Showing posts with label ဒေါ်အောင်ဆန်းစုကြည်သတင်း. Show all posts
Showing posts with label ဒေါ်အောင်ဆန်းစုကြည်သတင်း. Show all posts

Friday, June 22, 2012

မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့အလည်မှာ ထွန်းလင်းထောက်ပနေ


၂၀၁၂-၆-၂၁နေ့ တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံလွှတ်တော်
အတွင်းရှိ အစဉ်အလာကြီးမားသော ၀ဲစ်မင်တာ ဟော (Westminster Hall)တွင် အထက်လွှတ်
အောက်လွှတ်တော် အမတ်များနှင့် အစိုးရ၀န်ကြီးများ ဗြိတိန်နိုင်ငံရေးနှင့်ပါတီများတွင် သြဇာကြီးမား
သူများက ဒေါ်အောင်ဆန်းစုကြည်မိန့် ခွန်းကို လာရောက်အားပေးကြပြီး ၀မ်းပမ်းတသာ ကြိုဆို
ထောက်ခံခဲ့ကြသည်။
 ဒေါ်အောင်ဆန်းစုကြည်  မိန့်ခွန်းထဲမှာ ဗြိတိန် လူထုရဲ့အားပေး ထောက်ခံမှုတွေက မြန်မာနိုင်ငံရဲ့
ဒီမိုကရေစီလမ်းကြောင်းကို ပိုမိုရှေ့ ဆက်သွားစေနိုင်ခဲ့တယ်လို့  ပြောခဲ့ပါတယ်။

Thursday, June 21, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံ ၀န်ကြီးချုပ်နှင့် တွေ့ ဆုံ

၂၀၁၂-၆-၂၁ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံ ၀န်ကြီးချုပ် ဒေးဗစ် 
ကန်မရွန်( British Prime Minister David Cameron) နှင့် တွေ့ ဆုံခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်အား
 အားရ၀မ်းသာ ကြိုဆိုခဲ့ပြီး မြန်မာ့အရေးကို ပို၍ဆက်လက်အားပေးသွားမည်ဟု ပြောကြားခဲ့ပါသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံ အိမ်ရှေ့ မင်းသားနှင့်တွေ့ ဆုံ


၂၀၁၂-၆-၂၁ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံ အိမ်ရှေ့ မင်းသား 
ချားလ်နှင့် မိဖုရား ဂမီလာ ဒူချယ်စ်  (Britain's Prince Charles and Camilla Duchess )တို့  တွေ့ ဆုံ
ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်အား အားရ၀မ်းသာကြိုဆိုခဲ့ပြီး မြန်မာ့အရေးနှင့်ပါတ်သက်ပြီးအားပေး
ကြောင်း ပြောကြားခဲ့ပါသည်။


Thursday, April 19, 2012

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း လှုပ်ရှားမှုစတင်


18-4-2012 မြန်မာနှစ်ဆန်း ( ၂ )ရက်နေ့ ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( လမ်းမတော်မြို့နယ် ) မှ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အတွက် 

အလှူငွေ ( သုံးသိန်းကျပ် ) တိတိကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်
၏ လက်သို့ ပေးအပ် လှူဒါန်းခဲ့စဉ် ။

Thursday, April 12, 2012

ဒေါ်အောင်ဆန်းစုကြည် သတင်းထောက်များကို ညစာဖြင့်တည်ခင်းဧည့်ခံ

 
 မဲဆွယ်စည်းရုံးရေးခရီးစဉ် လမ်းကြောင်းတွေနောက် တစ်လျှောက်လုံးလိုက်ပါခဲ့ကြတဲ့ မြန်မာ သတင်းထောက်တချို့ကို ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ညနေ ၆ နာရီမှာ သူမရဲ့နေအိမ်ခြံဝင်း        ထဲကို ဖိတ်ကြားပြီး ညစာနဲ့ တည်ခင်းဧည့်ခံခဲ့ ပါတယ်။
ဒီပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက် ၁၉ ဦးကိုဖိတ်ကြားခဲ့ပါတယ်။

