Wednesday, June 26, 2013

ပြည်သူ့လွှတ်တော်တွင် သတင်းမီဒီယာများနှင့်တွေ့ဆုံရာ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ဖြေကြားချက်များ

၂၅ .၆ .၂၀၁၃ ရက် ပြည်သူ့လွှတ်တော်တွင်သတင်းမီဒီယာများနှင့်တွေ့ဆုံရာ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ဖြေကြားချက်ကိုပြန်လည်တင်ပြပေးလိုက်ပါသည်။

အခုဟာ အခုဖြစ်နေတဲ့ပဋိပက္ခတာတွေကိုတစ်ချို့ဟာကျတော့အရေးပေါ်အနေနဲ့ထိန်းချုပ်ကြတာပေါ့ ကျွန်မကတော့ဒီဟာ ဟာ အုပ်ချုပ်ရေးဘက်ကတက်နိုင်သမျှ ပထမလုပ်သင့်တယ်လို့ထင်တယ် အရေးပေါ်အခြေအနေကိုလည်း ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးခေါ်ပြီးတော့အဲဒီဟာကို နောက်ထပ်သက်တမ်းတိုးလိုက်တယအဲဒီတုန်းကကျွန်မပြောခဲ့တဲ့ကိစ္စက ဒီလိုသက်တမ်းတိုးတယ်ဆိုတာဟာ အရင်ရက်ခြောက်ဆယ်အတွင်းမှာပုံမှန်အခြေအနေဖြစ်သွား

အောင်လို့ ဘာလုပ်ထားလဲဆို တင်ပြမှုမရှိဘူး နောက်ကျမပြောရမယ်ဆိုလို့ရှိရင်ဒီလိုဟာမျိုး ဥပဒေသစ်လိုတာမလိုတာဆိုတာ ဆုံးဖြတ်ဖို့ဆိုတာပွင့်လင်းမြင် သာဖို့အများကြီးလိုတယ် အုပ်ချုပ်ရေးဘက်ကဘာတွေလုပ်လဲ ဘာတွေဘယ်လိုဆောင်ရွက်ခဲ့လဲ အဲဒီဆောင်ရွက်တာတွေက ဘယ်လောက်အထိ ထိရောက်လဲမထိရော က်ဘူးလားမထိရောက်လို့ဒီအခြေအနေအထိအရေးပေါ်အခြေအနေကိုဆက်ပြီး တော့ထားတာလား ဒီလိုမေးခွန်းတွေကဘာမှကျွန်မတို့အဖြေမသိရဘူး ဒီလိုဥပဒေသစ်တစ်ခုထပ်ပြီးတော့ထုန်ပြန်မယ်မထုတ် ပြန်ဘူးဆိုတာ ဟာ လိုအပ်သည် မလိုအပ်သည်ကိုသုံးသပ်ဖို့ထက် အခြေအနေကိုပွင့်ပွင့်လင်းလင်းသိဖို့ လိုတယ်
တည်ဆဲဥပဒေအရဘာလုပ်လဲဆိုတာ အဲဒါကိုကျွန်မအရင်မေးမယ် တည်ဆဲဥပဒေက လုံလောက် သလားမလုံလောက်ဘူးလားဆို တာဟာ အဲဒီတည်ဆဲဥပဒေ တွေအရဘယ်လောက်အထိဘာတွေလုပ် ခဲ့သလဲ အဲဒါဟာလုံလောက်သလားမလုံလောက်ဘူးလား ဆိုတာကျွန်မတို့ဘယ်လိုလုပ်သုံးသပ်မလဲ ဒါကြောင့်ကျွန်မအဲဒီတုန်းကလည်းတင်ပြတာ ဘာတွေလုပ်ခဲ့လဲအုပ်ချုပ်ရေးပိုင်းက ဘာတွေလုပ်လဲ ပုံမှန်အခြေအနေဖြစ်အောင်လို့ ဘယ်လိုခြေလှမ်းတွေလှမ်းခဲ့သလဲဆိုတာကျွန်မတို့သိဖို့လိုတယ် ဒါမှ ပဲနောက်ထပ်ကျွန်မတို့ဘာဆက်လုပ်မလဲ ဆိုတာကျွန်မတို့ဆုံးဖြတ်လို့ရမှာ အမျိုးသားဒီမိုကရေစီ           အဖွဲ့ချုပ်ကတော့ပီအာကိုသဘောမတူပါဘူး ဒီကိစ္စနဲ့ပတ်သက်လို့လည်း အသေးစိပ်ရှင်းပြ  ထားတာ တွေလည်းရှိပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပီအာကိစ္စကိုဘယ်လိုသုံးသပ်တယ်ဆိုတာထုတ်ပြန်ပြီးသားပဲ                သမ္မတကြီးအနေနဲ့ဒါကိုဘယ်လို တွေးတယ်မတွေးဘူးဆိုတာ အန်တီလဲမသိဘူးပေါ့နော် ဒီကိစ္စကတော့သူကိုယ်တိုင်ပဲရှင်းရမှာပါ အန်တီ့မေးနေလို့လဲအန်တီမ ဘူး
အမျိုးစောင့်ဥပဒေနဲ့ပတ်သက်ပြီးတော့နှစ်ဖက်ရှိတယ်လေဘာသာရေးဘက်လည်း ရှိတယ်ဥပဒေဘက်လည်းရှိတယ် အဲဒီတော့ ဘာသာရေးပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ အန်တီဘယ်တော့မှပြောလေ့မရှိဘူး ဘာလို့လဲဆိုတော့ ဘာသာရေးမှာအန်တီကျွမ်း ကျင်တာမဟုတ်
ဘူး ဥပဒေဆိုလို့ရှိရင်တော့ ဒါဥပဒေပိုင်းဆိုင်ရာ ဥပဒေပိုင်းဆိုင်ရာ ဆိုတော့ လက်ရှိတည်ဆဲဥပဒေထဲ    မှာ ဒီလိုဥပဒေမျိုးမရှိဘူး ဥပဒေဆိုတာကလည်းတရားမျှတမှုကိုအခြေခံရမယ် တန်းတူညီမျှမှုကိုအခြေခံရမယ် အားလုံးအပေါ်မှာ အခြေခံရမယ် ဆိုတာဒါအားလုံးလက်ခံထားတဲ့           မူတွေပဲ ဘာသာတရားကိုကာကွယ်တာဟာအဓိကယုံကြည်မှုပဲ အဲဒီတော့ဘာသာတရားကိုဒီဘာသာ     ကို လိုက်စားတဲ့လူတွေအားလုံးရဲ့ ယုံကြည်မှုကခိုင်မာရင်ဘာနဲ့ပဲ ဘယ်လိုကမှ လုပ်လို့မရပါဘူး
သူရဦးရွှေမန်းစကားကိစ္စကျွန်မနားလည်သလောက်တော့ သူကအဲဒီလိုပြောတာမဟုတ်ပါဘူး ညွှန့်ပေါင်းအစိုးရဖွဲ့တယ်ဆိုတာလဲဖြစ်ရင်လဲဖြစ်နိုင်တယ် ဆိုတဲ့သဘောပြောတယ်လို့အန်တီနားလည်တာပဲလေ အန်တီ့အမြင်ကတော့နိုင်ငံရေးမှာဖြစ်နိုင်ခြေတွေကအများကြီး ရှိပါတယ်   နိုင်ငံရေးမှာဆိုတာ တံခါးတွေပိတ်ထားတာထက် တံခါးတွေဖွင့်ထားတာအကောင်းဆုံးပဲ
