Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts
Wednesday, June 26, 2013
အမျိုးစောင့်ဥပဒေ ညီလာခံကျင်းပမည်
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက် (၂၇-၆-၂၀၁၃) ရက်နေ့မှာ ကျင်းပ သွားမည်ဖြစ်ပြီး
စာသင်တိုက်ဆရာတော်များ ဓမ္မကထိက ဆရာတော်များ ရိပ်သာဆရာတော်များ၊ ဘကပညာရေး၊ သာရေးနာရေးဆရာတော်များ အပါအဝင် အမျိုးဘာသာ သာသနာကို ထိန်သိမ်းစောင့်ရှောက်လိုသော ရဟန်းရှင်လူ မည်သူမဆို တက်ရောက်နိုင်ကြောင်းနှင့် သံဃာတော်အပါး ၁၀၀ကျော် တက်ရောက်
မည်ဟု သိရသည်။
ပြည်တွင်း ပြည်ပ မည်သည့် မီဒီယာမဆို သတင်းလာယူနိုင်ကြောင်း သိရသည်။
Thursday, April 19, 2012
ဗိုလ်ချုပ်အောင်ဆန်း.. ပြောသော တော်လှန်ရေးသမား ( ၃ ) မျိုး
ဗိုလ်ချုပ်အောင်ဆန်း.. ပြောသော တော်လှန်ရေးသမား ( ၃ ) မျိုး ( ၃ ) စား....။။။။။
( Myanmar News Week ဂျာနယ် ၊ အတွဲ(၂)၊ အမှတ်(၁၉)မှာဖော်ပြခဲ့သော အငြိမ်းစား သံအမတ်ကြီး ဦးဖေခင် အေုကာင်း.. မှ )...
"ကိုဖေခင်-ခင်ဗျားကို ကျွန်တော်ပြောစရာရှိတယ်။ တော်လှန်ရေးသမားဆိုတာ သုံးမျိုးသုံးစား ရှိတယ်။ ခင်ဗျား သိလား..
Wednesday, April 18, 2012
ပုဂ္ဂိုလ်တစ်ဦး ပန်းစည်းအကြီးကြီးနဲ့ ခြံထဲပြေးဝင်လာပြီး
ဒေါ်အောင်ဆန်းစုကြည်အား ဂါရ၀ပြု
မနေ့က ၈၈ သံချပ်အပြီး ၈၈ များ အမေ့ခြံထဲတွင် မုန့်လုံးရေပေါ်သုံးဆောင်ပြီး အ၀င်အထွက်များ ပြုလုပ်စဉ် .... ပုဂ္ဂိုလ်တစ်ဦး ပန်းစည်းအကြီးကြီးနဲ့ ၀င်လာ
ပြီး အမေ့ကို ထိခြင်းငါးပါးနှင့် ဦးသုံးကြိမ်ချ ကန်တော့သွားတယ်။
ရဲဆေးလည်း အတော်သောက်ထားပုံပဲ။ လုံခြုံရေးတွေကတော့ အတော်လန့်သွား
တာပေါ့လေ။ သူတို့လည်း လုံးဝ မမျော်လင့်ထားဘူး။ သင်္ကြန်တွင်းကြီး ပန်းစည်း
ရောင်းတဲ့နေရာကလည်း ရှားသကိုး။ သူတို့လည်း သတိလွတ်သွားတုန်းဖြစ်တာ
ဆိုတော့ လန့်တာပေါ့ ........
အမေကတော့ အေးအေးဆေးဆေးပဲ။ ရုတ်တရက်ချည်းပြေးဝင်လာတာကို မြင်ရဲ့
သားနဲ့ ခြေတလှမ်းမှ နောက်မဆုတ်ပဲ ရပ်နေတယ်။
ကန်တော့ခံပြီးတော့ "သား မုန့်လုံးစားသွားပါအုံး" တောင် ဧည့်ဝတ်ပြုလိုက်သေး။
အဲသည့်ပုဂ္ဂိုလ်ကလည်း ကလေးများ ကားပေါ်တွင် စောင့်နေ၍ မစားတော့ပါဘူး
ဟု ဆိုကာ လုံခြုံရေးများကို တောင်းပန်နှုတ်ဆက်ပြီး ပြန်ထွက်သွားပါတယ် .......
