သဘာဝရေနံတွင်း ၈%လောက်ပိုင်ဆိုင် သည့် တောင်ပိုင်းဆူဒန် ခွဲထွက်ပြီး လွတ်လပ်ရေးပေးခဲ့ရသည့်အတွက် ဆူဒန်၏အနာဂတ်သည် ရင်လေးစ ရာဖြစ်သည်။ တိုင်းပြည်ပျက်တယ်ဆိုတာ သေးငယ်တဲ့အောင်မြင်မှုကနေစတင်တယ်ဆိုတာ သက်သေပြနေ ပါတယ်။ရည်မှန်းချက်ကို ဘယ်တော့မှမစွန့် လွှတ်ကြပါနဲ့  လမ်းစတခု ပေါ်လာပါလိမ့်မယ်။
Wednesday, July 13, 2011
အမေရိကန်ထုတ် ဖိုက်တာ (Fighter F35) တိုက်လေယဉ်သစ်
 F35
၂၀၁၁-၇-၁၃
အမေရိကန်ထုတ် ဖိုက်တာ လေယဉ်(Fighter X) တိုက်လေယဉ်သစ်နှင့်ပါတ်သက်ပြီး အမေရိကန် ရိပါပလေကင် (Republican)ပါတီ အထက်လွှတ်တော်အမတ် မက်ကိန်း (McCain's)က အနာဂတ်တွင် ခေတ်မှီလေယဉ်များ stealth fighter F35ကို  ၂၈ လုံးထုတ်လုပ်ရန်စီစဉ်နေပြီး ကုန်ကျစရိတ် စုစုပေါင်းခန့် မှန်းချက်သည်။ သန်းပေါင်း ၇၇၁ ဒေါ်လာ(771 million U.S.)ကုန်ကျနိုင်သည် ဟုဆိုပြီး အံ့သြတကြီးပြောကြားခဲ့သည်။
stealth fighter F35သည် ပြီးစီးမည့်အချိန်ထက် နောက်ကျနိုင်သည့် အခြေအနေတွင်ရှိနေသောကြောင့် 
ဂျပန်အစိုးရက တောင်းဆိုထားသည့် ၂၀၁၇ ခုနှစ် ၃လပိုင်းကို ခန့် မှန်းထားသောလည်း စစ်တိုက်ခိုက်ရန်နှင့် အလွယ်တကူ ကယ်ဆယ်ရေးများလုပ်နိုင်သော ၂မျိုးစလုံးအသုံးပြုနိုင်သည့် လေယဉ်ဖြစ်သည့်အတွက် အကယ်၍ ကုန်ကျစရိတ် သည့်ထက်ပိုကြီးမြင့်လာလျှင် ဒီနစ်ကုန်ပိုင်းတွင် ထုတ်လုပ်မည့် FX အတွက်လည်း
နောက်ကျမှုက ဆက်နွယ်နိုင်သည်။ ပို၍ကုန်ကျစရိတ်မြင့်တက်လာပါက အမေရိကန်လွှတ်တော်တွင် ဆွေး
နွေးရမည့်သဘော ရှိလာနိုင်သည်။
အမေရိကန်အစိုးရအနေဖြင့် နောက်လာမည့် အနှစ်၂၀ အတွင်း F35ကို ၂၄၄၃ စီးထုတ်လုပ်ရန် စီစဉ်ထားပြီး
ထုတ်လုပ်ရန်ကုန်ကျငွေကို သန်းပေါင်း ၃၈၂၀ ဒေါ်လာထက်ပိုကုန်ကျနိုင်ဖွယ်ရှိသည်ဟု ခန့် မှန်းထားသည်။
Sunday, July 10, 2011
တရုတ်ပြည်မှ ၀ယ်ယူလာသည့် မြန်မာစစ်ယာဉ်တန်း ဗုံးခွဲခံရ
Burma Freedom