ဖွဲ့စည်းပုံအခြေခံဥပဒေအခုဟာဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ဆိုတာက အဲဒီဟာနဲ့ပတ်သက်လို့     ကော်မတီဖြစ်ဖြစ်ကော်မရှင်ဖြစ်ဖြစ်ဖွဲ့ဖို့ အဲဒီဟာကို အရင်ဆဌမအကြိမ်မှာတုန်းကအဆိုတင်သွင်းတာအောင်မြင်သွားပြီးပြီ အခုလုပ်ရမှာက ကော်မရှင်ဖြစ်ဖြစ် ကော်မတီဖြစ်ဖြစ် ဖွဲ့ဖို့ပါ ဘယ်လိုပုံစံနဲ့ဖွဲ့မလဲဒီဟာကဘာတွေလုပ်မလဲဆိုတာ အဲဒါ ကိုအန်တီတို့ကပထမသုံးသပ်ပြီးတော့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ် တိုင်းမ်ကိစ္စအဲဒါကမဟုတ်ပါဘူးဆိုပြီးအစိုးရကကန့်ကွက်ထားတယ်ဆို အမှန်ပြောရရင်တော့အန်တီ့ဆီတောင်အဲဒီမဂ္ဂဇင်းမရောက်သေး ဘူးဒီဆောင်းပါးပါလာတယ်ဆိုတာတခြားသတင်းတွေထဲကကြားရတာ အဲဒီတော့အန်တီကိုယ်တိုင်မဖတ်ရသေးပဲနဲ့တော့ ဘာမှဒါကိုမသုံးသပ်ချင်ဘူး ဒါပေမယ့်အန်တီနားလည်သလောက်ကတော့ အစိုးရအဖွဲ့ကကန့်ကွက် ထားတယ် ဗုဒ္ဒဘာသာဟာအကြမ်းဖက်ဆိုတာဘယ်ဘာသာပဲဖြစ်ဖြစ်ပေါ့အကြမ်းဖက်မှုနဲ့ ဆက်စပ်နေတယ်လို့အထင်ခံရတာဘယ်ကောင်းမလဲ ဘာသာတရားဆိုတာတော့အခြေခံအားဖြင့်

တော့ လူသားတွေအချင်းချင်းကြားမှာ မေတ္တာပွားမှုမျိုး မေတ္တာဂရုဏာမေတ္တာပွားမှုမျိုး ဒီဟာကိုတွန်းအားပေးရမှာပဲ အဲဒီတော့ဘယ်ဘာသာဖြစ်ဖြစ်ပါ အများအမြင်မှာအဲဒီလိုအကြမ်းဖက်တယ်လို့မြင်လာလို့ရှိရင် မကောင်းဘူးပေါ့ ဒါပေမယ့်ဒီလိုမျိုးအမြင်အမှားမဖြစ်အောင်အားလုံး ကကြိုးစားရမှာပေါ့ သူရဦးရွှေမန်းသမ္မတအဖြစ်အရွေးခံဖို့ပြောတဲ့ကိစ္စအန်တီကတော့ကြိုက်တယ်    အဲဒီလိုပွင့်ပွင့်လင်းလင်း ပြောတာကောင်းတယ်နိုင်ငံ ရေးဆိုတာဒီလိုပဲလုပ်ရမှာပဲ နိုင်ငံရေးလုပ်နေပြီး   တော့မှရှိုးတို့ရှန်းတမ်း လုပ်နေလို့မဖြစ်ဘူးလေ အန်တီလည်းဒီကိစ္စနဲ့မေးတာကိုး ဖြစ်နိုင်ရင်   ဖြစ်ချင်တာပေါ့
  သမ္မတဖြစ်မှကိုယ့်ရဲ့မူဝါဒတွေအရ ကိုယ့်တိုင်းပြည်ကို ကိုကောင်းတယ်လို့ထင်အောင်လုပ်ပေး                နိုင်တဲ့ အခွင့်အရေးရမှာပဲ ဒါကအမှန်ပဲ နောက်ပြီးတော့ အန်တီဒီဟာကိုရှင်းပြဖူးတယ် ပါတီတစ်ခုရဲ့ဒီမိုကရေစီနိုင်ငံရေးလုပ်နေရင် ပါတီတစ်ခုရဲ့ခေါင်းဆောင် ဖြစ်နေပြီးတော့ လုပ်နေပြီးတော့မှ နိုင်ငံ့ခေါင်းဆောင်မဖြစ်ချင်သလိုလို ဖြစ်ချင်နေသလိုလိုဆိုရင် ဒါဟာ အန်တီ့အနေနဲ့တော့ပွင့်လင်းမှုနည်းပါးတယ်လို့ပဲဒီလိုပဲထင်တယ် အစကတည်းကဒီဟာလုပ်နေတာ ဘာအတွက်လုပ်နေ တာလဲ အန်တီတို့အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုထူထောင်ခဲ့တဲ့              ရည်ရွယ်ချက်တွေနဲ့ သေသေချာချာ ရှင်းပြထားပြီးပြီ ဒီမိုကရေစီစနစ်ကိုထူထောင်မယ် ကိုယ်လုပ်ချင် တာတွေကအများကြီးပဲ ဒါတွေလုပ်နိုင်ဖို့ဆိုတာဟာ အစိုးရဖြစ်မှ အစိုးရဖြစ်ရင်တောင်အားလုံး မလုပ်နိုင်ဘူးနော် အစိုးရဖြစ်မှလုပ်နိုင်တဲ့အခွင့်အရေးတွေအများဆုံးရမှာ ဒီတော့အစိုးရမဖြစ်ချင်လို့ ရှိရင်ဘာဖြစ်လို့ ဒီအဖွဲ့အစည်းနဲ့ဒီရည်ရွယ်ချက်တွေကိုအကောင်အထည်ဖော်ချင်ပါတယ်လို့ပြော    သလဲ အဲဒီတော့ဖော်ချင်ပါ တယ်လို့ပြောထားပြီးမှတော့ ဖော်နိုင်မယ့်ဖော်လို့ရမယ့်အခြေအနေကိုဖန်တီးရမှာပေါ့ အဲဒါကြောင့်မိုလို့ ပါတီခေါင်းဆောင် ဖြစ်နေပြီးတော့သမ္မတဖြစ်ချင်ပါတယ်ဆိုတာ တကယ်တော့ဖြစ်ချင်တာမဟုတ်ပါဘူးလို့ ပြောလို့ရှိရင်ဒါကတော့မရိုးသားဘူး လို့ထင်တယ် အဲဒီတော့ ဦးရွှေမန်းအနေနဲ့သမ္မတအရွေးခံချင်တယ်ဖြစ်ချင်တယ်လို့ပြောတာတော့အန်တီ့အနေနဲ့ တော့ ဖြောင့်မတ်တယ် ပွင့်လင်းတယ် ဒါကြောင့်မို့သဘောကျတယ်
တိုင်းရင်းသားပါတီနဲ့ညွန့်ပေါင်းအစိုးရအဲဒီဟာကမဲတွေပြတ်မယ်မပြတ်မယ်ဆိုတာကိုနောက်တော့မှ သိရမှာပေါ့ဘာဖြစ်လို့လဲဆိုတော့ ၁၉၉၀ တုန်းကလည်းတစ်ခါ ဖြစ်ခဲ့ပြီးပြီလေ ၁၉၉၀တုန်းက ၀င်ပြီးတော့ယှဉ်ပြိုင်တဲ့ပါတီတွေအများကြီးပဲ အဲဒီတော့မဲတွေပျံ့သွားမယ် ပျံ့သွားမယ်ဆိုတာ မဲတွေမပျံ့ဘူး အကြောင်းအရင်းကတော့အန်တီ့အမြင်ပြောလို့ရှိရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က   တော်လွန်းလို့လို့အန်တီ မဆိုလိုဘူးပြည်သူကနေတကယ် တော့အန်တီတို့ပြည်သူတွေကတစ်ချို့က နိုင်ငံရေးနားမလည်ဘူးလို့ပြောတယ်ပေါ့နော် မြန်မာနိုင်ငံမှာ ပြည်သူပြည်သားတွေကဒီမိုက             ရေစီနဲ့မထိုက်တန်သေးဘူး နိုင်ငံ ရေးမှာအင်မတန်မှနားမလည်ဘူးလို့ပြောတဲ့ လူတွေရှိတယ် နိုင်ငံရေးအကြောင်းဘာမှမသိ ဘူး မသိဘူးဆိုပေမယ့်သူတို့အခြေခံလိုအပ်ချက်ကို  သိတယ် ရှင်းရှင်းလည်း