လူထုခေါင်းဆောင် နဲ့ လုံခြုံရေး ဒရာမာပေါ့ဗျာ ....... လုံခြုံရေး အရမ်းတင်းကြပ်
ရင်လည်း နေပူတော်က အဘတို့လို လူထုနဲ့ ကင်းကွာသွားမယ်။ မတင်းကြပ်ပြန်
တော့လည်း .........
By;အဂ္ဂမဟာ ဒီမိုဖက်တီး
Monday, April 16, 2012
သင်္ကြန်နောက်ဆုံးနေ့ ၈၈ သံချပ်အဖွဲ့ ဖျော်ဖြေမယ့်နေရာများ
၈၈ မျိုးဆက်ကျောင်းသားများသံချပ်အဖွဲ့သည် ယနေ့သင်္ကြန်အတက်နေ့တွင် ရန်ကုန်မြို့ နေရာ ၆ ခုကို သွားရောက်ဖျော်ဖြေသွားမည်ဖြစ်သည်။
ရှေးဦးစွာ သင်္ဃန်းကျွန်း ဇ၀န နှင့် NLD ရုံးရှေ့တွင်ဖျော်ဖြေမည်ဖြစ်သည်။ယင်းနောက် တောင်ဒဂုံ ၅၆ ရပ်ကွက်၊ မြောက်ဥက္ကလာပ ကန်သာယာလမ်းဆုံတို့တွင်ဖျော်ဖြေမည်ဖြစ်ပြီးနောက် ညနေ ၅နာရီခန့် တွင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့သွားရောက်ဖျော်ဖြေမည်ဖြစ်သည်။နောက်ဆုံးတွင် လမ်း ၅၀ 
ဝန်းကျင်တွင် လာရောက်ဖျော်ဖြေမည်ဖြစ်သည်။
Daw Aung San Suu Kyi Plays Water Festival with People
၂၀၁၂ ခုနှစ် ဧပြီလ ၁၄ ရက်နေ့ သင်္ကြန်အကြတ်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့သို့ BG သွေးကူညီရေးအဖွဲ့ သင်္ကြန်ဖျော်ဖြေရေးယာဉ်ဖြင့် လာရောက်ဖျော်ဖြေ။ ဒေါ်အောင်ဆန်းစုကြည်မှ
Thursday, April 12, 2012
နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ
Monday, April 9, 2012
NDF ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း NLD ပြန်ဝင်မည့်အပေါ် လမ်းမတော်မြို့နယ်ပါတီဝင်များ ကန့် ကွက်
အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြန်လည် ဝင်ရောက်ဖို့ လျှောက်ထားခြင်းကို လက်မခံနိုင်တဲ့ အကြောင်းဧပြီလ (၈) ရက်နေ့က လမ်းမတော်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ပါတီဝင်တွေက အများဆန္ဒနဲ့အညီ ထုတ်ဖော်ကြေငြာလိုက်ပါတယ်။
Wednesday, January 11, 2012
အမေရိကန်သမ္မတလောင်း ပထမဆုံးပဏာမရွေးချယ်ပွဲ Republican ပါတီမှ Mitt Romneyက ရှေ့ ကပြေးနေ
 ၁၁-၁-၂၀၁၂
၂၀၁၂ ခုနှစ်အတွက်အမေရိကန်သမ္မတလောင်းရွေးချယ်ပွဲအတွက် ပထမဆုံးပဏာမရွေး
ချယ်ပွဲတွေကို အမေရိကန်ပြည်ထောင်စု New Hampshire ပြည်နယ်မှာ အင်္ဂါနေ့ကစပြီးကျင်းပ
နေပါပြီ။Massachusetts ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Mitt Romney(၆၄နှစ်)က Republican
ပါတီမှ ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အိုင်လိုဝါပြည်နယ် တွင်အနိုင်ရရှိထားသည်။
 Republican ပါတီသည် ၁၉၈၀ ခုနှစ်မှစ၍ ၈ကြိမ်ယှဉ်ပြိုင်ခဲ့ရာ New Hampshire တွင်အနိုင်ရခဲ့ပြီး