7:51pm Jul 9 တရုတ်ပြည်မှ ၀ယ်ယူလာသည့် မြန်မာစစ်ယာဉ်တန်း ဗုံးခွဲခံရ။ စနေနေ့၊ ဂျူလိုင်လ 09 ရက် 2011 ခုနှစ် သျှမ်းသံတော်ဆင့် သတင်း - သျှမ်းသံတော်ဆင့်သတင်း မြန်မာစစ်တပ်အသုံးပြုရန်တရုတ် နိုင်ငံမှဝယ်ယူလာ သည့် စစ်ထရပ်ကားအစီး ၁၀၀ ကျော်ပါစစ်ယာဉ် တန်း သည် ယနေ့ နံနက် ၅ နာရီခွဲခန့်က မူစယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုံအလွန် နမ့်ပေါ့တံတား အနီးတွင် ဗုံးခွဲတိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း တရုတ်နယ်စပ် ကျယ်ဂေါင်မြို့မှ မူစယ်မြို့သို့ မောင်းနှင်သယ်ယူလာသည့် SINO truck အမျိုးအစား ၆ ဘီးတပ် စစ်ထရပ်ကားအသစ်များဖြစ်ပြီး အဆိုပါကားများ မူစယ်မှမန္တလေးဘက် သို့ထွက်ခွာ လာရာ ဗုံးနှစ်လုံး ၁၅ မိနစ်စီခြား၍ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
“လုံခြုံရေးထူထူထပ်ထပ်ချထားတဲ့ ကြားက ဗုံး၂ လုံး ၁၅ မိနစ်လောက်စီခြားပြီး ကွဲတာ ကားတစ်စီးထိသွား တယ် လူလည်း ထိခိုက်မှုရှိတယ် အဖွဲ့တစ်ဖွဲ့ဖွဲ့ရဲ့လက်ချက်ဖြစ်မယ် ” ဟုစစ်ဘက်နှင့်နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။ယနေ့မနက်ပိုင်းတွင် တာလုံနဲ့မော့တောင်းရွာ အကြား ဗုံးပေါက်ကွဲသံကြား ရကြောင်း ဒေသခံတစ်ဦးကလည်း ပြောသည်။ယခုရက်ပိုင်းအတွင်း မူစယ်မန္တလေးလမ်းပေါ်တွင် မြန်မာစစ်
ယာဉ်တန်း ဗုံးခွဲတိုက်ခိုက်ခံရမှု အနည်းဆုံး ၂ ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး ဂျွန်လ ၃၀ ရက်နေ့က တရုတ်ပြည်မှ
ပြန်လာသည့် ကွတ်ခိုင်မြို့ အခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးကျော်သူ လိုက်ပါလာသည့် စစ်ယာဉ်တန်း ဗုံးခွဲတိုက်ခိုက်ခံခဲ့ရသေးကြောင်း သိရသည်။
Saturday, July 9, 2011
ထိုင်ဝန်ကြီးချုပ်အသစ် ဒေါ်အောင်ဆန်းစုကြည်နဲ့ 
မြန်မာ့လူ့အခွင့်အရေးကိစ္စ ထောက်ခံမည်
 ၂၀၁၁-၇-၉   RFA
ထိုင်းနိုင်ငံမှာ ၀န်ကြီးချုပ်ဖြစ်လာတော့မယ့် ဖွေထိုင်းပါတီ (Pheu Thai) ရဲ့ ခေါင်းဆောင် ယင်းလပ် ရှင်နာဝပ် (YinLuck Shinawatra) က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီရေးကြိုးပမ်းရပ်တည်နေမှုတွေကိုအင်မတန်အားကျ လေးစားမိတယ်လို့ ပြောလိုက်သလို မြန်မာ