သူတို့မြင်တယ် မဲပျံ့သွားမယ့်ကိစ္စကိုလုံးလုံးဗမာလူထုကမလုပ်ဘူး အဲဒါဘာလဲဆိုတော့သူတို့မူပေါ်မှာအခြေခံပြီးတော့ မဲပေးတယ် ပေါ့ တစ်ချို့ကတော့ဒါပုဂ္ဂိုလ်ရေး             ဆန်တဲ့ အန်တီ့အတွက်မဲပေးတယ်လို့ပြောတယ် တစ်ချို့ကလည်း ဘာပဲပြောပြော အန်အယ်လ်ဒီပါတီကိုကောင်းသည် မကောင်းသည် မစဉ်းစားပဲနဲ့ပေးတယ်လို့သူတို့ပြောကြ         တာပေါ့ ဒါပေမယ့်ဘယ်လိုပဲပြောပြော အန်တီ့အမြင်ကတော့ အဲဒီအချိန်မှာ တုန်းက အန်တီတို့ကစုစုစည်းစည်းနဲ့ရှိဖို့လိုတယ်ဆိုတာ ပြည်သူကသဘောပေါက်တယ် ဒီလိုပဲအန်တီမြင်တယ် ပြည်သူကသဘောပေါက်ပြီးအန်အယ်လ်ဒီကို ကိုသူတို့ထောက်ခံဖို့  ဆုံး ဖြတ်တဲ့အခါကျတော့ ညီညွတ်မှုရှိတယ် ပြည်သူတွေရဲ့စဉ်းစားမှုက အခြေခံအားဖြင့်ညီညွတ်မှု       ရှိတယ်လို့ ပြောလို့ရတယ် ကြားဖြတ်ရွေးကောက်ပွဲတုန်းကလည်းဒီအတိုင်းပဲ ကြားဖြတ်ရွေးကောက်ပွဲတုန်းက တစ်ကယ်တော့ အဓိကယှဉ်ပြိုင်နေတဲ့ပါတီ တွေကနှစ်ခုပဲပေါ့နော် အန်တီတို့ပါတီရယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရယ် ဒါပေမယ့်တစ်ခြားပါတီတွေလည်းရှိပါတယ် တစည စသဖြင့်လဲပါဝင်ကြတာပဲ ဒါပေမယ့်လည်း ပြည်သူကမဲမပျံ့ဘူး ကြံ့ခိုင်ဖွံ့ဖြိုးရေးဘက်ကိုပေးတဲ့ လူကပေးတယ် အန်အယ်လ်ဒီ ဘက်ကိုပေးတဲ့လူကပေးတယ် တစ်ခြားပါတီတွေကိုပေးတဲ့လူ      

 တော်တော်နည်းတယ် နောက်တစ်ခုကလည်း ပြန်ကြည့်မယ် ဆိုလို့ရှိရင် ၁၉၉၀ ခုနှစ်တုန်းကကော  ၂၀၁၀ မှာရော တိုင်းရင်းသားဒေသတွေမှာဆိုရင် တိုင်းရင်းသားပါတီတွေကနိုင်တာများတယ် ဥပမာ ရှမ်းရခိုင် အယူအဆကလဲမပြောင်းလဲဘူး မဲပေးတဲံလူထုကတော့ ပုံစံပြောင်းလဲ သွားပြီပေါ့ အနှစ်၂၀ကျော်အတွင်းကြားမှာဆိုတော့ အသစ်တွေပဲ အရင်းတုန်းကမဲပေးတဲ့မဲဆန္ဒရှင်တွေလည်း ပျောက်ကွယ်သွားကြပြီပေါ့လေ တစ်ချို့ နောက်အသစ်တွေလဲကြီးလာကြပြီ သို့သော်ငြားလည်း ပုံစံကမပြောင်းဘူး ပုံစံကမပြောင်းဘူးဆိုတော့အဓိကအားဖြင့်တော့ အန်တီတို့လူစုတွေမှာ စုစည်းတဲ့စိတ်ဓါတ်တော့ရှိတယ်ဒါတိုင်းရင်းသားနယ်မြေ   တွေမှာဆိုရင်တိုင်းရင်းသားအဖွဲ့တွေ့ကို အားပေးတယ် ထောက်ခံတယ် ပြည်မမှာဆိုလို့ရှိရင်               သူတို့ကြိုက်တဲ့ ပါတီကြီးတွေလည်း ပါတီအသေးလေးတွေကို သိပ်ပြီးတော့ရွေးတဲ့အလေ့အထ               မရှိဘူး အဲဒါဟာ အန်တီ့အမြင်မှာတော့ ဒီမိုကရေစီ စခါကကာလမှာကောင်းတယ်နောင်ကျလို့ရှိရင်တော့ပိုပြီးတော့ မဲတွေကွဲရင်လဲကွဲသွားမှာပေါ့ ပျံ့တာတွေမပျံ့တာတွေက အရေးမကြီးဘူး တစ်ချို့ဟာတွေက ဆိုရင် အန်အယ်လ်ဒီအများကြီးနိုင်မှာကိုစိုးရိမ်တဲ့လူတွေလဲရှိမှာ ပေါ့ အဲဒါဟာလေတစ်ကယ်တော့စိုးရိမ်စရာမရှိဘူး ဒီမိုကရေစီစနစ်မှာဆိုလို့ရှိရင် စိုးရိမ်စရာမရှိဘူး အန်အယ်လ်ဒီကအများကြီးနိုင် ပြီးတော့ ပြည်သူလူထုရဲ့ဆန္ဒကိုဖြည့်ဆည်းမပေးနိုင်ရင်ရှုံးမှာပဲ ကတ်သတ်ပြီးတော့နေလို့မရဘူး အဲဒါကြောင့်မိုလို့အန်တီတို့က ဒီဟာတွေကိုစိုးရိမ်စရာလုံးဝမရှိဘူး ပြည်သူလူထုကနေပြီးတော့အန်တီမြင်တာကတော့ အခွင့်အရေးပေးလိုက်တာပဲ ၁၉၉၀ ခုနှစ်တုန်းကလည်း အန်အယ်လ်ဒီကို အခွင့်အရေးပေးလိုက်တာပဲ လုပ်ပြလိုက်ယုံကြည်တယ် ဒါပေမယ့်ယုံကြည်ချက်အတိုင်းလုပ်မလားလုပ်ပြလိုက် ဆိုတဲ့အခွင့်အရေးပေးလိုက်တာပဲ ဒါပေမယ့် ဒီအခွင့်အရေးမရခဲ့ဘူး အဲဒီတော့အခု၂၀၁၂ တုန်းကလည်း အခွင့်အရေးပေးလိုက်တယ်ပေါ့ အခွင့်အရေးပေးလိုက်တယ်ဆိုတာကလည်း လုပ်ပြဆိုတော့ အတိုင်းအတာအထိအန်တီတို့လုပ်နိုင်    တယ် ဒါပေမယ့်သိပ်မလုပ်နိုင်ဘူး အန်တီတို့ကအားလုံး ပေါင်းမှ အရွေးခံရ ၄၃ယောက် ဆိုတော့ ၄၃ယောက်နဲ့ဘယ်လောက်ထိထိရောက်ရောက်လုပ်နိုင်မလဲ သို့သော်လည်းပဲ လွှတ်တော်ထဲမှာ   
 တော့ တစ်ဖက်နဲ့တစ်ဖက်နားလည်မှုရှိလို့ပူးပေါင်းဆောင်ရွက် မှုရှိလို့အန်တီတို့ရဲ့အရေအတွက်နဲ့စာရင်အများကြီးကို လုပ်ခဲ့တယ်လေ နောက်ကိုယ့်ရဲ့မြို့နယ်အသီးသီးမှာလည်း အတိုင်းအတာတစ်ခုအထိလုပ်ခဲ့နိုင်တယ် ဘယ်လောက်ထိ လုပ်နိုင်တယ် မလုပ်နိုင်တယ်ဆိုတာကိုကြည့်ပြီးတော့ နောက်ရွေးကောက်ပွဲမှာလည်းပြည်သူတွေ့ ဆုံးဖြတ်ပေးလိမ့်မယ်