၆ ကြိမ်မြောက်တွင် အရွေးခံရသူ သမတ Reagan (President)ဖြစ်သည်။ Republican ပါတီမှ သမတဖြစ်လာသူ Reaganနှင့် Bush တို့ သည် သမတ သက်တမ်း ၂ကြိမ်ဆက်တိုက်ရရှိခဲ့ဘူးသည်။
 Republican ပါတီမှ Romneyက သမတနေရာ ရရှိဖို့ အလားအလာ ရှိနေသည်ဟု တွက်ဆသူ
များလည်းရှိနေသည်။
Tuesday, January 3, 2012
တရုတ်လူမျိုး အကျင့်ပျက် စီးပွားရေးသမား ဦလောစီ သိသူများ အကြောင်းကြားပါ
 တရုတ်လူမျိုး ၊ ဦလောစီ(ဦးလောစီအနေနဲ့ ကေအိုင်အေဗဟိုကို နှစ်စဉ်ကြေးပေး ထားပြီး ဖြစ်တဲ့
အတွက် ကေအိုင်အေ နယ်မြေအတွင်းမှာ အတားအဆီးမရှိ ၀င်ထွက်သွားလာပြီး ကချင်ပြည်နယ်က
သစ် ကျောက် ၀ါး ကျောက်စန်း ရွေစတဲ့ ၊ ကချင်အမျိုးသမီးငယ်များပါ မကျန် ၊ ရတဲ့ဟာအားလုံး လက်နက်ကိုင် စစ်အစိုးရနဲ့ ပေါင်းပြီး ခိုးနေတဲ့ လုပ်ငန်းရှင်တဦးဖြစ်ပါတယ်။ကချင်လူထုများ ရင်ဖွင့်သံများစနေပါပြီ၊ကေအိုင်အေ နယ်မြေအတွင်းမှာ အတားအဆီးမရှိ ၀င်ထွက်သွားလာ နိုင်
တယ်ဆိုတဲ့ တရုတ်လူမျိုး ၊ ဦလောစီ ရဲ့ သမိုင်း ၊ စီးပွားရေးလုပ်ငန်းအမျိုးအစား၊ မိသားစု ၊ လက်ရှိ
ပိုင်ဆိုင်မူ ၊ လုပ်ကွက် ၊ သူနဲ့ ပါတ်သက်အားလုံးကို Kachin freelance media Group နဲ့  အတူ
အားလုံးနဲ့  အတူတကွဖေါ်ထုတ် ကြပါရန် ဒီနေ့ စ၍စုံစမ်းမည်ဖြစ်ပြီး သတင်းရရှိပါက စုံစမ်းပြီးပေးပို့ 
စေ လိုပါသည်။
shshiga@gmail.com ပေးပို့ ပါ ။ သိတဲ့လူကို မေးပြီး တဆင့်ပြီး တဆင့်လက်ဆင့်ကမ်း ကူညီကြပါ။
ကျေးဇူးတင်ပါသည်။
Sunday, January 1, 2012
၂၀၁၂ ခုနှစ် နှစ်သစ်ဆုတောင်း
Saturday, December 31, 2011
ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေး ရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များ တက်ရောက်အားပေး
၃၀-၁၂-၂၀၁၁
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြီးမှူးကျင်းပတဲ့ ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေး
ရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲကို ဒီကနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ မရမ်းကုန်းမြို့နယ် မင်းဓမ္မကုန်းမှာရှိတဲ့ MCC ဝင်းအတွင်း ကျင်းပပြုလုပ် နေတာဖြစ်ပါတယ်။ အဆိုပါ တေးဂီတဖျော်ဖြေပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်
ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်နဲ့ ပရိသတ်တွေအများအပြား လာရောက် အားပေးခဲ့ကြ
ပါတယ်။
လွတ်လပ်ရေး၏ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ သမီးဖြစ်သူ လူထုခေါင်းဆောင် ဒေါ်အောင်
ဆန်းစုကြည်တို့ ပုံပါ တီရှပ်တထည်တွင် တက်ရောက်သီဆိုဖျော်ဖြေကြသော နံမည်ကြီး 
အဆိုတော် များမှ တီရှပ်တွင်လက်မှတ်ရေးထိုးကြပြီး လေလံတင်ရောင်းချခဲ့ရာ ၁၂၅ သိန်းအထိ