နိုင်ငံရဲ့ လူ့အခွင့်အရေးကိစ္စတွေအပေါ် သူ့အစိုးရအဖွဲ့ကအားပေး ထောက်ခံသွားမယ်လို့ ပြောလိုက်ပါတယ်။ ဒီကနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းပွဲမှာ ယင်းလပ် ရှင်နာဝပ် က အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ 
Tuesday, July 5, 2011
ထိုင်းရွေးကောက်ပွဲတွင် ၀န်ကြီးချုပ်ဟောင်း တပ်ခ်ဆင်၏ ပါတီက အနိုင်ရ
၂၀၁၁-၇-၅
ထိုင်းရွေးကောက်ပွဲတွင် ၀န်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ရဲ့ ညီမဖြစ်သူ ယင်လပ် ရှင်နာဝပ် (Yingluck Shinawatra) က အနိုင်ရလိုက်ပြီးဖြစ်ပါတယ်။ သူမ၏  ဖွေထိုင်းပါတီ (Pheu Thai)ထောက်ပံ့ကူညီရေးပါတီဟာ အနိုင်ရခဲ့ပြီး ထိုင်ရဲ့  အမျိုးသမီး ၀န်ကြီးချုပ်ဖြစ်လာမှာဖြစ်ပါတယ်။
၂၀၀၇နှစ်က တပ်ခ်ဆင်၏ ပါတီနဲ့  အစိုးရကိုထောက်ခံသူများအကြား ပဋိပက္ခတွေဖြစ်ပွားပြီး ပြစ်ခတ်မှုများ
ပေါ်ပေါက်ခဲ့ကြပါတယ်။ တပ်ခ်ဆင်ပါတီက အနိုင်ရခဲ့သော်လည်း ၀န်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ်နှင့် ပါတ်သက်ပြီး နိုင်ငံရေးဟာ ရှုပ်ထွေးလာစရာတွေရှိနေပြီး ထိုင်းနိုင်ငံရဲ့  နိုင်ငံရေးသမိုင်းတွင် မိသားစုနှင့်ပါတ်သက်ပြီး နိုင်ငံရေးရင်ဆိုင်လာရဖွယ်ရှိပါသည်။ထိုင်းနိုင်ငံဟာ လွန်ခဲ့သည့် ၁၀ နှစ်အတွင်း တပ်ခ်ဆင် ၀န်ကြီးချုပ်ဖြစ်လာသည့် အချိန်မှစ၍ နိုင်ငံရေး စီးပွားရေး  ပြောင်းလဲလာခဲ့တာတွေ ရဲဌာနထွက်
တဦးဖြစ်ပြီး စီးပွားရေးလောကမှာလည်း နာမည်ကြီးသူ တဦးဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်မှာ တစ်နှစ်ထဲနဲ့  ၀န်ကြီးချုပ်ဖြစ်လာပြီး စီးပွားရေးဟာ နှစ်စဉ် ၄ မှ ၆ ရာခိုင်နှုန်းအထိ ထိုးတက်ခဲ့ပါတယ်။ အစိုးရဟာ ညွန့် ပေါင်းအစိုးရအဖြစ် ၄နှစ်သက်တမ်း ကုန်အောင်ထမ်းဆောင်ခဲ့ပြီး နိုင်ငံတော်ဖခင်ကြီး ထိုင်းဘုရင်ကြီး၏ ကျမ်းမာရေး ဆိုးဝါးလာနေချိန် တပ်ခ်ဆင်က လူကြိုက်များလာခဲ့ရာ ၂၀၀၅ ခုနှစ် ရွေးကောက်ပွဲတွင် တပါတီ ထဲက မဲအများဆုံးနဲ့ အနိုင်ရခဲ့ပါတယ်။၂၀၀၆ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ထွက်ပြေးတိမ်း