ပြည်သူတွေကစိုးရိမ်နေတယ်ဆိုရင်စိုးရိမ်စရာမလိုဘူးသူတို့ပဲမဲထည့်မှာပဲ ပြည်သူတွေကသူတို့ပဲဆုံးဖြတ်မှာပဲ မဲမပျံ့စေချင် သလားပျံ့စေချင်သလားသူတို့ပဲဆုံးဖြတ်မှာပဲ
နောက်ဆုံးတော့ပီအာစနစ်ကိုလက်ခံမလား လက်မခံလားဆိုတာလည်း ပြည်သူတွေပဲဆုံးဖြတ်ရမှာ ဒီဟာကဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုလုံးပြန်ပြောင်းရမယ့်ကိစ္စ အန်တီပြောသလိုပေါ့နိုင်ငံရေးမှာဆိုရင် ပြစ်ချက်တွေအများကြီးရှိတယ် ဒါပေမယ့် တံခါးပိတ်ထားတယ် တံခါးဖွင့်ထားတာကို အန်တီကနေပြီးတော့ ပိုပြီးတော့သဘောကျတယ် ညွန့်ပေါင်းဆိုရင်လဲမဖြစ်နိုင်ပါဘူးဆိုတဲ့အမြင်မျိုးကိုမကြိုက်ဘူး ဖြစ်နိုင်ချေရှိတာပေါ့ ဘာဖြစ်လို့မဖြစ်နိုင်ရမှာလဲ ဒါတိုင်းပြည်အတွက်လိုအပ်လို့ရှိရင် ဖြစ်နိုင်တယ်။
အန်တီတို့အန်အယ်လ်ဒီမှာဆိုရင် ဘယ်တုန်းကမှ Shadow Gov ဆိုတာမလုပ်ထားဘူး အဲဒါကအရင်တုန်းကလည်းမလုပ်ခဲ့ဘူး အခုလည်းမလုပ်ဘူးဘာဖြစ်လို့လဲဆို ပြောရမယ်ဆို ၂၀၁၅မတိုင်ခင်မှာအခုကတည်းကအမတ်ရောဂါတွေကထနေပြီ အဲဒီ အမတ်ရောဂါအပြင် ၀န်ကြီးရောဂါထပ်ပြီးတော့မထည့်ချင်ဘူး ဒါမျိုးတွေဆိုတာတစ်ကယ်တော့ အချိန်ကလည်း စကားပြောအုံးမယ် အခုကနေပြီးတော့ သတ်မှတ်ပြီးတော့ ဘယ်သူကဘာနဲ့သင့်တော်သလဲဆိုတာ အန်တီတို့သတ်မှတ် လို့လည်း မရဘူး အခုအခြေခိုင်တဲ့ဒီမိုကရေစီနိုင်ငံတွေမှာတော့သူတို့လုပ်ထားတာတွေရှိတယ် Shadow GOVကလူတွေလည်း သူတို့ပြောင်းချင်ရင်ပြောင်းလိုက်တာပဲ ပြောင်းလို့လဲရတယ် သူတို့ရဲ့နိုင်ငံရေးစနစ်ပါတီစနစ် ကတော်တော် အခြေခိုင်နေပြီဆို တော့ အန်တီတို့ကတကယ်အခြေခိုင်တယ်လို့ပြောရအောင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနှစ်၂၀ကျော်ရှိပြီပေါ့နော် အဖွဲ့ချုပ်အနေနဲ့ထူထောင်ခဲ့တာ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးပါတီ အနေနဲ့လှုပ်ရှားနိုင်တာ အရင်နှစ်ကမှစတာ အမှန်ပြော မယ်ဆိုရင်၂နှစ်တောင်မရှိသေးဘူး အဲဒီတော့ဒီလောက်နုနေတဲ့အဖွဲ့အစည်းထဲမှာဆိုလို့ရှိရင် အဲဒီလိုနေရာကိစ္စတွေမီးမောင်းမထိုးချင်ဘူး အန်တီအမြဲပဲပြောတယ်နေရာပေးမယ် နေရာပေးမယ် ဒီလိုဟာမျိုးနေရာပေး ပါဆိုတဲ့ စကားကိုမသုံးပါနဲ့ တာဝန် ပေးပါပဲဆိုတာပဲသုံးပါ ကိုယ့်ကိုနေရာပေးပါဆိုလည်းမတောင်းပါနဲ့ တာဝန်ပေးဖို့ပဲတောင်းပါ နေရာဆိုတာက ဒီတာဝန်တွေပေးထားတဲ့တာဝန်တွေ သူတို့ဘယ်လောက်ကျေပွန်သလဲဆိုတာ ကြည့်ပြီးတော့မှပေးရမှာ
အန်တီတို့မူဝါဒသဘောတရားထဲမှာညွန့်ပေါင်းအစိုးရမဖွဲ့ဘူးလို့မပါဘူး ခင်ဗျားတို့ဖတ်နိုင်တာပဲပါတီရဲ့အခြေခံဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေ ဆိုတာအားလုံးဖတ်နိုင်ဖို့ထုတ်ထားတာပဲ ညွန့်ပေါင်းအစိုးရမဖွဲ့နိုင်ဘူးဆိုတာလုံးဝမပါဘူး အခြေအနေပေး မှမပေးမှမသိဘူး လူထုကပြောသလိုပဲပေါ့နိုင်ငံရေးမှာဆိုတာ တံခါးပိတ်တာထက် တံခါးဖွင့်ထားတာပိုပြီးတော့ ကောင်းတယ် နောက်တစ်ခုကလည်း WEFတုန်းကဆိုလို့ရှိရင် အများသုံးသုံးနေတဲ့စကားလုံးပေါ့နော် အားလုံးပါဝင်တဲ့ အားလုံးပါဝင်မှု ဒါဟာ အခုရဲ့ခေတ်ရေစီးကြောင်းအရ သင့်တော်တဲ့အမြင်ပဲ အဲဒီတော့တက်နိုင်သမျှအများပါဝင်ရေးကို ဦးတည်ရမယ် အစကတည်းကပြောခဲ့ပြီးပြီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုထူထောင်တဲ့အဓိကရည်ရွယ်ချက်က နိုင်ငံနဲ့ပြည်သူ လူထုအတွက် ပါတီအတွက်မဟုတ်ဘူး ပါတီအင်အားတောင့်ဖို့မဟုတ်ဘူး ပါတီသက်တမ်းရှည်ဖို့မဟုတ်ဘူး ပါတီကောင်းစား ဖို့မဟုတ်ဘူး ပါတီဟာတိုင်းပြည်နဲ့နိုင်ငံသူနိုင်ငံသားတွေအတွက် အထိရောက်ဆုံးလုပ်နိုင်ကိုင်နိုင် အဲဒီလိုလုပ်နိုင်ကိုင်နိုင်တဲ့အထဲမှာ အစကတည်းကရည်ရွယ်ချက် မှာဘာပါလဲဆိုအရင်တုန်းကတည်းက မူပေါ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးဆိုတာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပထမစပြီးတော့ ဒီဟာကိုတောင်းဆိုခဲ့တာပဲ အဲဒီတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမျိုးသားရင်ကြားစေ့ရေးကို ယုံကြည်တယ်ဒီဟာကိုအစ ကတည်းကမူတစ်ခုအနေနဲ့ လက်ကိုင်ခဲ့တယ်ဆိုရင် ဟိုလူနဲ့မတွဲဘူးဒီလူနဲ့မတွဲဘူး ဟိုလူပေါင်းမလုပ်ဘူး ဒီလူပေါင်းမလုပ်ဘူး လို့ဘယ်လိုလုပ်ပြောမလဲ အဲလိုဆို အရှေ့အနောက်ဘယ်ညီတော့မလဲ
