Friday, December 11, 2015

အနှေးယာဉ်လုပ်သားများနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့မည်



၂၀၁၅-၁၂-၁၁
၂ဝ၁၅ အထွေထွေရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ မဲဆွ
ယ်စည်းရုံးရေး လုပ်ငန်းများတွင် အားဖြည့်ကူညီပေးခဲ့သော ရန်ကုန်တိုင်းဒေသကြီးရှိ အနှေးယာဉ်လုပ်သားများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လာမည့်ဒီဇင်ဘာလ (၂၆)ရက်တွင် တွေ့ဆုံ သွားမည်ဖြစ်သည်။

Sunday, November 8, 2015

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေး ပံ့ပိုးမှုကော်မတီ(ဂျပန်)











၂၀၁၅-၁၁-၈

၂၀၁၅ ခုနှစ်၊နိုဝင်ဘာလ(၈)ရက်တွင်ကျင်းပသည့် အထွေထွေရွေးကောက်ပွဲကြီးတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (National League for Democracy) ရာနှုန်းပြည့်အောင်နိုင်ရေးအတွက် ဂျပန်နိုင်ငံ၊တိုကျိုမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေး ပံ့ပိုးမှုကော်မတီ(ဂျပန်)မှ ကြီးမှုး၍ တိုကြိုမြို့  akadanobaba Recycle Center 2F, Room A-B တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အနိုင်ရ လွှတ်တော်ကိုစားလှယ်များအား အင်တာနက် ဖေ့ဘုဒ်စာမျက်နှာပေါ်တွင် ဖေါ်ပြကြေညာသွားမည်ဖြစ်သည်။

Sunday, November 1, 2015

လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် အကြမ်းဖက်မှုနှင့် မဲလိမ် မဲခိုး မဲမသမာမှုများ ထင်ရှားလျှင် နိုင်ငံတကာ ခုံရုံးတင်မည်။


၁-၁၁-၂၀၁၅
၂၀၁၅ ရွေးကောက်ပွဲကော်မရှင်က လွှတ်လပ်ပြီး တရားမျှတအောင် ဆောင်ရွက်ပေးမယ်လို့ 
 ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ကမ္ဘာကိုကြေညာထားတာတွေ့ ရပါတယ်။
၂၀၁၅ ရွေးကောက်ပွဲအတွက် စင်င်္ကာပူ ဂျပန် ကိုရီးယား စသည့်နိုင်ငံတွေမှာ ကြိုတင်မဲပေးရာတွင်
 ပြည်သူ့ လွှတ်တော်၊အမျိုးသားလွှတ်တော်၊တိုင်းဒေသကြီးလွှတ်တော် ၃ မဲပေးရပြီး တိုင်းရင်းသား
ပါရင် ၄ မဲဖြစ်ပါသည်။ ထိုမဲများတွင် ၂ မဲသာရရှိသူ၊ ၁ မဲသာရရှိသူနှင့် ပုံစံ(၁၅ )တင်ထားသော်
လည်း မဲမပေးရသူများ ရှိခဲ့သည်။နောက်ပိုင်တွင် ကျန်မဲများ ထပ်ပေးခွင့်ရသူနှင့် လုံးဝမပေးလိုက်ရ
သူများရှိသည်။ဥပဒေတွင် အသက် ၁၈ နှစ်ပြည့်သူတိုင်း မဲပေးခွင့်ရှိရမည်ဟု သတ်မှတ်ထားသော်
လည်း အကြောင်းအမျိုးမျိုးကြောင့် မဲပေးခွင့်မရရှိသူ နိုင်ငံတိုင်းတွင် တော်တော်များများရှိပြီး မဲပေးခွင့်
ဆုံးရှုံးခဲ့ရသည့် အကြောင်းမှာ ပုံစံ (၁၅)ဖြင့် ရည်ရွယ်ချက်ရှိရှိ ထိမ်းချုပ်ခဲ့ခြင်းကြောင့်ဖြစ်သည်။

လာမည့် ၈ ရက်နေ့ တွင် နိုင်ငံအနှံအပြားတွင် မဲပေးကြရမည်ဖြစ်သည်။ ပြည်သူတွေ လွတ်လွတ်
လပ်လပ် မဲပေးခွင့်ရရှိဖို့ လိုပြီး မဲမသမာမှုများ မဲလိမ် မဲခိုးများ မဖြစ်ဖို့  ရွေးကောက်ပွဲကော်မရှင်တွင်
တာဝန်ရှိပြီးအကြမ်းဖက်မှုများ မဖြစ်ပေါ်စေရန် အစိုးရတွင်တာဝန်ရှိသည်။လပ်တလောတွင် မြို့  ရွာ
အနှံအပြားတွင် မဲစာရင်းများ သောင်း၊ သိန်းနှင့်ချီ၍ ပိုနေသည်ကို အထောက်အထားများနှင့် ဖေါ်ပြ
လျှက်ရှိရာ ရွေးကောက်ပွဲကော်မရှင်မှ ပြန်လည်ပြင်ဆင်ခြင်းမရှိသည်ကိုတွေ့ ရှိရသည်၊၊