ရောက်ရှိနေပြီဟု သတင်းရရှိသည်။
Thursday, December 29, 2011
မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက်ရှိ ဂိုဒေါင်များ မီးလောင်မှု
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ် ရပ်ကွက်၊ မေတ္တာမွန်ဝင်း၊ မေတ္တာမွန်ဂိုဒေါင်တွင် ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၁ နာရီ မိနစ် ၄၀ အချိန်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ သည်။
အဆိုပါမီးလောင်မှုမှာ ၀ါယာရှော့မှတစ်ဆင့် ဂိုဒေါင်အတွင်းရှိ ယမ်းစိမ်း၊ ကန့်စသော ပစ္စည်း
များအား ကူးစက်ကာ ပေါက်ကွဲမီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း တာမွေမြို့နယ်မီးသတ်
ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ယခုမီးလောင်ကျွမ်းသော ဂိုဒေါင်မှာ အစိုးရဌာနပိုင်းအား ပုဂ္ဂလိက ငှားရမ်းလုပ်ကိုင်သော
ဂိုဒေါင်ဖြစ်ပြီး မီးလောင်မှုကြောင့် ဂိုဒေါင် ၁၆ လုံးခန့် မီးလောင်ခံရပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး
အား စုံစမ်းတွက်ချက်နေဆဲဖြစ်ကြောင်း၊မီးသတ်တပ်ဖွဲ့ဝင် ၅ ဦး အရပ်သား ၁၂ ဦး ထိခိုက်ဒဏ်
ရာရရှိသူ မီးသတ်တပ်ဖွဲ့ဝင် ၃၃ ဦးအပါအ၀င် အရပ်သား ၈၁ ဦး(သေဆုံးသူနှင့် ဒဏ်ရာရရှိသူ
ဦးရေ စုစုပေါင်း ၉၈ ဦး)ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ ဒီဇင်ဘာလ
၂၉ ရက်နေ့ နေ့လည် ၁ နာရီကျော် အချိန်ခန့်တွင် ထုတ်ပြန်ချက်အရ သိရှိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ် မီးလောင် ပေါက်ကွဲမှုကြောင့် ဒုက္ခရောက်နေတဲ့လူတွေအတွက် မင်္ဂလာတောင်ညွန့်မြို့နယ် ပုသိမ်ညွန့်ခြောက်လမ်းထိပ်ရှိ မဟာဝိဇယာရာမကျောင်းတိုက်တွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ပေးထားပြီး ကယ်ဆယ်ရေးစခန်းတွင်ရောက်ရှိနေသော မီးဘေး
ဒုက္ခသည်များအတွက်..... .အ၀တ်အစား၊ အသုံးအဆောင်၊ အိမ်သုံးပစ္စည်းအမျိုးမျိုးတို့လှူဒါန်း
လိုလျှင်....ဆက်သွယ်နိုင်ပါသည်... 095155891., 095104850, 095077986, ...
မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက် မီးလောင်မှု မြင်ကွင်းများ
၂၉-၁၂-၂၀၁၁  (ဓါတ်ပုံ AP)
မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက်အတွင်း ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်ကျွမ်းတာ
ကြောင့် လူ ၇ ဦးသေဆုံးပြီး ပျောက်ဆုံးတဲ့သူရှိနေတယ်လို့ မျက်မြင်တွေက ပြောပါတယ်။
၂၈ ရက် မနက်ပိုင်း နှစ်နာရီဝန်းကျင်မှာ ဖြစ်တဲ့ ပေါက်ကွဲမှုအရှိန်ကြောင့် အနီးအနား လူနေ ရပ်ကွက်တွေက အိမ်တွေ တုန်ခါပြီး အိမ်အချို့ ပြိုကျတာ၊ နေအိမ်မှန်တွေကွဲတာ၊ ခေါင်မိုး လန်တာတွေဖြစ်ပြီး နေအိမ်အချို့လည်း မီးလောင်ခဲ့တယ်လို့ သိရပါတယ်။ မီးသတ်ကားတွေ