ဓာတ်ပုံ- NLD အဖွဲ့ဝင်တစ်ဦး။

Wednesday, April 11, 2012

သမ္မတကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ ဆုံ


နိုင်ငံတော်သမ္မတကြီးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဌ၊ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ်အသစ် ဒေါ်အောင်ဆန်းစုကြည်တို့ သည် ယနေ့ ဧပြီ ၁၁ရက်နံနက် ၁၁နာရီတွင် သမ္မတအိမ်တော်၌ ရင်းရင်းနှီးနှီးတွေ့ ဆုံခဲ့ ကြသည်။ တွေ့ ဆုံပွဲကို နံနက် ၁၂နာရီခွဲခန့် တွင်ရုပ်သိမ်းလိုက်ရာ တစ်နာရီခွဲခန့်   အကြာတွေ့ ဆုံစကားပြောခဲ့ကြခြင်းဖြစ်သည်။

နှစ်ဦးတည်း တွေ့ ဆုံ ဆွေးနွေးကြခြင်းဖြစ်ပြီး ဓာတ်ပုံမှတ်တမ်းတင်ခဲ့ခြင်းမရှိကြောင်း သိရှိရသည်။   ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတကြီး မိသားစုနှင့် ရင်းနှီးစွာ မိတ်ဆုံနေ့ လယ်စာသုံးဆောင်ခဲ့
ကြောင်း သတင်းရရှိသည်။ အဆိုပါတွေ့ ဆုံပွဲ နှင့်ပတ်သက်ပြီး အသေးစိတ် အချက်အလက်များ ကို လောလောဆယ် မသိရှိရသေးသော်လည်း ကြားဖြတ်ရွေးကောက်ပွဲအလွန် ဒေါ်အောင်ဆန်းစုကြည်        နှင့် အင်န်အယ်ဒီ ကိုယ်စားလှယ်များ လွှတ်တော်အမတ်များ အဖြစ်အသိအမှတ်ပြုခံရ အပြီးနှင့် တိုက်ဆိုင်နေသောကြောင့် နိုင်ငံရေးအရ ထူးခြားမှုရှိနိုင်မည့် တွေ့ ဆုံပွဲဖြစ်နိုင်ကြောင်း နိုင်ငံရေးသုံးသပ်       သူ အချို့ က သုံးသပ်ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်  ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်သမ္မတအိမ်တော်တွင် နိုင်ငံတော်သမ္မတ  ဦးသိန်းစိန်နှင့်ဇနီး၊သမီး၊ မြေးများနှင့်အတူ မိသားစုပုံစံ ရင်းနှီးစွာနေ့ လယ်စာ သုံးဆောင်အပြီး မွန်းလွဲ ၁နာရီ ၂၅မိနစ်တွင် အိမ်တော်မှ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သတင်း ရရှိပါသည်။ ရန်ကုန်တိုင်း

နေပြည်တော်သို့ သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တွေ့ရစဉ်။

  (Photo: AFP)
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရန် နေပြည်တော်သို့ သွားရောက်မည့် ဒေါ်အောင်ဆန်း စုကြည်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တွေ့ရစဉ်။

သမ္မတကြီး ဦးသိန်းစိန်နဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်မှာ
ယနေ့ နံနက်ပိုင်း တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။ မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် လက်နက်ကိုင်
တိုင်းရင်းသားအဖွဲ့ အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ကိစ္စများကို ဆွေးနွေးရန်ရှိကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။ထိုနောက် အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေနဲ့လည်း နောက်ပိုင်းမှာ တွေ့ဆုံမှာဖြစ်ကြောင်း သတင်းရရှိခဲ့ပါတယ်။

Tuesday, April 10, 2012

ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်ဆု ချီးမြှင့်မည်


RFA
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို Elie Wiesel Award ချီးမြှင့်မည့် Holocaust Memorial Museum ၏ web site ၌ ဖော်ပြထားပုံဖြစ်ပါသည်။
2012-04-09
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ပြည်ထောင်စု Holocaust Memorial Museum ခေါ် ဒုတိယကမ္ဘာစစ်အတွင်း ဂျာမဏီနာဇီရဲ့ သတ်ဖြတ်ခံခဲ့ရတဲ့ ဂျူး ၆ သန်း အထိမ်းအမှတ်ပြတိုက်က ဂုဏ်ထူးဆောင်ဆု ချီးမြှင့်မှာ ဖြစ်ပါတယ်။

Wednesday, July 6, 2011

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်၏ ကျောက်ပတောင်း ပုပ္ပါး ခရီးစဉ်