ကြိုတင်မဲများ စာရင်မရှိပဲ ပိုနေသည်များကို တွေ့ ရှိရ၍ သက်ဆိုင်ရာသို့ တိုင်ကြားထားကြသည်။
 မဲပေးသည့်နေ့ ရက်တွင် မဲမသမာမှုများ မဲလိမ်မှုများ မသမာမှုများ အကြမ်းဖက်မှုများ အထောက်
အထားများနှင့် တွေ့ ရှိပါက မှတ်တမ်းတင်၍နိုင်ငံတကာ ခုံရုံးတင်ပြီး တရားဆွဲဆိုရန်ရှိသည်ဟု
 ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ များက ဆိုသည်။

ထိုရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် EU နှင့် အနောက်နိုင်ငံများက နည်းပညာနှင့် ရွေးကောက်ပွဲ
ဆိုင်ရာ သင်တန်များပို့ ချပြီး ဒေါ်လာ ဘီလျှံနှင့်ချီ၍ ကူညီမှုများပေးထားပြီးလွတ်လပ်၍ တရားမျှတသော
 ရွေးကောက်ပွဲကျင်းပပေးမည်ဟု အစိုးရနှင့် ရွေးကောက်ပွဲကောက်မရှင်မှ ကမ္ဘာကိုကြေညာထားသည်။ထိုရွေးကောက်ပွဲကို နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့ များမှ စနစ်တကျ
 စောင့်ကြည့်မှတ်တမ်းတင်မည်ဖြစ်သည်။ မင်္သကာမှုများ မဲခိုးမှုများ ဖိအားပေးပြီး မတရားမဲပေးခိုင်စေ
မှုများ ရွေးကောက်ပွဲဥပဒေချိုးဖေါက်မှုများ အကြမ်းဖက်မှုများ မတရားမှုတွေရှိခဲ့ပါက မှတ်တမ်းများနှင့်
အတူ ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး လွတ်လပ် တရားမျှတမှုမရှိပါက UN သို့  တင်ပြရန်ရှိသည်။
ထိုမတရားမှုများနှင့် နိုင်ငံသားတို့ ၏ ရသင့်ရထိုက်သော အခွင့်အရေးများဆုံးရှုံးခဲ့ပါက မြန်မာနိုင်ငံ
 ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့ များနှင့်နစ်နာမှုရှိသူများကို အခြေခံ၍ နိုင်ငံတကာခုံရုံး
တင်တရားဆွဲရာတွင် နိုင်ငံတကာမှလာရောက်လေ့လာသူအဖွဲ့ အစည်းများ၏ အထောက်အထားများ
ကို သက်သေခံအထောက်အထားများအဖြစ် ဆောင်ရွက်ရန်ရှိသည်။

ထို့ ကြောင့် ပြည်သူများ၏ ဆန္ဒနှင့် ဆန့် ကျင်သော မတရားမှု ရလဒ်ဖြစ်ပေါ်လာပါက နိုင်ငံသားများ
မှ နှုတ်ဆိပ်နေမည်မဟုတ် သက်ဆိုင်ရာ အစိုးရနှင့် ရွေးကောက်ပွဲကော်မရှင်ကို ပြည်တွင်းရွေးကောက်
ပွဲ ဥပဒေနှင့် နိုင်ငံတကာ ဥပဒေများအရ တရားဆွဲဆိုမည်ဖြစ်ကြောင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့
လာသူများနှင့် အဖွဲ့ အစည်းများထံမှ သတင်းရရှိသည်။

မြသိန်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲဆိုင်ရာ ဟောပြောပွဲ (ရန်ကုန်)






1-11-2015
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာလ ၁ ရက်နေ့ ယနေ့မွန်းလွဲ ၄ နာရီက ရွေးကောက်ပွဲအောင်နိုင်ရေးဟောပြောပွဲကို သုဝဏ္ဍမြို့ ဦးစေတီကွင်း တွင်ပြုလုပ်ခဲ့သည်။