ရှောင်နေခဲ့ပါတယ်။
Monday, July 4, 2011
မော်ရိုကို(Morocco)နိုင်ငံ ဘုရင်စနစ်မှ ဒီမိုကရေစီစနစ်သို့  ငြိမ်းချမ်းစွာဖြင့် ပြောင်းလဲ
၂၀၁၁-၇-၎
 ဘုရင်စနစ်ကို ကျင့်သုံးသော မော်ရိုကို(Morocco)နိုင်ငံ မြို့ တော် ရဘစ်(Rabat)တွင် ဘုရင် မိုဟာမက် (King Mohamed)က အခြေခံဥပဒေကို ဒီမိုကရေစီနည်းအရ ပြုပြင်ပြောင်းလဲဖို့  တိုက်တွန်းခဲ့ပြီး ဘုရင် လုပ်ပိုင်ခွင့်များအနက် တချို့ ကို ၀န်ကြီးချုပ်နှင့်အစည်းအဝေးများသို့  တာဝန်လွဲပြောင်းပေးရန် အချက်များပါဝင်ပြီး အခြေခံများလည်း ပြည်သူ့ ဆန္ဒနှင့်အညီပြင်ဆင်ရန် လွှတ်တော်တွင် ၉၈% ထောက်ခံခဲ့ကြပြီး ၂၀၁၁-၇-၃ရက်နေ့ တွင် ပြည်သု့ ဆန္ဒခံယူပွဲ ကျင်းပပြု လုပ်ခဲ့ရာ ပြည်သူများက
၇၂.၆၅% ထောက်ခံမဲပေးခဲ့ကြသည်။
အရှေ့ အလယ်ပိုင်းဒေသ မြောက်အာဖရိကတွင် ဒီမိုကရေစီတောင်းဆိုမှုများကြောင့် အစိုးရနှင့်ပြည်သူ ဆန္ဒပြမှု များဖြစ်ပေါ်ပြီး ထိခိုက်သေဆုံးခြင်းများရှိနေသော်လည်း မော်ရိုကိုဘုရင်၏ ဦးဆောင်ညွှန်ကြားမှုဖြင့် ဒီမိုကရေစီ၏ အဓိကကျသော အခြေခံဥပဒေစိုးမိုးရေးကို ညှင်သာစွာဖြင့် ပြုပြင်ပြောင်းလဲနိုင်ခဲ့သည်။
အနောက်နိုင်ငံများက မော်ရိုကို ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးသည် ငြိမ်းချမ်းစွာဖြင့် အောင်မြင်ခဲ့သော
ကြောင့် ထုတ်ပြန်ချက်များဖြင့် ကြိုဆိုထောက်ခံကြသည်။
တူရကီအစိုးရက လစ်ဗျားအတိုက်အခံသည် အလားအလာရှိသော ပြည်သူ့ ကောင်စီဟုပြောကြား ကာ US သန်း ၂၀၀ ကူညီမည်။
၂၀၁၁-၇-၎
တူရကီ နိုငံခြားရေးဝန်ကြီးက ဒီမိုကရေစီ အတိုက်အခံအင်အားစု အဖွဲ့ အစည်းများအား US ၂၀၀ သန်းကူညီ မည် ဟုပြောကြားလိုက်ပါသည်။ Ahmet Davutoglu တူရကီ နိုငံခြားရေးဝန်ကြီးသည် အတိုက်အခံတို့  အုပ်ချုပ်ထား
သောBenghazi မြို့ သို့  အလည်အပါတ် ရောက်ရှိနေပြီး အတိုက်အခံ ပြည်သူ့ ကောင်စီကို အားပေးစာကား
ပြောကြားခဲ့ပြီး  Abdul Luxury Le ကောင်စီဥက္ကဌနှင့် တွေ့ ဆုံခဲ့သည်။ ပြည်သူ့ ကောင်စီနှင့် တွေ့ ဆုံ ပြီး
