Showing posts with label ၇ ဂျွန်လှိုင် သမိုင်းဖြစ်ရပ်. Show all posts
Showing posts with label ၇ ဂျွန်လှိုင် သမိုင်းဖြစ်ရပ်. Show all posts

Sunday, July 8, 2012

ဒုသမ္မတ ရာထူး ဦးဌေးဦးနှင့်မထိုက်တန် ပြည်သူများလက်မခံ

 ၂၀၁၂-၇-၈
ဒု သမ္မတ အဖြစ်ရွေးချယ်ရန် နံမည်ထွက်နေသော အတွင်းရေးမှူး ဦးဌေးဦးသည် ဒီပဲယင်း နိုင်ငံတော်
လုပ်ကြံမှူကြီးတွင် အဓိကတရခံတဦးအဖြစ်ထင်ရှားပြီး လူ့ အခွင့်အရေးချိုးဖေါက်မှုကို နိုင်ငံသားများ
ကန့် ကွက်ခဲ့ကြပြီး နိုင်ငံတကာတွင်လည်း သိရှိထားသူတဦးဖြစ်သည်။ ဒု သမ္မတ နေရာတွင် သမ္မတ
ဦးသိန်းစိန် ပြောသည့်အတိုင်း ပြည်တွင်းငြိမ်းချမ်းရေးနဲ့  ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို စိတ်ရော
ကိုယ်ပါ ဆောင်ရွက်နိုင်မည်သူ ရိုးသားမှုရှိသူ နံမည်ပျက်မရှိသူမှသာ ပြည်သူကလက်ခံနိုင်မည်ဖြစ်ပြီး
တိုင်းပြည်အတွက် အကျိုးရှိမည်ဖြစ်သည်။
ဒီပဲရင်းတွင် ပြည်သူများ ၁၀၀ကျော်သေဆုံခဲ့ရပြီး ယနေ့ အချိန်အထိ တရားခံများကို ဖေါ်ထုတ်ပေးခြင်း
စုံစမ်းစစ်ဆေးခြင်း ဥပဒေကြောင်းအရ တရားဆွဲဆိုခွင့်များလည်းမရရှိခဲ့ပေ။မြန်မာနိုင်ငံတွင် ဥပဒေစိုးမိုး
ရေးအတွက် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများ ပြုလုပ်နေချိန်တွင် ဥပဒေချိုးဖေါက်ခဲ့သူမှ ဒုသမ္မတ
ရာထူးကို နေရာယူခဲ့လျှင် အနာဂတ်မြန်မာနိုင်ငံအတွက် ဂုဏ်သိက္ခာကိုထိခိုက်စေပြီး နိုင်ငံတကာရောက်   မြန်မာနိုင်ငံသားများမှ လက်ခံလိမ့်မည်မဟုတ်ပေ ဥပဒေစိုးမိုးလာလျှင် ပြည်သူများ၏ အသက်ပေး၍နှစ် နာဆုံးရှံးမှုများကို နိုင်ငံတော်မှ ပြန်လည်ဖြေရှင်းပေးပြီး တာဝန်ယူရမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ သမိုင်းကြောင်းများသည် ဖျောက်ဖျက်၍ မရနိုင်သကဲ့သို့  ပြည်သူများအနေဖြင့်လည်း မေ့
လျော့သွားမည်မဟုတ်ကြောင်း 7 July အနှစ်(၅၀)ပြည့် အခမ်းအနားများမှ သက်သေထူလျှက်ရှိသည်။

Saturday, July 7, 2012

ကွန်ယက်နှစ်ခု၏ 7 July နှစ်(၅၀)မြောက်ဝမ်းနည်းခြင်း အထိမ်းအမှတ်လှုပ်ရှားမှုများ

7 July

7 July နှစ်ငါးဆယ်ပြည့် ကြေညာချက်


ဖမ်းဆီးခံရသော ဗကသ ကျောင်းသားခေါင်းဆောင်များ ပြန်လည်လွတ်မြောက်


ဗကသ ဗဟိုလုပ်ငန်းကော်မတီ၏ ပြောဆိုချက်အရ စုစုပေါင်း ၁၅ ဦး ဖမ်းဆီးခံရပြီး ၄ ဦးသားပြန်လည်
လွတ်မြောက်လာခြင်းဖြစ်သည်။