Friday, October 2, 2015

ကချင်ပြည်နယ် ၀ိုင်းမော် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု
ကြည် မဲဆွယ်စည်းရုံးရေးဟောပြောပွဲ ကို အာဏာပိုင်တွေ
ပိတ်ပင်ခဲသော်လည်း ဒေသခံပြည်သူမျာ တစ်ခဲနက်ကြိုဆို





၂-၁၀-၂၀၁၅

ကချင်ပြည်နယ် ၀ိုင်းမော် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးရေးဟောပြောပွဲ     ကို အာဏာပိုင်တွေ ပိတ်ပင်ခဲသော်လည်း ဒေသခံပြည်သူမျာ တခဲနက်ကြိုဆိုခဲ့ကြပြီး ကွင်းတခုလုံး       ရဲရဲနီခဲ့ပါတယ်။

အာဏာရှင်တွေ မနောကွင်းတံခါးတွေကို တော့ အာဏာသုံးပြီးပိတ်ချင်ပိတ်လို့ရမယ် မနောသူ မနော သားတွေရဲ့ အမေ့ကိုယုံကြည်ကိုးစား ချစ်ခင်တဲ့နှလုံးသားတံခါးကိုတော့ ဘာလက်နက်နဲ့မှ ပိတ်လို့မရဘူးဆိုတာ ဒီပုံရိပ်တွေက သက်သေပဲ။ကချင်ပြည်သူတွေဟာ ဖခင်ဗိုလ်ချုပ်အောင်ဆန်း လက်ထက်ထဲက ဗိုလ်ချုပ်ကို ထောက်ခဲ့ကြပြီး ၁၉၉၀ ရွေးကောက်ပွဲမှာလည်း NLD ကို တစ်ခဲနက် ထောက်ခံပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ကချင်ပြည်သူတွေ NLD ကို ထောက်ခံကြဖို့  ဒေါ်အောင်ဆန်းစုကြည်ကတိုက်တွန်းခဲ့ပါတယ်။

Wednesday, September 30, 2015

ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးအင်အေး ၀န်ခံတာဝန်ယူမလား၊ နှုတ်ထွက်မလား ကြိုက်ရာရွေး

၃၀-၉-၂၀၁၅
အခြေခံ မဲဆန္ဒရှင်စာရင်း အပြည့်အစုံ မှန်ကန်မှု မရှိခြင်းသည် မီဒီယာများကြောင့်ဟု ပြည်ထောင်စု
 ရွေး/ကော် ဥက္ကဌ မှပြောကြားလို က်ခြင်းသည် အခြအမြစ်မရှိသော အပြစ်တင်ခြင်းသာဖြစ်ပြီး
 နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့ (IFES)မှတာဝန်ယူ ပူးတွဲဆောင်ရွက်ခြင်းဖြစ်သော
ကြောင့် အမှားအယွင်းများကို တာဝန်ယူ ဖြေရှင်းပေးရမှာဖြစ်တယ်။

ကော်မရှင်
"ကျနော်တို့ဆီမှာက ရွေးကောက်ပွဲနှစ်ခုရှိတယ်လေ၊ အဲ့ဒီရွေးကောက်ပွဲတွေနဲ့ ပတ်သက်လို့ 
လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဆိုတဲ့ရည်ရွယ်ချက်လည်းပါတယ်၊နိုင်ငံတကာ 
အဖွဲ့အစည်းတွေနဲ့ရော ၊နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ရော ညီအောင်ဆိုပြီးတော့ ကျနော်တို့ 
နည်းဥပဒေတွေပြင်ဆင်ထား တာတွေရှိတယ် အဲ့မှာလုပ်ငန်းလမ်းညွှန်တို့ဘာတို့လည်း 
ကျနော်တို့ ပြင်ဆင်ထားတယ်၊နောက်တခါ ကျနော်တို့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးတဲ့ကိစ္စနဲ့ 
ပတ်သက်လို့ကိုလည်း ညွှန်ကြားချက်အသစ် ထုတ်ပြန် ဖို့ကိုစီစဉ်ထားတာရှိတယ်၊ကျနော်တို့ 
စီစဉ်ထားတာတွေ အားလုံးကို သက်ဆိုင်ရာ နိုင်ငံရေးပါတီတွေကိုလည်းကျနော်တို့က ဒီမူကြမ်း
တွေကိုဖြန့်ဝေပြီးတော့ပေါ့နော် သူတို့ရဲ့သဘောထားအကြံ အဥာဏ်လေးတွေကိုလည်း ကျနော်တို့ 
အဲ့ဒီညှိနှိုင်းအစည်းအဝေးမှာပဲကျနော်တို့ ရယူသွားပြီးဆောင် ရွက်သွားဖို့ရှိပါတယ်"လို့  ပြည်ထောင်
စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌနဲ့ နိုင်ငံရေးပါတီ (၆၅) ပါတီတို့ ရန်ကုန်မြို့ကSky Star ဟိုတယ်မှာ
 ၂၀၁၄ ခုနှစ် မေလ (၁၅) ရက် ကြာသာပတေးနေ့ မှာတွေ့ဆုံဖို့ သတင်းထုတ်ပြန်ရေးအဖွဲ့ကပြော
ဆိုခဲ့ပါတယ်။