Ahmet Davutoglu တူရကီ နိုငံခြားရေးဝန်ကြီးက သတင်းထောက်များနှင့်တွေ့ ဆုံရာတွင်လစ်ဗျားပြည်သူ့ 
ကောင်စီသည်အမှန်တ ကယ် ပြည်သူများကို ကိုယ်စားပြုမည်ဟု ပြောဆိုခဲ့ပြီး US သန်း ၂၀၀ကူညီရန်
ဂတိပြုခဲ့သည်။
တူရကီသည် လစ်ဗျားနှင့် မူဆလင် ဘာသာအရ တူညီပြီး NATO တပ်များဝင်ရောက်လာမှုကို အတိုက်အခံ
များက ထောက်ခံကြပြီး တူရကီအစိုးရ၏ ပံ့ပိုးကူညီမှုသည် လစ်ဗျားအနေဖြင့် ရှုံးနှိမ့်စရာ အကြောင်းအရင်း
များဖြစ်လာနိုင်ဖွယ်ရှိသည်။ တူရကီအစိုးရ၏ ပံ့ပိုးကူညီမှုသည် ပြီခဲ့သည့် ၆လပိုင်းတွင် US သန်း ၁၀၀ ပေးအပ်ခဲ့သည်။
Sunday, July 3, 2011
ဖိလိပိုင် နိုင်ငံခြားရေးဝန်ကြီးက လာမဲ့ ၁၀ နှစ်အတွင်း နိုင်ငံရေးအကျဉ်သား ၂၀၀၀ ကျော်ကို အားလုံးလွှတ်ပေး ပို့  တောင်းဆိုလိုက်ပါတယ်။
မြန်မာစစ်အစိုးရ၏ ရုဒ်မက်ဟာ ဒီမိုကရေးစီရရှိရေးအတွက်  ပြည့်စုံလုံလောက်မှုမရှိသေးကြောင်း ပြီခဲ့တဲ့နှစ်
ဒေါ်အောင်ဆန်းစုကြည်ရဲ့  ပြောဆိုချက်တွေမှာ ထင်ရှားနေပြီး အာဆီယံ နိုင်ငံများအနေနဲ့  ကူညီဆောင်ရွက် သင့်ကြောင်း တိုက်တွန်းထားပါတယ်။
ကျွန်တော်တို့ တတွေဟာ မြန်မာမာနိုင်ငံအရေးနှင့်ပါတ်သက်ပြီး ဆောင်ရွက်ပေးရမှာပါ။ ဒီမိုကရေးစီရုဒ်မက် နဲ့  ပါတ်သက်ပြီး ပြောဆိုဖို့ ပြောဆိုရန်အရေးကြီးတယ်လို့  သတင်းထောက်များ ညစာစားပွဲမှာပြောကြား သွားတာ ဖြစ်ပါတယ်။ 
သူ့ အနေနဲ့  နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရမယ်။ ဒီမိုကရေးစီရုဒ်မက်ကိုအကောင်အထည်ဖေါ်ပြီး
ပြီ။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး။ ရွှေးကောက်ပွဲလည်းကျင်ပပေးပြီးပြီ ဆိုလို့ တော့မရပါဘူး။
ပြီးခဲ့တဲ့နှစ် ၁၁ လပိုင်းကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ ဗမာနိုင်ငံမှာ အနှစ် ၂၀အတွင်း ပထမဆုံး ရွေးကောက်ပွဲဖြစ်ပြီး မဲမထဲ့ပဲနေကြသူများ အများအပြားကျန်ရှိနေပြီး လည်းကောင်တို့ သည် NLD ကိုထောက်ခံသူများဖြစ်ကြသည်။  မဲအများဆုံးရရှိသူကတော့ စစ်အစိုးရ၏ အဖွဲ့ ဝင်တွေဖြစ်တယ်လို့  ဝေဖန်ပြောဆိုနေကြပါတယ်။ ဖိလပိုင် အစိုးရအနေဖြင့် စစ်အစိုးရ၏ ရုဒ်မက်အောက်တွင် အကောင်အထည်ဖေါ်ဆောင်ရေး ကတိဂ၀တ်များကို ဆောင်ရွက်ရာမှာ 
