ရန်ကုန်မြို့တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် လူထုခေါင်းဆောင် ဒီချုပ်
ဒေါ်အောင်ဆန်း စုကြည်၏ မွေးနေ့ဖြစ်သော၁၉၀၆-၂၀၁၂ နေ့၌
နိုင်ငံရေးအကျဉ်းသားဟောင်း မဇင်မာအောင် နှင့်မခင်လေးတို့ဦးဆောင်၍ ဟောပြောပွဲများ၊မှတ်တမ်းရုပ်ရှင်များ၊စာတမ်းဖတ်ပွဲများကိုဖတ်ရှု
နားထောင် ကြည့်ရှုခြင်းဖြင့် လူထုခေါင်းဆောင် ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏
၆၇-နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်ပြုလုပ်ခဲ့သည်ဟုသိရှိရသည်။
အမျိုးသမီးစာရေးဆရာမမအိ၊မိချမ်းဝေ၊နှင်းဝေငြိမ်း၊စုမိအောင်၊ကြည်မွေ့အိမ်၊
လဲ့ဝင်းကြည်၊ဖြူဖြူဝင်း၊ မေဇွန်အောင်၊
နန်းဧကရီရှင်၊ပန်ဒိုရာ၊ခင်သန္တာ (၁၁)ဦး၏ အမျိုးသမီးများ ၏အခွင့်အရေးနှင့် တန်ဖိုးစာတမ်းတွင်ပါသော
အမျိုးသမီးများထွက်ပေါက်နှင့်ကန့်သတ်ခံရခြင်း၊ အမျိုးသမီးများနှင့် အခွင့် အရေး၊ အမျိုးသမီးများနှင့်
ကာကွယ်စောက်ရှောက်မှု၊ အမျိုးသမီးများ ၏ယဉ်ကျေးမှု၊ ကျင့်ဝတ်သိက္ခာ၊ ဘာသာတရားနှင့်ဘ၀တန်ဖိုး၊အမျိုးသမီးများနှင့်အရည်အသွေး၊
အမျိုးသမီးများနှင့် စွန့်လွတ် အနစ်နာ ခံမှုစသောခေါင်းစီးစာတမ်းများကိုဖတ်ခြင်း၊ဒါရိုက်တာ
ကြည်ဖြူသျှင်၏ The Merry Widows of Nam Mun မှတ်တမ်းရုပ်ရှပ်ဇာတ်ကားကိုလည်းပြသ
ခြင်း၊ RAINFALL-GENDER STUDY GROUP လှလှရီ (ရခိုင်တိုင်းရင်းသူ)၏ အမျိုးသမီးများနှင့်
ဥပဒေ စာတမ်းကိုလည်း ဖတ်ပြခြင်း၊ချင်းအမျိုးသမီးများ၏ ၀ါးညှပ်အက ကပြခြင်း၊ ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့် လွှတ်တော်အမတ် မဖြူဖြူသင်း၊7 day ဂျာ နယ်မှ အယ်ဒီတာ ဒေါ်ငြိမ်းငြိမ်းနိုင်
နှင့် NGO မှ ဒေါ်ထားထားတို့၏ဆွေးနွေးချက်များလည်းပါဝင်သည် ဟုသိရှိရပါသည်။

ထိုပွဲတွင် တိုင်းရင်းသူပေါင်းစုံ၊၈၈-မျိုးဆက်မှ
မနီလာသိန်း၊ မမီးမီးတို့နှင့်ရုပ်ရှင်သရှပ်ဆောင်၊ အဆိုတော်၊ ဒါရိုက်တာများဖြစ်သော-သျှီ၊သံသာဝင်း၊ကြည်ဖြူသျှင်စသည်တို့နှင့်
နိုင်ငံရေးနိုင်ပယ်က အမျိုးသမီးပေါင်းစုံ၊အကျဉ်းသူဟောင်းများ၊ကျောင်းသူပေါင်းစုံဖြင့်ဧည့်ပရိသတ်ပေါင်းသုံးရာခန့်
လောက် တက်ရောက်ကြောင်းလည်း သိရှိရပါသည်။
လောက် တက်ရောက်ကြောင်းလည်း သိရှိရပါသည်။