သတင်းမီဒီယာများ ထောက်ပြဝေဖန်ခြင်းသည် မှန်မှန်ကန်ကန်ဖြစ်စေဖို့ အမှားများကို ထောက်ပြခြင်း
ဖြစ်ပြီး ပြန်လည်ပြင်ဆင်နိုင်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်။အမှားအတိုင်းထားရှိပါက တရားမျှ
တမှုမရှိသောကြောင့်ထောက်ပြရခြင်းဖြစ်သည်။ဒီမဲစာရင်းအမှားတွေနဲ့ ပတ်သက်ပြီး ပူးပေါင်းကူညီ
နေတဲ့ (IFES) မှာလည်းတာဝန်ရှိတယ်။မိမိတာဝန် မယူနိုင်ဘူးဆိုရင် ကျွန်တော်တာဝန်ယူပါမယ်။
သတင်းသမားတွေဟာ အချိန်နဲ့  တပြေးညီ သတင်းများကို မှတ်တမ်းတင်ထားပြီးဖြစ်တယ်။ ပြည်သူ
တွေကို လိမ်ချင်တိုင်းလိမ် ခြောက်ချင်တိုင်းခြောက်လို့  ကြောက်မှာမဟုတ်ဘူး။အာဏာရှင်တွေကို
တော်လှန်နေတဲ့ ခေတ်ဖြစ်တယ်ဆိုတာ မှတ်ထားသင့်တယ်။ပြည်သူ့ အတွက် ဆောင်ရွက်ရမှာ
သတင်းသမားတွေရဲ့  တာဝန်ဖြစ်တယ်။

အခုအချိန်ဆို အချိန်မှီပါသေးတယ် ၁ လလောက်ကျန်ပါသေးတယ်။ ပြည်တွင်းပြည်ပမှ တာဝန်ယူလုပ်
ပေးနိုင်သူ ပညာရှင်တွေအများကြီးရှိပါတယ်။နိုင်ငံတကာမှလည်း ကူညီပေးမည့်သူတွေရှိနေပါတယ်။
 ရွေးကောက်ပွဲကော်မရှင် လွှဲပေးမလား ၁ လအတွင်း မှန်မှန်ကန်ကန်ဖြစ်အောင်လုပ်နိုင်ပါတယ်။ 
စာရင်းကောက်ထားပြီးသားလူမှုအဖွဲ့ အစည်းတွေအများကြီးရှိတယ်။တာဝန်မယူနိုင်ရင် ဆင်းပေးပါ 
အရင်ထဲက ရွေးကောက်ပွဲကော်မရှင်ကို မယုံကြည်လို့  ဆင်းခိုင်းနေတာ မဆင်းဘဲ တွဲကပ်နေပြီး 
အခုမှ မီဒီယာကြောင့်လို့ အကြောင်းပြလည်း ပြည်သူတွေနဲ့  နိုင်ငံတကာက မယုံကြည်ပါ။လွတ်လပ်
ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ရည်ရွယ်ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ရော ၊နိုင်ငံတကာ
 စံချိန်စံညွှန်းတွေနဲ့ရော ကိုက်ညီအောင်ဆိုပြီးတော့ အကူအညီတွေ သန်းပေါင်းများစွာယူထားပြီးအခု
အချိန်ကြမှ ကွန်ပြူတာ မှာယွင်းမှုဆိုပြီးပြောတာတွေ သတင်းမီဒီယာ ကြောင့် လို့  အပြစ်ပုံချတာတွေ
ဟာ ကလေးကွက်တွေပါ။ ပထမအကြိမ် မပါတဲ့သူတွေ ဒုတိယအကြိမ်မှာပါလာပြီး ပထမအကြိမ်
မှာ ပါထားပြီးသားသူတွေ ဒုတိယအကြိမ်မှာမပါလာတာတွေ ကျား၊မ မှားနေတာတွေ၊သေပြီးသူတွေ
ပါနေတာ၊မိသားစုစာရင်းမှာ မရှိသူတွေ ပါလာတာတွေဟာ လိမ်စင်တွေဆိုတာ ပြည်သူတွေသိပါတယ်။
 သက်သက်အလုပ်ရှုပ်အောင်(ပုံစံ ၃) နဲ့  (ပုံစံ ၄ )တွေဖြည့်ခိုင်းတာ အမှားအယွင်းများအောင်လုပ်နေ
တာဖြစ်တယ်။ အရပ်သား လူမှု့ အဖွဲ့ အစည်း တခုခုကို အပ်လိုက်ရင် ဒီလောက်တောင်ဖြစ်မှာမဟုတ်
ဘူး၊၊ စစ်တပ်က ပြောင်းလာတဲ့လူတွေနဲ့ ဖွဲ့ စည်းခဲ့တာကြောင့် လိမ်ကွက်တွေနဲ့  အမှားတွေဖြစ်လာ
တာပါ။အခုအချိန်မှ ဆင်ချေတွေပေးလဲ ပြည်သူတွေက မယုံတော့ပါ လွတ်လပ်တရားမျှတတဲ့
 ရွေးကောက်ပွဲဖြစ်ဖို့  အချိန်ရှိပါသေးတယ် ၁ လ လောက်အတွင်း နည်းပညာတွေနဲ့  မှန်မှန်ကန်ကန်
ဖြစ်အောင် လုပ်လို့ အချိန်မှီပါသေးတယ်။ တာဝန်မယူနိုင်ရင် လူမှုအဖွဲ့ အစည်းတွေကို အပ်လိုက်ပါ 
တရားမျှတ မှန်ကန် မြန်ဆန်ပြီး စနစ်တစ်ခု ပြောင်းလဲပေးပါလိမ့်မယ်။