လာတာ နောက်ကျမှုကြောင့် မီးကူးစက်မှု အတော်များများ ဖြစ်သွားတယ်လို့  အနီးနားနေသူ
တဦးမှ ပြောပြပါတယ်။
Friday, December 23, 2011
ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေသူများအား အခွန်ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း
23-12-2011
ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ၏ ၀င်ငွေအပေါ် စည်းကြပ်ကောက်ခံသော အခွန်အား ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့မှ ဒီဇင်ဘာလ ၂၁ရက်နေ့က သတင်းထုတ်ပြန်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီ ပြည်တွင်းအခွန်
များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားခဲ့ပါသည်။
''အခုဟာက နိုင်ငံခြားကနေ နိုင်ငံခြားငွေနဲ့ ပြည်တွင်းကိုလွှဲတဲ့ လစာငွေတွေအပေါ် ကောက်ခံတဲ့
ဝင်ငွေခွန်ကို ကင်းလွတ်ခွင့်ပြုလိုက်တယ်လို့ သိရတယ်။ ဒါကြောင့် နောက်ပိုင်းကျရင် ဟွန်တီပါ ပျောက်လာလိမ့်မယ်လို့ ယူဆရတယ်'' ဟု လည်း စီးပွားရေးပညာရှင်တစ်ဦးကပြောကြား
ခဲ့သည်။
Wednesday, December 21, 2011
အညတရသူရဲကောင်းဆု ဂုဏ်ပြုပွဲအခမ်းအနား
Friday, December 16, 2011
မီဒီယာတချို့  ပြည်တွင်းဝင်မယ်သတင်းထွက်
ကျော်ဆန်းက ပြည်ပမဒီယာက လူတချို့ ကို ဗမာပြည်လာဖို့ ဖိတ်ခေါ်ထားတယ်ကြားပါတယ်။
VOA ဗမာပိုင်းအစီအစဉ်အရာရှိကတော့ ဗမာပြည်ထဲရောက်နေပြီးပါပြီ။ BBCနဲ့ RFA ကိုတော့
 ဖိတ်ခေါ်ထားတယ်လို့ မကြားမိသေးပါ။
ဧရာဝတီက အောင်ဇော်က ၂၀၁၂ ခုနှစ်၊ ၁ ရက်နေ့မှာ ဗမာပြည်ကိုလာပါလိမ့်မယ်။
သူက Czech Republic ကထုတ်ပေးထားတဲ့ Travel document ကိုင်ထားသူဖြစ်ပါတယ်။
 DVB က ကိုအေးချမ်းနိုင်လည်း ဗမာပြည်ကို လာဖို့ရှိကြောင်း သိရပါတယ်။ ဘယ်တော့လဲ
ဆိုတာ မသိရသေးပါ။ချင်းမိုင်အခြေစိုက် SHAN News agency က ဦးခွန်ဆိုင်း၊မဇ္ဈိမကကိုစိုးမြင့်
တို့ကို ပြန်ကြားရေးဝန်ကြီး (ဆိုသူ) ကျော်ဆန်းက ဖိတ်ခေါ်ကမ်းလှမ်း ထားပါ တယ်တဲ့။
အောင်နိုင်ဦး လည်း နောက်နှစ်လလောက်အတွင်းမှာ ဗမာပြည်ကို လာဖို့ရှိပါတယ်တဲ့။ ဗဟု
အုပ်စုက ရန်ကုန်မှာ ရုံးခွဲဖွင့်ပြီးပါပြီ၊ မကြာမှီ တင်မောင်သန်း ရုံးထိုင်ဖို့ ရှိပါတယ်တဲ့
ဗျား။ ကြားတဲ့သတင်းတွေမျှလိုက်တာပါ။
မီဒီယာတွေဟာ စစ်အာဏာရှင်တွေ လှည်ကွက်မှာ မျက်စိလည်သွားကြတာအခုမှမဟုတ်ပါဘူး။
၁၉၆၂ ခုနစ်ကတည်းကပါ။ ရှု့ ထောင့်ဂျာနယ်တို့ ၊ ကြေးမှုန်တို့  ၊ရှေ့ သို့  တွေမှာရေးခဲ့တဲ့နာ
မည်ကြီး သတင်း ဂျာနယ်သမားကြီးတွေတောင် ဦးနေ၀င်း က ဆိုရှယ်လစ်စနစ်ကိ