7 July နှစ်ငါးဆယ်ပြည့်အထိမ်းအမှတ် အခမ်းအနား

7.7.2012 နေ့ စနေနေ့ နံနက် ၉း၀၀ ကနေ စတင်ဖွင့်လှစ်လိုက်တဲ့ All Burma Federation of Student Unions (ABFSU)  7 July နှစ်ငါးဆယ်ပြည့်အထိမ်းအမှတ် အခမ်းအနားကို ၈၈ မျိုးဆက်ကျောင်း သားများရုံးခန်းတွင် ကျင့်ပနိုင်ခဲ့ပါသည်။ ယင်းအခန်းအနားပွဲသို့ မြောက်ဒဂုံမြို့နယ်၊ မကွေး ပရိယတ္တိကျောင်းတိုက်ဆရာတော်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင် ဘဘဦးဝင်တင်၊ NLD လူငယ်များ၊ ၈၈ မျိုးဆက် ကျောင်းသား၊ကျောင်းသူများ၊ ဗကသ ကျောင်းသား၊ကျောင်းသူများ၊ ရုပ်ရှင် ဒါရိုက်တာ ကြည်ဖြူသျှင်နှင့် ဓာတ်ပုံဆရာ ကိုအောင်ကို (မိုးသွန်း) ၊မီဒီယာ ဂျာနယ်လစ်များ အားလုံး တစ်ရာကျော် တတ်ရောက်ကြပါသည်။ ပွဲမြင်ကွင်းကတော့ မိုးတွေကရွာ၊ ထီးတွေနဲ့ ကိုယ်စီ ၈၈ မျိုးဆက်ရုံးအတွင်းမဆန့်တော့လို့ လမ်းပေါ်ထိ စည်ကားစွာ ကျင့်ပနိုင်ခဲ့ပါသည်။

 သို့ပေမယ့် ပွဲမတိုင်ခင် ဇူလိုင် ၆.ရက်နေ့ည ၉း၄၅ က ရန်ကုန်တိုင်းမှ ဗကသအဖွဲ့ဝင်များဖြစ်သော ကိုဒီငြိမ်းလင်း၊ကိုစည်သူမောင်၊ကိုရဲမြတ်ဟိန်း မဖြိုးဖြိုးအောင်တို့အား စစ်ဆေးရန်အတွက် ခေတ္တခဏ  ဆိုပြီး အာဏာပိုင်အဖွဲ့အစည်းများက ခေါ်ယူဖမ်းဆည်းသွားခဲ့ကြောင်း ဗကသအဖွဲ့ကျောင်းသား   ခေါင်းဆောင် ဥက္ကဋ္ဌ ကိုကျော်ကိုကိုမှ ယင်းအခမ်းအနားပွဲတွင် ပြောကြားခဲ့ပါသည်။ ထိုကဲ့သို့ အလားတူမျိုးပင် မန္တလေးတိုင်းမှ ကိုအောင်မှိုင်းဆန်း၊ကိုအောင်ကျော်မိုး၊ကိုသန်းထိုက်၊ကိုမင်းခန့်၊စစ်ကိုင်းတိုင်း ရွှေဘိုမှ ကိုပြည့်ဖြိုးကျော်တို့ယောက်ကျားလေး ၄ ဦးနှင့်မိန်းကလေးတစ်ဦး စုစုပေါင်း ငါးဦး။ မြင်းခြံ ( ၇) ဦး၊ မုံရွာ (၄) ဦး။ လားရှိုး (၄) ဦး ဗကသ ကျောင်းသားများကို စစ်ဆေးရန်အတွက် ခဏဆိုကာ ဖမ်းဆည်းသွားခဲ့တာလည်း ရှိခဲ့တယ်လို့ ရန်ကုန်မှ ဗကသကျောင်းသား လူငယ်တစ်   ယောက်က ပြောဆိုခဲ့ပါသည်။

Friday, June 22, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရရှိသောဆုတံဆိပ်များ

Friday, July 1, 2011

၇ ဇူလိုင်သမိုင်းဖြစ်ရပ် ဓါတ်ပုံများ

7July Photos Thaton Hall by ABFSU
မြန်မာနိုင်ငံသားများ ထင်ရှားသည့် သမိုင်ဖြစ်ရပ်များ မမေ့မလျော့စေရန် အတွက်ရည်ရွယ်ပါသည်။7July Photos Thaton Hall by ABFSU မှ ကူးယူဖေါ်ပြပါသည်။