ရွေးကောက်ပွဲကော်မရှင် တာဝန်ခံယူထားတဲ့ နိုင်ငံတော်ငွေ သန်း ၆၀၀ နဲ့ နိုင်ငံကာက လှူဒါန်းထားတဲ့ 
ဘီလျှယံနဲ့ ချီတဲ့ ဒေါ်လာတွေကို စာရင်းတိတိကျကျနဲ့  လွဲပြောင်းပေးပါ။ သတိရှိလား မလုပ်နိုင်ရင် 
လွှဲပေးလိုက်။ လိမ်ဖို့ မကျန်နဲ့ ဒီမိုကရေစီစနစ်ဟာ တိကျမှန်ကန်တဲ့စနစ်ဖြစ်တာကြောင့် စာရင်းစာယား
မှားယွင်းတာကို ဘယ်နိုင်ငံမှာမှ လက်မခံပါဘူး။ ရွေးကောက်ပွဲ ကလိမ်ကကျစ်တွေနဲ့  အာဏာရှင် 
သက်ဆိုးရှည်စေမဲ့ ဘယ်လိမ်စဉ်မျိုး လုပ်ရပ်မျိုး မှပြည်သူတွေလက်မခံဘူးဆိုတာ သေသေချာချာ
 ခေါင်းထဲဆွဲထားပါ။လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲလည်းမဖြစ် မှန်မှန်ကန်ကန်မလုပ်ခဲ့ရင်
တရားဥပဒေကြောင်းအရ အရေးယူရမည်။

မြသိန်း

Sunday, September 27, 2015

ဒေါ်အောင်ဆန်းစုကြည်အား ဟုမ္မလင်းမှ ပြည်သူများ
တခဲနက်ကြိုဆို





26-9-2015
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညနေပိုင်းတွင်
 ဟုမ္မလင်းသို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်းသိရသည်။၎င်းအနေဖြင့် ဟုမ္မလင်းတွင် 
စက်တင်ဘာ ၂၇ ရက်တွင် ရွေးကောက်ပွဲဆိုင်ရာဟော ပြောပွဲ ပြုလုပ်သွားမည်ဖြစ်သည်။


Kyaw Swar Myint

Saturday, September 26, 2015

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ လူထုခေါင်ဆောင် ဒေါ်အောင်ဆန်းစုကြည် ခန္တီးမြို့မှာ ဟောပြော


၂၆-၉-၂၀၁၅
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် 
ညနေ ၃ နာရီတွင် ခန္တီးမြို့ မြသိန်းတန်ကျောင်းတိုက် ဆရာတော်အား သွားရောက်ဖူးမျှော်ခဲ့ပြီး 
စက်တင်ဘာ ၂၆ရက်တွင် ထမံသီ နှင့် ၂၇ရက်တွင် ဟုမ္မလင်းမြို့တို့၌ ဆက်လက် မဲဆွယ်စည်း
ရုံးရေးနှင့် ရွေးကောက်ပွဲ ပညာပေးဟောပြောမည် ဖြစ်သည်။