အန်တီကတော့တပ်ကိုဒါ့ထပ်ပိုပြီးတော့အထင်ကြီးတယ် ဒါပေမယ့်တစ်ခုရှိတာပေါ့နော် အရေးကြီးတာလူတွေကတပ်တပ်တပ်လို့ ပဲ လက်ညှိးထိုးနေလို့မရဘူး ဒီနိုင်ငံရေးအသိုင်းအ၀ိုင်းကိုလည်း ကြည့်ရမယ။် နိုင်ငံရေးအသိုင်းအ၀ိုင်းကတပ်ကိုနိုင်ငံရေးထဲကိုစွဲ ပြီးတော့ ထည့်ချင်တဲ့လူတွေရှိသလား ဆိုတာအဲဒါအင်မတန်အရေးကြီးပါတယ်တပ်ကိုနိုင်ငံရေးအထဲကိုဆွဲပြီးတော့ထည့်ခြင်း ဟာ အင်မတန်မှတိုင်းပြည်ကိုနစ်နာစေတယ် တပ်ကိုလဲနစ်နာစေတယ် ဆိုတာဒီလိုလုပ်ချင်တဲ့လူတွေနားလည်ရမယ် တပ်ကို သုံးပြီးတော့ကိုယ်လိုချင်တဲ့အခြေအနေဖြစ်အောင်မဖန်တီးရဘူး အဲဒီတော့ဒီ၁၉၉၀ခုနှစ်တုန်းကတစ်ချို့ ကပြောတာပေါ့နော် အပြတ်အသတ်သာမနိုင်ခဲ့လို့ ရှိရင်အာဏာလွှဲပေးမှာ အာဏာလွှဲပေးမှာဆိုတော့အန်တီစဉ်းစားတယ် အဲဒီတုန်းက ညွန့်ပေါင်းအစိုးရဖွဲ့ရလို့ အာဏာလွှဲပေးပြီးတဲ့အခါကျလို့ရှိရင် နောက်ဘယ်လိုခြေလှမ်းလှမ်းမှာလဲ တစ်ချို့ကအဲဒီမှာပဲရပ်ထား လိုက်တယ် အဲဒီမှာလွှဲပေးမှာ လွှဲပေးပြီးတော့နောက်ပိုင်းဘယ်လို ဖြစ်လာမှာလဲ ဘယ်လိုဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးဆွဲတော့မယ် အဲဒီတုန်းကဆိုရင်ဘယ်လိုပုံစံမျိုးနဲ့ ထွက်လာမလဲ ဒါတွေအများကြီးစဉ်းစားရမယ် အဲဒီတော့ပြောတာတော့သိပ်လွယ်တာပဲ အဲဒီတုန်းကသာဆိုအန်အယ်လ်ဒီမနိုင်ခဲ့လို့ရှိရင် ညွန့်ပေါင်းဖွဲ့ပြီးတော့ အဆင်ကိုပြေ နေတာပဲ ပြေမယ်လို့ဘယ်သူကပြောလို့လဲ ဒီဟာတွေက ခန့်မှန်းခြေတွေ အန်တီတို့ဟာအပြတ်အသတ်နိုင်ရေးမနိုင်ရေးဟာ ရွေးကောက်ပွဲနိုင်အောင်တော့လုပ်ရမှာပဲ နိုင်အောင်လုပ်ရမယ်ဆိုတာ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကိုမဲပေးတဲ့လူတွေအပေါ်မှာ လည်းတာဝန်ရှိတယ် ကိုယ့်အဖွဲ့ဝင်တွေမှာလည်းတာဝန်ရှိတယ် ကိုယ့်ကိုယုံကြည်တဲ့ပြည်သူတွေအပေါ်မှာလည်း တာဝန်ရှိတယ် မဲဆွယ်ပြီးတော့မဲထည့်ပါဆိုလို့ရှိရင် နိုင်အောင်လုပ်ရမှာပေါ့ ဘာလို့ဝင်ရွေးသေးလဲ အစကတည်းကမနိုင်ချင်ဝင်မရွေးနဲ့ ၀င်ရွေးပြီဆိုတော့နိုင်အောင်လုပ်ရမယ် ဒါကိုယ့်ရဲ့အစွမ်းလဲပြရမယ် ကိုယ့်ရဲ့ဖြောင့်မတ်မှုကိုလည်းပြရမယ် အဲဒီတော့နိုင်ပြီဟေ့ဆို လို့ရှိရင်အဆင်ပြေအောင်လုပ်ဖို့ဆိုတာထက်လမ်းတွေအများကြီးရှိပါတယ် အဲဒီတုန်းကလည်း ၁၉၉၀ တုန်းကလည်း ဒီရွေးကောက်ပွဲနိုင်ပြီးတဲ့အခါကာလ မှာ အန်အယ်လ်ဒီကနေ ပြီးတော့ဆွေးနွေးဖို့တောင်းဆိုတာပဲ ဒါအန်တီနားလည်သလောက် ပေါ့နော် အန်တီက အဲဒီတုန်းကအထဲရောက်နေတဲ့အခါကျတော့ မပါပါဘူး ဒါမျိုးဆိုတာအပေးအယူလုပ်လို့ ရတာပဲ မှန်တယ် တစ်ချို့တွေက ငါတို့နိုင်ပြီဆိုလို့ရှိရင် ငါတို့ကြိုက်သလိုလုပ်မယ်ဆိုတဲ့ စိတ်ရှိတဲ့လူတွေဟာ ဘယ်ပါတီမဆိုမှာရှိတယ် ဘယ်အဖွဲ့ အစည်း မဆိုမှာရှိတယ် ဒါပေမယ့် အန်တီ့အနေနဲ့ပါတီခေါင်းဆောင်အနေနဲ့တော့ ဒီလိုအမြင်မျိုးကိုလက်မခံဘူး ကိုယ်ကနိုင်လို့ကိုယ်ကအထက်စီးရလို့ ကိုယ်လုပ်ချင်တာလုပ်မယ်ဆိုတာ ဒါအင်မတန်မှသိက္ခာမရှိတဲ့ အလုပ်ပဲ ကိုယ်က အထက်စီးရလို့အင်အားရှိလို့ရှိရင် အကောင်းဆုံးဖြစ်အောင် ကိုယ်ကဘယ်လိုလုပ်မလဲ ဒါပေမယ့်ကိုယ်ဒီလောက်နိုင်နေမှ အလျှော့အတင်းလုပ်နိုင်တဲ့အခြေအနေရှိပြီ အန်တီကတော့လေကိုယ်တကယ်ဇွဲရှိရင်ဆန္ဒရှိရင် လုပ်သင့်တဲ့အလုပ်ဆိုတာမဖြစ်မြောက်စရာအကြောင်းမရှိဘူး ဒါပေမယ့်အများ ပြည်သူရဲ့နားလည်မှုကိုရအောင်ယူရမယ် ဘယ်နိုင်ငံမှာမဆို နောက်ဆုံးပြည်သူရဲ့ဆန္ဒဟာ ထိရောက်တာ အခု၁၉၉၀ တုန်းက အန်အယ်လ်ဒီကိုဖယ်လိုက်တယ်ဆိုရင်တော့လည်း နောက်တော့လည်းဒီနှစ်၂၀ အတွင်းမှာ အားလုံးဒီကရှိနေတဲ့သတင်းထောက် အားလုံးကြားကြမှာပေါ့ ပြည်သူလူထုကစိတ်ထားပြောင်းသွားပြီ အခုဆိုလို့ရှိရင်အန်အယ်လ်ဒီနောက်မှာပြည်သူတွေကမရှိဘူး ဆို ပြီးတော့ပြောကြတယ်/ ဒီကြားဖြတ်ရွေးကောက်ပွဲကိုကြည့်လိုက်တဲ့အခါကျတော့ အန်အယ်လ်ဒီအနောက်မှာ ပြည်သူတွေက ရှိနေခဲ့တာပဲ ၉၀တုန်းကအခြေအနေကပြောင်းသွားတာမဟုတ်ဘူး အဲဒါကြောင့်မိုလို့တစ်ခုခုကိုလုပ်ချင်တယ် တစ်ကယ်ပဲလုပ်ချင်တယ် ကိုယ်ဟာ လိုလားတယ်ဆိုရင်ကြိုးစားရမှာပေါ့ ဖြစ်ပါစေဆိုပြီးတော့ ထိုင်ပြီးဆုတောင်းနေလို့မရဘူး ကိုယ်ကကြိုးစားရမယ် ပြည်သူလူထုရဲ့နားလည်မှုကို