အာဆီယံရဲ့  အလုံးစုံလုပ်ငန်းအဖြစ် အလျှင်အမြန်ဆောင်ရွက်နိုင်ဖို့  မလွယ်လှဘူး လို့ ဆိုပါတယ်။ 
အာဆီယံ ပဋိညာဉ် မူအရ အဓိကအချက်ထဲမှာမပါဝင်ဘူးလို့  ထင်မြင်ပါတယ်။ ဗမာနိုင်ငံ ပြည်သူတွေရဲ့ 
အခြေအနေနဲ့  စစ်အစိုးရရဲ့ လူသားအခွင့်အရေး ချိုးဖေါက်မှုကြောင့် စီပွားရေးပိတ်ဆို့ မှုအတွက်  အနောက်
နိုင်ငံတွေ နဲ့  သဘောတူညီမှုရရှိထားသည့် အနေအထားမှာဘဲရှိပါသေးတယ်။
နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်တောင်းဆိုနေပါတယ်။
Sunday, June 26, 2011
ဂျပန်နိုင်ငံမှ စူပါကွန်ပျူတာ ကမ္ဘာ့အမြန်ဆုံးဖြစ်လာ
၂၀၁၁-၆-၂၆
Kဟု အမည်ပေးထားသော စူပါကွန်ပျူတာကို Fujitsu ကုမ္ပဏီက ပိုင်ဆိုင်ထားပြီး ယင်းသည် သာမန် Desktop ကွန်ပျူတာ အလုံးရေ (၁)သန်း၏ စုပေါင်းချိတ်ဆက်ထားသော စွမ်းဆောင်မှုမျိုးရှိပြီး ဂျပန်နိုင်ငံရှိ စူပါကွန်ပျူတာ တစ်လုံးသည် ယခုအခါ ကမ္ဘာ့အမြန်ဆုံး ကွန်ပျူတာအဖြစ် ရပ်တည်နိုင်လာပြီဖြစ်သည်။ Kဟု အမည်ပေးထားသော စူပါကွန်ပျူတာကို Fujitsu ကုမ္ပဏီက ပိုင်ဆိုင်ထားပြီး ယင်းသည် သာမန် Desktop ကွန်ပျူတာ အလုံးရေ (၁)သန်း၏ စုပေါင်းချိတ်ဆက်ထားသော စွမ်းဆောင်မှုမျိုး ရှိနေကြောင်း သိရသည်။ Kသည် တရုတ်နိုင်ငံမှ စူပါကွန်ပျူတာ တစ်လုံး၏ (၆)လကြာ ကမ္ဘာ့အမြန်ဆုံးအဖြစ် ကွန်ပျူတာအဖြစ် ရပ်တည်ခဲ့မှုကို ဖြတ်ကျော်နိုင်ခဲ့သည်။ ယင်းကွန်ပျူတာသည် တစ်စက္ကန့်လျင် (၈) ကွာဒရာလီယန် အရေအတွက်ထိ တွက်ချက်မှုများ ပြုလုပ်နိုင်သည်။
(၁ ကွာဒရာလီယန် = ၁၀၀၀၀၀၀၀၀၀၀၀၀၀၀၀) ကွန်ပျူတာ၏ မြန်နှုန်းယူနစ်မှာ (၈.၂) ပန်တာဖလော့ပ်ထိ ရှိကြောင်းလည်း သိရသည်။ တရုတ်သည် ယခုနှစ် အစောပိုင်းက Tianhe – 1A ကွန်ပျူတာဖြင့် ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပျူတာအဖြစ် ရပ်တည်နိုင်ခဲ့သေးသည်။ ကမ္ဘာပေါ်တွင် မြန်နှုန်း