 လူနတ်ဗြမ္တာသတ္တိ၀ါတို့  စိတ်၏ချမ်းသားခြင်း ကိုယ်၏ချမ်းသာခြင်းနှင့် မိမိတို့ ၏လိုရင်ဆန္ဒပြည့်စုံကြ
စေခြင်းအလိုငှာ မိမိပြုခဲ့သော ကုသိုလ်ကောင်းမှုအစုစုတို့ ကို ပေးဝေငှပါ၏ ဗမာနိုင်ငံကြီး ငြိမ်းချမ်းသာယာ တိုးတက်အောင်မြင်ပါစေ။
၂၀၁၁-၇-၆ 
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂံဘုရားဖူး ခရီးစဉ်ရဲ့  တတိယ နေ့  ခရီးစဉ်ကိုမနက်၉း၃၀မှာ ကျောက်ပန်းတောင်း အဖွဲ့ ချုပ်ပါတီဝင်တယောက်ရဲ့ခြံကိုသွားခဲ့ပါတယ်။
အင်ကြင်းတောနားမှာဖြစ်ပြီး  ပုဂံကနေမိုင် ၄၀ ကျော်ဝေးတယ် နောက်အဲ့ဒီကနေ ပုပ္ပါးသစ်တောဦးစီးဌာန က သစ်တောပြခန်းကိုသွားရောက်ကြည့်ရှုကာ  လှပလှတဲ့ တောတောင်တွေနဲ့  သစ်ပင်တွေကို လိုက်လံကြည့်ပြီး ပြခန်းထဲမှ ဓါတ်ပုံတွေကိုကြည့်ရှုပြီးနောက် ပြန်လာလမ်းမှာ အာနန္ဒာဘုရားနားက 
သရပါ သရီး ဆိုတဲ့ လမ်းဘေးထမင်းဆိုင်မှာ အန်တီနဲ့ အဖွဲ့ဝင်တွေအားလုံး လက်ရည်တစ်ပြင်ထည်း ထမင်းစားကြတယ် လမ်းဘေးဆိုင်ဆိုပေမဲ့ အရမ်းလက်ရာကောင်းပြီးအရမ်းရောင်း
ကောင်းတဲ့ဆိုင်ဖြစ်ပါတယ်။
လမ်းတလျှောက်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုချစ်ခင်လေးစားကြတဲ့
ပြည်သူများက လာရောက်နှုတ်ဆက်ကြပြီး ချစ်ခင်သူများအား လက်မှတ်ရေးထိုးပေးခဲ့ပါတယ်။

သတင်းဌာနတခုကြောင့် ဒေါ်အောင်ဆန်းစုကြည် စိတ်အနှောက်အယှက်ဖြစ်ရသည်ဆိုသော
ရေးသားချက် မမှန်ကန်


၂၀၁၁-၇-၆
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သားငယ်နှင့်အတူ ပုဂံမြို့ ကို ၄ ရက်တာ ဘုရားဖူးတွက်ရှိနေပါတယ် တတိနေ့ ဖြစ်တဲ့ ယနေ့ မှာလည်းဘုရားဖူးထွက်နေပြီး ကျမ်းမားရေးလည်း
ကောင်းမွန်ပါတယ် အားလုံးချောချောမောမောပါပဲ။ စိတ်အနှောက်အယှက်ဖြစ်တာ မရှိပါဘူး သတင်းသမား
တွေအားလုံးလည်း အတူလိုက်ပါလျှက်ရှိပါတယ်။ သတင်းထောက်များက ဒေါ်အောင်ဆန်းစုကြည်အား စိတ်အနှောက်အယှက်ဖြစ်စေသည့် မေးခွန်းများကြောင့် စိတ်မချမ်းမသာဖြစ်ရသည်ဆိုသော ရေးသားချက်
သည်မမှန်ကန်ကြောင်း NLD ပြန်ကြားရေးမှ ဖြေကြားခဲ့ပါသည်။ အားလုံးဆင်ပြေပါတယ်လို့  ပြန်ကြားရေးမှ
ပြောကြားခဲ့ပါတယ်။

Tuesday, June 21, 2011

ဒေါ်အောင်ဆန်းစုကြည်၏(၆၆)နှစ်မြောက် မွေးနေ့  ဗမာနိုင်ငံသားများဂျပန်ငလျင်သင့်ဒေသသို့ 
သွားရောက်လုပ်အားပေး

VIDEO Maung wto

ဒေါ်အောင်ဆန်းစုကြည်၏(၆၆)နှစ်မြောက် မွေးနေ့ တွင် ဂျပန်နိုင်ငံရောက်ဗမာနိုင်ငံသားများ၏ ဂျပန်ငလျင်နှင့်ဆူနာမီသင့်မီယာဂိခရိုင် အိရှိနော့မကိမြို့ သို့ သွားရောက်လုပ်အားပေးပွဲမှတ်တမ်း။