ယူရမယ် ဘာ့ကြောင့်လဲ ဒါကြောင့်မို့ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲမှု နဲ့ပတ်သက်လို့ရှိရင် အန်တီတို့အနေနဲ့ကတော့ ပြည်သူကိုရှင်းပြဖို့ဟာသိပ်ပြီးတော့အရေးကြီးတဲ့ကိစ္စဖြစ်တယ် လို့ပဲမြင်တယ် ဘာဖြစ်လို့ပြောင်းလဲချင်လဲ ဘယ်အပိုဒ်တွေကိုပြောင်းလဲချင်လဲ ပြောင်းလဲခြင်းအားဖြင့် ဒီနိုင်ငံအတွက် ဘာအကျိုးရှိမယ်လို့ ထင်လဲ ဒီနိုင်ငံအတွင်းက ပြည်သူတွေအဖွဲ့အစည်းတွေ ဆိုတာ အန်တီပြောရမယ်ဆိုရင် တပ်မတော်အပါအ၀င် ဘယ်လိုအကျိုးတွေရှိမယ်ထင်တယ်ဆိုတာကို ပြည်သူလူထုကိုရှင်းပြရမယ် ရှင်းပြလို့သဘောပေါက်ပြီဆိုရင် အောင်မြင်ကိုအောင် မြင်မှာ အနှေးနဲ့အမြန်ပဲ အမြန်ဆိုတော့ပိုကောင်းမယ်
ဒီမိုကရေစီလမ်းကမဖြောင့်ဘူးဘယ်လမ်းမှမဖြောင့်ဘူး တိုတိုပြောရရင်ဘ၀မှာဘယ်လမ်းမှမဖြောင့်ဘူး အတားအဆီးတွေဆူးခ လုတ်တွေကရှိနေတာပဲ ကျော်ဖြတ်ဖို့ဟာစဉ်းစားရမယ်ဒီဟာတွေက နိုင်ငံရေးလုပ်တယ်ဆိုတာကလွယ်လွယ်နဲ့လုပ်နိုင် တယ်ထင်လို့လုပ်လို့ရှိရင် အင်မတန်မှမှားတယ် အဲဒီလိုစိတ်ဓါတ်နဲ့နိုင်ငံရေးလုပ်တဲ့လူတွေဟာအောင်မြင်မှာ မဟုတ်ဘူး မအောင်မြင်ရုံတင်မကဘူးသူတို့မရပ်တည်နိုင်ဘူး မရှင်သန်နိုင်ဘူးဘာဖြစ်လို့လဲ ဆိုတော့နိုင်ငံရေးဆိုတာ အထိအခိုက် မပါပဲနဲ့ လုပ်လို့မရဘူးအထူးသဖြင့်အန်တီတို့နိုင်ငံရေး အန်တီတို့ကကြမ်းတမ်းတဲ့နိုင်ငံရေး ရင့်ကျက်နေတဲ့ဒီမိုကရေစီနိုင်ငံတွေမှာလို အနည်ထိုင်သွားတဲ့ချောချောမွေ့မွေ့နိုင်ငံရေးမဟုတ်ဘူး ဒီလိုနိုင်ငံရေးလုပ်တဲ့အခါမှာ ပြဿနာနဲ့တော့ရင်ဆိုင်ရမှာပဲ ဒါတွေကို ကျော်လွှားရမယ်အဲဒီတော့ လူတွေဆိုတာထက်လူရဲ့စိတ်ဆိုတာတစ်ချိန်လုံးပြောင်းနေတယ် အန်တီအမြဲပဲပြောဖူးတယ် နိုင်ငံရေး သမားတွေကတကယ်နိုင်ငံရေးလုပ်တက်ပြီဆိုရင်လောကဓံတရား၈ပါးကိုကောင်းကောင်းနားလည်တယ် အဲဒါနားမလည်ပဲနဲ့နိုင်ငံ ရေးလုပ်လို့မရဘူး ခွေကျသွားမှာပေါ့ အန်တီကပြောချင်တာကအန်တီတို့ပြည်သူလူထုကို အားလုံးကိုရေရှည်အမြင်နဲ့ ကြည့်စေချင်တယ် ကိုယ်နေနေတဲ့ကမ္ဘာကြီးဟာဘယ်လိုကမ္ဘာကြီးလဲ အဲဒါကိုကြည့် ကိုယ့်တိုင်းပြည်ဟာ ဒီကမ္ဘာကြီးရဲ့အစိပ်အပိုင်း တစ်ခုဖြစ်တယ် ဒီကမ္ဘာကြီးထဲမှာကိုယ်ရပ်တည်နိုင်ဖို့ကိုယ့်နိုင်ငံရပ်တည်နိုင်ဖို့ ကိုယ့်ပြည်သူ လူထုတွေကြီးပွားနိုင်ဖို့ ကိုယ့်ပြည်သူတွေကိုကမ္ဘာကနေလေးစားနိုင်ဖို့ဆိုတာ ကိုယ်ကဘယ်လိုနေသင့်လဲ ဘယ်လိုလုပ်သင့်လဲ ဘယ်လိုစိတ်ထားတွေမွေးမြူသင့်လဲဆိုတာအန်တီတို့ပြည်သူတွေနားလည်သင့်တယ် နားလည်ဖို့ဆိုတာ နောက်ဆုံးကျတော့ ပညာပါပဲ ပညာပေးရေးဆိုတာ ကျောင်းပညာနဲ့တင်မဆိုင်ဘူး လူမှုအသိုင်းအ၀ိုင်းရဲ့စံနှုန်းထားတွေနဲ့ တန်ဖိုးထားတွေနဲ့ဆိုင်တယ် အဲဒါကျတော့နိုင်ငံရေးသမားတွေမှာတာဝန်မကင်းဘူး နိုင်ငံရေးသမားတွေရဲ့အလုပ်တစ်ခုက နိုင်ငံရေးအရပြည်သူလူထုကိုပိုပြီးတော့ အမြင်ကျယ်လာအောင်လုပ်ပေးဖို့ မဟုတ်ရင်တော့သူတို့ပါတီနိုင်ဖို့ပဲသူတို့လုပ်ကြမှာ ပေါ့

ဘာသာရေးပဋိပက္ခကြောင့်အခုနိုင်ငံရေးလုပ်တယ်ဆိုတာမှာတစ်ခုတည်းကြည့်လို့မရဘူး   နိုင်ငံရေးလူမှုရေးစီးပွားရေးအားလုံးဆက်နေတာ ဘာသာရေး ဆိုတာ လူမှုရေးထဲမှာပါတာပေါ့ အားလုံးဆက်နွှယ်နေတယ်တစ်ခုကိုဖယ်ထုတ်လို့မရဘူး အဲဒီတော့အန်တီကပြန်မေးချင်တယ် ရိုးရိုးသားသားပြန်မေးချင်တာ ဒါကိုမဖြေချင်လို့မဟုတ်ဘူး အားလုံးဘယ်လိုမြင်ကြလဲဒါတွေဘယ်လို လုပ်ရမလဲ အားလုံး စုပေါင်းပြီးစဉ်းစားရတယ် အန်တီတို့က၀ိဇ္ဖာဇော်ဂျီတွေမဟုတ်ဘူး ဒီလို ဒီအဖြေဟာအမှန်ဆုံးဆိုပြီးတော့ဒီလိုလုပ်လို့လဲမရဘူး တစ်ချို့ကိစ္စတွေမှာအန်တီခနခနပြောဖူးတယ်   နိုင်ငံမှာအဖြေတစ်ခုတည်းရှိတယ်ဆိုတဲ့ ဟာတွေမဟုတ်ဘူး တစ်ခါတစ်လေ အဖြေကတစ်ခုမကရှိ   တယ် အဖြေမှန်ကတစ်ခုမကရှိတယ် လမ်းနှစ်သွယ်ရွေးတယ်ပေါ့ ဥပမာ မန်းလေးသွားတယ်ဆိုလို့ရှိရင် အရှေ့လမ်းကသွားမလား အနောက်လမ်းကသွားမလား ပေါ့ ကိုယ်ကလမ်းမှာဘယ်မှာဝင်ချင်လဲဆိုတာ  စကားပြောတယ် ဘယ်လောက်မြန်မြန်သွားချင်တယ်ဆိုတာလဲစကားပြောတယ် ကိုယ်သွားတဲ့ယာဉ်အခြေအနေကလည်းစကားပြောတယ် အဲဒီတော့ ဘာအလုပ်အတွက်သွားတယ်ဆိုတာလဲစကားပြောတယ် ကိုယ်လမ်းရွေးရတာ တစ်ခါတလေလည်းမှားရင်မှားသွား