အမြင့်ဆုံး စူပါကွန်ပျူတာ အများစုကိုမူ အမေရိကန်က ဆက်လက်ပိုင်ဆိုင်နေဆဲဖြစ်သည်။ အမြန်ဆုံးအဖြစ် စံချိန်တင်ထားသည့် ထိပ်ဆုံးကွန်ပျူတာ (၁၀)လုံးတွင် အမေရိကန် စူပါကွန်ပျူတာ (၄)လုံး ပါဝင်နေသည်။ ကျွမ်းကျင်သူများက Kကို ဆက်လက် အဆင့်မြှင့်တင်မှုများ ပြုလုပ်နေမည်ဖြစ်ပြီး ဒုတိယနေရာမှ ပြိုင်ဖက်ထက် (၅)ဆမျှ မြန်နှုန်းမြင့်နေအောင် စွမ်းဆောင်နိုင်အောင် လုပ်ဆောင်မည်ဟု ပြောကြားထားသည်။“အထင်ကြီးလောက်စရာ နည်းပညာ မြှင့်တင်မှုပါ။ သူဟာ တခြားကွန်ပျူတာတွေထက် အများကြီး ပိုပြီးတော့ မြန်နှုန်းမြင့်နေပါတယ်”ဟု ဂျပန်နိုင်ငံ၊ ကိုဘေးရှိ ကွန်ပျူတာ သိပ္ပံဌာနမှ ပါမောက္ခ ဂျက်ဒွန်
ဂါရာက ပြောကြားခဲ့သည်။ Kသည် ဆားကစ်လမ်းကြောင်း (၆၇၂)ခုဖြင့် ချိတ်ဆက်ထားသည့် Processorပေါင်း (၇၀၀၀၀)ကျော် ပါဝင်ဖွဲ့စည်းထားသည်။ Kအတွက် အသုံးပြုရသည့် လျှပ်စစ်စွမ်းအင် ပမာဏသည် လူနေအိမ် တစ်သောင်းကို ထောက်ပံ့ပေးနိုင်သည်။ Kကို မောင်းနှင်ထားရသည့်အတွက် တစ်နှစ်လျင် ကုန်ကျစရိတ် ပေါင်စတာလင် (၆)သန်းထိ ရှိကြောင်းလည်း သိရှိရသည်။
လစ်ဗျားနိုင်ငံ ကိုယ်စားပြု ဘောလုံးသမားများ အတိုက်အခံနှင့် ပူးပေါင်းလာ၍ ပြည်သူများကြိုဆို
၂၀၁၁-၆-၂၆
၂၅ ရက်နေ့  BBC သတင်းအရ လစ်ဗျားဘောလုံးအသင်း၏ ဘောလုံးသမားများနှင့်တာဝန်ရှိသူ ၁၇ ဦးသည် ကဒါဖီအစိုးရကိုကန့် ကွက်ရှုံ့ ချပြီး အတိုက်အခံအင်အားစုများကို ထောက်ခံမည်ဖြစ်ကြောင်း ပြောဆိုလိုက် သည်။
အစိုးရဆန့် ကျင်သူမှာ ဂိုးဖမ်းသမား Jumagutatto ဖြစ်ပြီး လည်းကောင်းနှင့်အတူ ဘောလုံးသမား ၄ ဦးပါအ ၀င် တိုလီပိုလီ နာမည်ကြီး ဘောလုံးအသင်း၏ နည်းပြလည်းပါသည်။ လည်းကောင်းတို့ သည် အတိုက်အခံတို့  ၏ သိမ်းပိုက်နယ်မြေ အနောက်ဘက်ဒေသတွင် ကဒါဖီးခေါင်းဆောင်အား ငါတို့ တတွေကို လွှတ်ထားလိုက်ပါတော့လို့  ပြောချင်ပါတယ်ဟုဆိုသည်။
ကုလသမဂ္ဂတပ်၏ လစ်ဗျားစစ်တပ်ဆိုင်ရာနေရာများကို အကြီးစားထုံးကျည်များဖြင့် ဖျက်ဆီးခဲ့ပြီးနောက်ပိုင်း ထိုးစစ်ကို ခံနေရသော ကဒါဖီးအစိုးရ၏ Ganemu ရေနံဝန်ကြီးနှင့် အစိုးရ၀န်ထမ်းများ စစ်သားများ တဖြေးဖြေးနှင့် ထွက်ပြေးခိုလုံးလာကြသူများအား ပြည်သူများမှဝမ်းပန်းတသာကြိုဆိုကြသည်။