သွားမယ် ဆိုတော့ယုံခဲ့ကြပါတယ်။ အခုလည်း စစ်တပ်က ဦးဆောင်ပြီး ဒီမိုကရေစီကိုသွားမယ်
ဆိုတာကို မီဒီယာတွေယုံနေကြပြန်ပါတယ်။
Thursday, December 15, 2011
ရွှေည၀ါဆရာတော်ကြီးအား ကျောင်းတိုက်အတွင်းမှ
နှင်ထုတ်ခြင်းကိစ္စ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ကူညီမည်
၁၅-၁၂-၂၀၁၁
ရွှေည၀ါဆရာတော်အား နိုင်ငံတော်သံဃာ့နာကယအဖွဲ့မှ ဒုဗ်ဗစ ပုဂ်ဂိုလ်အဖြစ်သတ်မှတ်ခြင်း၊
ဆရာတော်အား သာဓုကျောင်းတိုက်အတွင်းမှ ထွက်ခွါပေးရန်နှင်ထုတ်ခြင်းနှင့်ကျောင်းဝင်း
အတွင်း မည်သည့်သင်တန်းမှ ဖွင့်လှစ်သင်ကြားခြင်းမပြုရဟူသော အချက်(၃)ချက်ပါအရေးယူ
ဆောင်ရွက်ရန်အမိန့်စာကိုထုတ်ပြန်ပြီးနောက်ယနေ့ ဒီဇင်ဘာလ(၁၅)ရက်နေ့၊နေ့လည် (၁)နာရီ အချိန်တွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌဦးတင်ဦးနှင့်ဒေါ်မေ၀င်းမြင့်တို့လာရောက်၍ ဆရာတော်အားအရေးယူသည့်ကိစ္စကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်နိုင်ငံတော်သံဃာ့နာ
ကအဖွဲ့သို့အရေးယူမှုအားရုပ်သိမ်းပေးပါရန်အသနားခံလျှောက်ထားပေးမည်ဟု ဒုဥက္ကဌ ဦးတင်ဦးမှ
ပြောကြားသွားခဲ့ပါသည်။
ဆရာတော်မှလည်း(ယခုကိစ္စမှာမိမိ၏သံဃာ့ကိစ္စတာဝန်သာဖြစ်ကြောင်း၊ဒါယကာ၊ဒါယကာမတို့
အနေနှင့်စိုးရိမ်ပူပန်စရာမရှိကြောင်း၊ယခုကဲ့သို့လူစုလူဝေးများလာပါလျှင်ဆရာတော်အားဆူပူ
စေမှုဖြင့်ထပ်မံစွပ်စွဲနိုင်ပါသဖြင့်မိမိတို့၏နေအိမ်များသို့သာအမြန်အေးချမ်းစွာပြန်ကြပါရန် ဆရာတော်အနေဖြင့်မေတ္တာရပ်ခံအပ်ပါကြောင်း)မိန့်ကြားသွားခဲ့ပါသည်။ယနေ့သာဓုကျောင်း
တိုက်သို့ စာသင်ရန်လာရောက်ကြသောသံဃာတော်အရှင်မြတ်များလည်းစာမသင်ရဘဲပြန် သွားရကြောင်းနှင့်ဆရာတော်၏ဒါယကာ၊ဒါယကာမများ (၂၀၀)ခန့်လာရောက်ခဲ့ပါကြောင်း
သိရှိရပါသည်။
ဗုဒ္ဓ ဘာသာကမ္ဘာအေးစေတီတော် နှင့် ဘုန်းတော်ကြီးကျောင်း ပိတ်ပစ်ခံရခြင်း
မြန်မာအမျိုးကောင်းသားတို့ ခင်ဗျား
ဂျပန်နိုင်ငံမှာတည်ရှိကိုးကွယ် ထားသော ထေရဝါဒ ဗုဒ္ဓဘာသာ  ကမ္ဘာအေးစေတီတော်မြတ်နှင့် ဘုန်းတော်ကြီးကျောင်း အားဂျပန်ဂေါပက အာဏာပိုင် တို့ မှ ပိတ်ပစ်ရန်ဆုံးဖြတ်ကာ၊ရဟန်း
သံဃာတို့ အားမောင်းထုတ်ခြင်း အား ပြင်းထန်စွာ ကန့် ကွက်ပါသည်။
ထေရဝါဒဗုဒ္ဓဘာသာ သည် မြန်မာတို့ ၏ အထွတ်အမြတ်ထားဆက်ကပ်ကိုးကွယ်ရာ ဘာသာ
တရားဖြစ်သည်။မြန်မာတို့ ၏ သမိုင်းစဉ်လာ ယဉ်ကျေးမှု ဖြစ်သည်။မြန်မာတို့ ၏ အမျိုးသားရေး ဘဝဖြစ်သည်။ထို့ အတွက်  ဂျပန်နိုင်ငံရှိ ဂျပန်ဂေါပကအဖွဲ့ မှ ယခုကဲ့သို့  မြန်မာလူမှုအသိုင်း
အဝိုင်းကို အသိပေး တိုင်ပင်ဆွေးနွေးမျှုမရှိပဲ တဖက်သတ် ဆုံးဖြတ်လုပ်ကိုင်ခြင်းသည် မြန်မာတို့ 
၏ အမျိုးဘာသာသာသနာကို စော်ကားဖျက်ဆီးခြင်းဟု ခံယူရပါသည်။