မယ် မှားသွားမယ်ဆိုတာကလုံးဝမှားတာ မန္တလေးသွားချင်တာကို ကျိုင်းတုံရောက်သွားရင်တော့မဟန်ဘူးပေါ့ မန္တလေးသွားချင် တာကိုကိုယ်ထင်တာထက်နဲနဲလေးနောက်ကျမှ ရောက်မယ်ဆိုလည်းဒီလောက်မဆိုးပါဘူး ဒါတောင်လမ်းမှာကိုယ်လိုချင်တာ ထက်ပိုပြီးတော့အခက်အခဲရင်ဆိုင်ရမယ်ဆိုရင်ကျော်လွှားနိုင်လို့ရှိရင်ရတယ် အဲဒီတော့အားလုံးဝိုင်းစဉ်းစားရမှာ အဲလိုပေါ့နော် အန်တီဘယ်လိုထင်လဲလို့မေးတဲ့အခါ အန်တီ့အထင်နဲ့မဆိုင်ဘူး အန်တီဘယ်လိုထင်လဲဆိုအမှန်ပြောရရင်အန်တီလဲ အကောင်းဆုံးအဖြေရှာနေတာ တစ်ချိန်လုံးစဉ်းစားနေရတယ် ဒါတစ်နှစ်နဲ့တစ်နှစ် မတူဘူး အခြေအနေကပြောင်းနေတယ် အန်တီကစကားတစ်ခုကိုပြောပြီးလို့ရှိရင်မှားတယ်ဆိုရင်အန်တီပွင့်ပွင့်လင်းလင်းမှားတယ် ဆိုပြီးတော့ဝန်ခံမယ် ဒါပေမယ့်လည်း စကားတစ်ခုကိုပြောပြီးမှ ခနခနရုတ်သိမ်းရတာ မကောင်းဘူး နိုင်ငံရေး သမားတစ်ယောက်ကဒီလိုမလုပ်ရဘူး မှားသွားလို့ဆိုပြီးတော့  မှားတားကိုဝန်မခံဘဲနဲ့ခေါင်းမာပြီးတော့နေရင်လဲမကောင်းဘူးအမှားကိုဝန်မခံတဲ့နိုင်ငံရေးသမားက     ပိုဆိုး တယ် ၀န်ခံတာထက် ဒါပေမယ့်ခနခနအမှားဝန်ခံရတယ်။ဆိုရင်လဲမကောင်းဘူး နောက်ပြီးတော့ကိုယ်ထွက်လိုက်တဲ့စကားဟာ ကိုယ်ရေရှည်ရပ်တည်နိုင်တဲ့စကားမျိုးဖြစ်ရမယ် ဒါကြောင့်အန်တီကတစ်ချို့ကိစ္စတွေမှာဆိုရင်ခေါင်းကြီးပိုင်းမှာပါမယ့်စကားမျိုး အန်တီမပြောဘူး ရဲရဲတောက်မိန့်ခွန်းဆိုပြီးအန်တီပြောတဲ့မိန့်ခွန်းတွေကိုတင်တာအန်တီနဲနဲမျက်နှာ          ပူတယ် တစ်ခါမှရဲရဲတောက် ချင်တဲ့စိတ်နဲ့မပြောဖူးဘူး ကိုယ့်စိတ်ထဲမှာရှိတဲ့အတိုင်းပဲပြောခဲ့တယ် အဲဒီရဲရဲတောက် တွေဘာတွေက အကျီရဲရဲတောက်တာ ကိစ္စမရှိဘူး မိန့်ခွန်းတွေဘာတွေရဲရဲတောက်ဆိုတာက အန်တီကနဲနဲရှက်တယ် အဲဒီလိုအန်တီအပြောခံရတယ် အဲဒါမျိုးတွေလဲ အန်တီမပြောချင်ဘူးချင့်ချင့်ချိန်ချိန်နဲ့ပဲအန်တီပြောချင်တယ် အဲဒီတော့ အဲဒီလိုမပြောလို့ဝေဖန်လဲအန်တီခံမယ် ဘာဖြစ်လို့လဲဆိုတော့အခြေခံအားဖြင့် အန်တီပြောတဲ့စကားတွေထဲမှာအမှားမပါဘူးဆိုတာအန်တီဝန်ခံတယ် အခုချိန်မှာဒီ ပြဿနာတွေဘယ်လိုဖြေရှင်းရမလဲဆို အန်တီတစ်ယောက်တည်းသာအဖြေသိတယ်ဆိုဘယ်လောက်လွယ်သလဲ ဘယ်လိုသိမှာ လဲလူတိုင်းက၀ိုင်းစဉ်းစားရမယ် အဲဒီဟာကိုမီဒီယာကလည်းတာဝန်သိသိနဲ့ သုံးသပ်စေချင်တယ် ဘက်မလိုက်ပါနဲ့ အမြင်ကိုအမြင်အတိုင်းသတ္တိရှိရှိနဲ့တင်ပြပါ အကျိုးဆက်တွေကဘယ်လိုဖြစ်နေလဲဆိုတာ အန်တီတို့နိုင်ငံ ပေါ်မှာအမြင်စောင်း လာတယ်ဆိုတာ ဒါအားလုံးသိတာပဲ အဲဒီတော့ အန်တီ့ကိုလဲဒါတိုက်ခိုက်တာပဲ ဘာဖြစ်လို့တစ်ဖက်ကနေပြီးတော့ လက်သီးလက်မောင်းတန်းပြီးမပြော   သေးလဲဆိုတော့ နံပါတ်တစ်ကအန်တီကလက်သီးလက်မောင်းတန်းတာလဲဝါသနာ မပါဘူး နောက်ပြီးတော့ခုနကပြောသလိုပေါ့ရုပ်သိမ်းရမယ့်စကားမျိုးလဲအန်တီမပြောချင်ဘူး အခြေခံအန်တီ့မူနဲ့ကိုက်ညီတာ အန်တီတို့အဖွဲ့ချုပ်ကဲ့မူနဲ့ လွဲချော်မှုမရှိတဲ့စကားမျိုးပဲအန်တီပြောချင်တယ် ဒါကြောင့်အားလုံးဝိုင်းပြီးစဉ်းစားပေး ပါ ဒီအဖြေကိုအန်တီမသိဘူး ဒါဒီလောက်မလွယ်ဘူး ဘာဖြစ်လို့လဲဆိုတော့တစ်ချိန်လုံးပြောင်းနေတယ် နောက်အန်တီပြောတယ် အခုဟာအရင်လိုမဟုတ်ဘူး အရင်တုန်းကဆိုရင်ကိုယ့်တိုင်းပြည်မှာဖြစ်နေတဲ့ကိစ္စကိုယ့်တိုင်းပြည်အတွင်းမှာပဲ အခုဒီလို မဟုတ်ဘူး ဒီတိုင်း ပြည်အတွင်းမှာဖြစ်နေတဲ့ကိစ္စတစ်ကမ္ဘာလုံးနဲ့ဆိုင်တယ် ဆက်နွှယ်နေတယ် ဒီဟာကိုအန်တီတို့က နေပြီး တော့ချိန်ခွင်လျှာညီမျှအောင်  လုပ်ရမယ် ကိုယ့်နိုင်ငံအတွင်းက ကိုယ့်ပြည်သူတွေရဲ့ စိတ်အေးချမ်းလုံခြုံမှုကိုလည်းစဉ်းစားရမယ် ကိုယ့်နိုင်ငံအတွင်းမှာရှိတဲ့လူတိုင်းရဲ့အေးချမ်းတည်ငြိမ်မှုကိုလည်းစဉ်းစားရမယ် ကွက်ပြီးတော့စဉ်းစားလို့မရဘူး တစ်ကမ္ဘာလုံးရဲ့ အနေအထားကိုလည်းစဉ်းစားရမယ် ကမ္ဘာ့ရေစီးကြောင်းထဲမှာ ဆန့်ကျင်သွားလို့လဲမဖြစ်ဘူး အဲလို သွားပြီး လာပြီးတော့ ဒီတိုင်းပြည်မှာရင်းနှီးပါလို့ပြောလို့မရဘူး အဲဒီတော့မီဒီယာဆိုတာဟာလူထုနဲ့လည်းထိတွေ့မှုရှိနေတယ် နိုင်ငံခြားကအမြင်တွေ လည်းထိတွေ့မှုရှိနေတယ် အဲဒါတွေကိုပွင့်ပွင့်လင်း       လင်းသုံးသပ်တဲ့အခါမှာ တာဝန်ရှိရှိနဲ့သုံးသပ်စေချင်တယ် မီဒီယာက သိပ်အရေးကြီးတာ အန်တီခနခနပြောတယ် မီဒီယာရဲ့ကဏ္ဍကအရေးပါတယ် အရေးပါလို့ တာဝန်ယူရမယ် အရေးပါလို့ငါတို့လုပ်ချင်တိုင်းလုပ်နိုင်တယ် ငါတို့ပြောလိုက်လို့ရှိရင်လူတွေကစိတ်ညွတ်ချင်တယ်           အဲဒီလို စိတ်ဓါတ်နဲ့မလုပ်ပါနဲ့ ငါတို့ပြောလိုက်တဲ့ဟာငါတို့ တိုင်းပြည်အပေါ်မှာဘယ်လိုသက်ရောက်မှုရှိနိုင်လဲဆိုတဲ့တာဝန်သိတဲ့ စိတ်ဓါတ်နဲ့လုပ်ပါ နောက် အခြေခံအားဖြင့်တော့ ဖြောင့်ဖြောင့်မတ်မတ်နဲ့ပြောပါ တစ်ခါတလေအန်တီပြောတာတွေကိုသူတို့က နဲနဲလေးစိတ်ဝင်စားစရာကောင်းမယ်လို့ထင်တဲ့ဟာလေးကိုပဲနုတ်ပြီးတော့ ထည့်တယ် အဲဒီတော့ အဲဒါအဓိပါယ်ကလွဲသွားရော အဲဒါမျိုးတွေကမလုပ်ကောင်းဘူး ပြည်သူကဖတ်ချင်လို့ဝယ်မယ်ဆိုတာမျိုးအဲဒါမျိုးမလုပ်ကောင်းဘူး အဲဒါမျိုးတွေတော့မလုပ်ပါနဲ့
အန်တီပြောပြီးပြီဘာလုပ်ရမလဲဆိုတာကို ဘယ်သူကမှသိပ်ပြီးတော့စိတ်မ၀င်စားဘူးဘာဖြစ်လို့လဲ ဆိုတော့ အန်တီပြောတာ ကသူတို့လိုချင်တဲ့အဖြေ အန်တီပြောတယ်နံပါတ်တစ်က တရားဥပဒေ   စိုးမိုးရေး ခိုင်အောင်လုပ်ရမယ် ဘာဖြစ်လို့လဲဆို တော့ ဟိုဘက်ဒီဘက်အဆင်ပြေအောင်မလုပ်ခင်မှာ စိတ်လုံခြုံမှုပေးရမယ် အန်တီခနခနပြောတယ် ခနခနပြောတဲ့ကိစ္စကလည်း ဘယ်လိုပြောမလဲသိပ်ပြီး           တော့ ရဲရဲမတောက်လို့လူတွေကစိတ်မ၀င်စားဘူး လူနှစ်ယောက်ကအချင်းချင်းမှာ တစ်ယောက်က လည်း ဓါးနဲ့တစ်ယောက်ကလည်းဓါးနဲ့တေ့ထားတဲ့လူနှစ်ယောက်ကို ပြေလည်ရေးပြောပါလို့ပြောလို့ မရဘူး ဒီဓါးတွေထုတ်ပလိုက်ပြီးမှစိတ်ညိမ်သွားမှ ပြောလို့ရမယ် ဒါကြောင့်မို့အန်တီကတရားဥပဒေစိုးမိုးရေးဆိုတာဒါကိုပြောတာ လူတွေကနေပြီးတော့သူတို့စိတ်လုံခြုံသွားပြီ သူတို့ဘ၀တွေလုံခြုံ             သွားပြီ ဆိုမှစဉ်းစားမယ် ပြန်လည်သင့်မြတ်ရေးကိုစဉ်းစားမယ် မလုံခြုံမချင်းမစဉ်းစားဘူး အဲဒါအဓိကနောက်တစ်ခု ကအုပ်ချုပ်ရေးပိုင်းဆိုင်ရာက ဒီကိစ္စတွေနဲ့ဘာလုပ်နေလဲဆိုတာကို ပွင့်လင်းမြင်သာမှုရှိဖို့လိုတယ် ရခိုင်မှာစတဲ့ပဋိပက္ခအန်တီပြန်စဉ်းစားကြည့်တော့မှတ်မိသလောက်က ဟိုကလေးမလေးကိစ္စမှာ ဆိုဘယ်လိုဘယ်လိုလုပ်နေတယ်ဆိုတာသေသေချာချာပြည်သူတွေမသိရဘူး မသိရတော့အဲဒီမှာမကျေနပ်တာတွေဘာတွေ ဖြစ်တာပေါ့နော် သို့လောသို့လောမကျေနပ်တာတွေ အဲဒီတော့ပွင့်လင်းမြင်သာမှုဆိုတာဟာရှိရမယ် အုပ်ချုပ်ရေးပိုင်းဆိုင်ရာက အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်အရ ယူနေရဲ့လား တရားဥပဒေအရလုပ်သင့်လုပ်ထိုက်တာတွေကိုလုပ်နေရဲ့လားဆိုတာကို အဲဒါတွေကိုထုတ်ဖော်ပြောရမယ်ဆိုတာ အန်တီပြောတယ်နော် မိတ္ထီလာကိစ္စလဲဒီလိုပဲပြောတယ်အုပ်ချုပ်ရေးပိုင်းဆိုင်ရာကသာ မန်အခြေအနေပြန်ဖြစ်အောင်ဘာတွေလုပ်နေလဲ ဒါတွေသိဖို့လိုတယ် လေပြည်သူတွေကဒါတွေမသိပဲနဲ့ ဘယ်လိုလုပ်ကိုယ့်တိုင်းပြည်အခြေအနေကိုသုံးသပ်နိုင်မလဲ အခုတည်းကနေစိတ်လုံခြုံမှုရှိသွားပြီဆိုရင် အဲဒီတော့မှ သင့်မြတ်ရေးစကားပြောလို့ရမယ် သွေးဆူနေတဲ့အချိန်မှာဘယ်လိုမှပြောလို့မရဘူး အဲဒီတော့သွေးဆူတဲ့ဟာကျသွားအောင် အပူချိန်ကျသွားအောင် ဘယ်လိုလုပ်ကြမလဲ တစ်ခုထဲအဲဒီမှာမီဒီယာလဲပါတယ် သွေးဆူတာပိုဆူအောင်လို့အားမပေးကြပါနဲ့ တစ်ခါတည်းတည်တည်ငြိမ်ငြိမ်နဲ့ သုံးသပ်ပါ တစ်ချို့ကတော့သွေးဆူတာကိုအားပေးတဲ့စကားမျိုးတွေသုံးကြတယ်ပေါ့ တမင်သုံးတာလဲဖြစ်ချင်ဖြစ်မယ် ရည်ရွယ်ချက်မပါပဲနဲ့ အမှတ်တမဲ့နဲ့သေချာမစဉ်းစားလိုက်လို့ ဖြစ်ချင်ဖြစ်မယ် အဲဒါတွေကလဲ အထောက်အကူမဖြစ်ဘူး အဲဒီတော့နည်းနည်းတည်တည်ငြိမ်ငြိမ်ဘက်ကိုသွားကြပါအားလုံးကနေပြီးတော့ဘာမဆို တည်တည် ငြိမ်ငြိမ် စဉ်းစားပြီးအေးချမ်းဖို့ဟာနံပါတ်တစ်ပဲတရားဥပဒေစိုးမိုးရေးတည်ငြိမ်အေးချမ်းရေးဒါအဓိကပဲ အဲဒါဖြစ်မှ ပြန်လည်သင့်မြတ်ရေးအဲဒါမှရေရှည်အတွက် ဒီနိုင်ငံဟာဘယ်လိုသွားမလဲဆိုတာ   နောင်နှစ်ပေါင်းများစွာအတွက် ကိုယ့်နိုင်ငံဟာ ဘယ်လမ်းကိုလျှောက်မလဲ ဘယ်လိုနိုင်ငံမျိုးဖြစ်

ချင်လဲဆိုတာ အခုလူငယ်တွေကပြန်ဆုံးဖြတ်ရမှာ ဆုံးဖြတ်ပြီးတော့ကိုယ့်ဆုံးဖြတ်ချက်အရကိုယ်လုပ်         ရမှာ ဟိုဥစ္စာမလုပ်ခင် လေထဲမှာတိုက်အိမ်ဆောက်ပြီးဖြစ်ချင်လိုက်တာလို့မပြောနေနဲ့ ဘာလုပ် မလဲကိုယ်ဖြစ်ချင်တာ။