သို့ ဖြစ်ပါသဖြင့်  ယခုကဲ့သို့ ဂျပန်ဂေါပကအဖွဲ့ ၏ လုပ်ရပ်အား ပြင်းထန်စွာကန့် ကွက်ကာ၊ ကမ္ဘာ အေးစေတီတော်မြတ်နှင့် ဘုန်းတော်ကြီးကျောင်းပိတ်ပစ်ခြင်းကို ရပ်တန့် ပေးပါရန်အလေးအနက် တောင်းဆိုလိုက်ပါသည်။
ဂျပန်နိုင်ငံရောက်မြန်မာအပေါင်း နှင့် ကမ္ဘာအရပ်ရပ်မှ မြန်မာ အပေါင်းမှနေပြီး ဝိုင်းဝန်းကာ ဂျပန်အစိုးရအပါအဝင်၊ ဂျပန်ဂေါပကအဖွဲ့ အား တောင်းဆိုကန့် ကွက်ပေးကြပါရန် နိုးဆော်
လိုက်ပါတယ်။
အမျိုးဘာသာ သာသနာကို ထိမ်းသိမ်းကာကွယ်စောင့်ရှောက်လော့ ။
               လက်ဆင့်ကမ်းနိုးဆော်ကြပါ။
                                                 ရဲငြိမ်း
ရွှေညဝါဆရာတော် ဦးပညာသီဟအား မတရားထုတ်ပြန်ချက်ကို သံဃာအရေး ပြည်သူ့ အင်အားဖြင့် ကာကွယ်မည်
အကြောင်းအရာ.... ရွှေညဝါဆရာတော်အား အရေးယူဆောင်ရွက်ရန်ကိစ္စ
ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင့်တိုင် မြို့နယ် သာဓုကျောင်းတိုက်မှ ရွှေညဝါဆရာတော်ဦးပညာ
သီဟ၏ မန္တလေးတိုင်း ဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲချုပ်ရုံး၌တရားဟောကြားခြင်းကိစ္စ
တင်ပြလာခြင်းနှင့် စပ်လျဉ်း၍ ၂၈ရက် ၁၁လ ၂၀၁၁ခုနှစ်၌ ကျင်းပသော ဆဋ္ဌမအကြိမ် နိုင်ငံတော်
သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီအစည်းအဝေးက ဖော်ပြလတ္တံပါအတိုင်း ဆုံးဖြတ်ခဲ့ပါသည်..။
ဆုံးဖြတ်ချက်....့
ရွှေညဝါဆရာတော် ဦးပညာသီဟ၏ မန္တလေးတိုင်း ဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ တရားဟောကြားခြင်းကိစ္စနှင့် စပ်လျဉ်း၍
(က) ရွှေညဝါဆရာတော် ဦးပညာသီဟအား နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ပိုင် ကြည့်မြင်
တိုင်မြို့နယ် သာဓုကျောင်းတိုက်မှ ဖယ်ရှားရန်..။
(ခ) သံဃအဖွဲ့အစည်း အဆင့်ဆင့်၏ ဆုံးဖြတ်သည်ကို မနာခံ၍ ဒုဗ္ဗစ ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရန်။
(ဂ) နိုင်ငံတော် သံဃမဟာနာယအဖွဲ့၏ ခွင့်ပြုချက်မရပဲ မည်သည့်ပုဂ္ဂိုလ်မှ သာဓုကျောင်းတိုက်
အတွင်း မည်သည့်သင်တန်းမျှ ဖွင့်လှစ် ဆောင်ရွက်ခြင်းမပြုရန်။
သို့ဖြစ်ပါ၍ အထက်ပါ အပိုဒ်(၁)ပါ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ အစည်း
အဝေး ဆုံးဖြတ်ချက်နှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်ရေး ရန်ကုန်တိုင်း ဒေသကြီး သာသနာရားသို့ ဆက်လက်ညွှန်ကြား ဆောင်ရွက်သွားပါရန်နှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေ
ကို ပြန်လည်တင်ပြရန် အကြောင်းကြား လျှောက်ထားအပ်ပါသည်..။
ဘဒ္ဒန္တဝါယမ
အဂ္ဂမဟာပဏ္ဍိတ
တွဲဖက်အကျိုးတော်ဆောင် ဆရာတော်
မှတ်ချက်
ယခုလို မတရားအာဏာပိုင်များ၏ လုပ်ရပ်သည် လက်ရှိအခြေအနေကိုထင်ဟပ်စေပြီး ဒီမိုက
ရေစီပြုပြင်ပြောင်းလဲရေးကာလအတွက် နောက်ကြောင်းပြန်လုပ်ရပ်ဖြစ်ပေသည်။ ဒီမိုကရေစီ၏
လူ့ အခွင့်အရေး လွတ်လပ်စွာရေးသားခွင့် လွတ်လပ်စွာပြောဆိုခွင့် ဘာသာတရားကို လွတ်လပ်
စွာကိုးကွယ်ခွင့်များကို ချိန်းခြောက်ရာရောက်ပေသည်။၂၀၀၇ ရွှေဝါရောင်အရေးအခင်း သံဃာ့များ
မေတ္တာပို့ ဆုတောင်းလမ်းလျှောက်ရာတွင် မတရားဖမ်းဆီး သတ်ဖြတ်ထောင်ချခဲ့သည့်အထိ
စစ်အစိုးရမှ လုပ်ခဲ့သည်။
ရွှေညဝါဆရာတော်ကြီးသည် ဘာသာသာသနာနှင့်ညီ မြတ်စွာဘုရားဟောကြားခဲ့သော ဒေဿနာ
တော်များနှင့် ဥပမာပေးဟောပြောခဲ့သည့်အတွက် ခေတ်ကာလကို ထင်ဟပ်စေသောကြောင့် အစိုး
ရမှအကြိမ်ကြိမ် ချိန်ခြောက်မှုများကိုခံခဲ့ရသည်။သံဃာ့နာယက ဆရာတော်ကြီးများကို အာဏာဖြင့်
ခိုင်းစေလုပ်ဆောင်စေခြင်းသည် စစ်အာဏာရှင်တို့ ၏ ဥာဉ်ဆိုးတွေရှိနေသေးတာ ထင်ရှားပါတယ်။
သံဃာ့နာယက ဆရာတော်ကြီးများ နိုင်ငံတကာရောက်ရှိစဉ် လျှောက်ထားခဲ့ဘူးရာ အစိုးရမင်းများ
လုပ်ချင်တာလုပ်တာပေါ့လို့  ဖြေကြားခဲ့ဘူးသည်။ဘာသာ သာဿနာကို ပျက်စီးနေကြသော အာ
ဏာအလွဲသုံးစား လုပ်သူအစိုးရကို ပြည်သူ့ အင်အားဖြင့် ဆန့် ကျင်ကန်ကွက် ဆန္ဒပြရန်လိုအပ်
 ပါသည်။ယခုအချိန်သည် ဒီမိုကရေစီအရ ဆန္ဒပြခွင့် ရှိသောကြောင့် သံဃာ့အရေး သံဃာများ
နှင့် ပြည်သူများ မတရားမှုမှန်သမျှအားဆန့် ကျင် ဆန္ဒပြရန် တိုက်တွန်းအပ်ပါသည်။
Monday, December 12, 2011
ဂျပန်နိုင်ငံမှ စီးပွားကူးသန်းဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်မည်
Monday, 12 December 2011 01:10
AddThis Social Bookmark Button
ဂျပန်နိုင်ငံမှ စီးပွားကူးသန်းဝန်ကြီး မြန်မာနိုင်ငံသို့ မကြာမီလာရောက်မည်ဟု စီးပွားရေး
နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ဒီဇင်ဘာလ
၁၁ ရက်နေ့က ကျင်းပသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲတွင် မြန်မာနိုင်ငံအနေဖြင့် မကြာမီလက်ခံကျင့်သုံးရမည့် AFTA အတွက်
ဖြစ်စေ၊ ၀င်ရောက်လာမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက်ဖြစ်စေ ကြိုတင်ပြင်ဆင်မ
ှုများ ယခုထက်များစွာပြုလုပ်ရမည့်အပေါ် ပြောကြားရာ၌ ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်မှ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
''ဂျပန်စီးပွားကူးသန်းဝန်ကြီး မကြာခင်လာရောက်မယ်။ ကျန်တဲ့နိုင်ငံတွေကလည်း လာဖို့ရှိ
ပါတယ်။ ဒီလိုပဲ မြန်မာနိုင်ငံမှာ ပို့ကုန်သွင်းကုန်ဘဏ် (Exim Bankု) လာတည် ထောင်ချင်
တယ်ဆိုပြီး ဆွေးနွေးလာတဲ့သူတွေလည်း ရှိပါတယ်''ဟု အဆိုပါတွေ့ဆုံပွဲတွင် ပြည်ထောင်စု