Showing posts with label စစ်အစိုးသစ်သတင်း. Show all posts
Showing posts with label စစ်အစိုးသစ်သတင်း. Show all posts

Thursday, April 19, 2012

မြန်မာ သမ္မတ ဦးသိန်းစိန် ဂျပန်နိုင်ငံသို့  လာမည်

မြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန်သည် လာမည့်သောကြာနေ့ (ဧပြီ ၂၀) တွင် ဂျပန်နိုင်ငံသို့
ငါးရက်ကြာခရီးရောက်ရှိမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ
တစ်ဦးက သတင်းဌာန များသို့ပြောကြားသည်။ ဂျပန်နိုင်ငံသို့ရောက်ရှိစဉ် သမ္မတဦးသိန်းစိန်မှာ ဂျပန်ဝန်ကြီးချုပ် မစ္စတာ ယိုရှီဟီကိုနိုဒါနှင့် ၂၂ ရက်နေ့တွင် တွေ့ဆုံကြမည်ဖြစ်ပြီး၊ ဘဏ္ဍာရေး
ဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်များကို ဆွေးနွေးကြ ဖွယ်ရှိကြောင်းလည်း အထက်ပါတာဝန်ရှိ
သူ ကပြောသည်။
ဦးသိန်းစိန်၏ ဂျပန်ခရီးစဉ်မှာ နှစ်ပေါင်း ၂၈ နှစ်အတွင်း မြန်မာအစိုးရ၏ အဆင့်မြင့်ဆုံး ပုဂ္ဂိုလ်တစ်ဦး ဂျပန်နိုင်ငံသို့ ပထမဆုံး သွားရောက်သော ခရီးစဉ်ဖြစ်သည်။

Saturday, December 31, 2011

ကြားဖြတ် ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့ တနင်္ဂနွေနေ့မှာ ကျင်းပမယ်လို့  အစိုးရကြေညာ


မြန်မာ့အသံ ၈ နာရီသတင်းမှာ ရွေးကောက်ပွဲ ကော်မရှင်က ကြားဖြတ် ရွေးကောက်ပွဲကို
 ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့ တနင်္ဂနွေနေ့မှာ ကျင်းပမယ်လို့ ကြေညာသွားပါတယ်။
လစ်လပ် နေရာတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်-

၁။ ပြည်သူ့လွှတ်တော် ၄၀ နေရာ။

၂။ အမျိုးသားလွှတ်တော် ၆ နေရာ။

၃။ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် ၂ နေရာ။

ရွေးကောက်ပွဲ ကော်မရှင်က ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို ၂၀၁၂ ဇန်န၀ါရီ

၁၆ ကနေ ဇန်န၀ါရီ ၃၁ ကြားမှ တင်သွင်းရမယ်။ ကော်မရှင်က အမည်စာရင်းကို ဖေဖော်ဝါရီလ
 ၆ ရက်ကနေ ၁၀ ရက်ကြားမှာ စိစစ်မယ်လို့ ဖော်ပြထား ပါတယ်။ ရွေးကောက်ပွဲ ဥပဒေအရ ရွေးကောက်ပွဲ မလုပ်ခင် သုံးလအလိုမှ ကြေညာဖို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

Friday, December 30, 2011

Good goverment. clean goverment ဦးသိန်းစိန် အစိုးရနှင့် သာသနာ


၃၀-၁၂-၂၀၁၁
ဒီကနေ့ Good goverment. clean goverment လို့ ကြွေးကြော်ပြီး တက်လာတဲ့ ဦးသိန်းစိန်
အစိုးရဟာ တနှစ်သားေ ကျာ်ကျော် ရှိသွားပါပြီး၊ တိုင်းပြည် နှင့် လူမျိုး ဘာသာ သာသနာ
အတွက် ဘာတွေများ ထူးခြား ပြောင် မြောက်စွာ၊သို့တည်း မဟုတ်ထူးထူးခြားခြား ဘာတွေများ
ပြုလုပ်ခဲ့သလဲလို့ ၊ပြန်လည်ပြီးတော့ ဆန်းစစ်ဘို့ လိုအပ်လာပြီး လို့ ဦးဇင်း တို့ အနေနဲ့ မြင်ယောင် မိပါတယ်၊ယနေ့ ပြည်သူတွေ လိုလား တောင်တတဲ့ နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရေး၊ ပြည်တွင်းစစ်များ ချက်ချင်း ရပ်ပေးရေး ၊ ဒီအချက်တွေကို အခုချက်ချင်း ထလုပ်ရင်လုပ်လို့ ရတဲ့ အချက်အလက်တွေ သာဖြစ်ပါတယ်။
မြန်မာနိုင်ငံလုးံရှိ ကျောင်းသား ရဟန်းသံဃာ မိဘပြည်သူတွေ တောင်းဆိုတဲ့ အချက်အလက်တွေ
ကို မလုပ်ပေးတဲ့ အပြင်၊လူမှုရေး၊ ဘာသာရေး၊ပညာရေးတွေကို ဆောင်ရွက်နေတဲ့ ၊ နိုင်ငံအကျိုး၊တိုင်းပြည်အကျိုး ၊ သာသနာအကျိုး ၊ ပြည်သူတွေရဲ့ အရေးကို ရှေ့ တန်းကနေ မားမားမတ်မတ် ရပ်တည်ပြီးတော့ အားနဲ့ အင်နဲ့ အားတက်သရော ဆောင်ရွက်ပေးနေတဲ့  ဒယ်အိုး ဆရာတော်
ဦးသုမင်္ဂလ ၊ရွှေည၀ါဆရာတော် ဦးပညာသီဟ တို့ကိုတောင် တရားဟောပြောခွင့် ပိတ်ပင်တား ဆီးလိုက်သေးတယ် ဆိုတော့ Good goverment. clean goverment ဟာ ဖြစ်နိုင်ပါ့မလား၊ ပြည်သူတွေက ရွေးချယ်တင်မြှောက်တဲ့ အစိုးရလို့ သတ်မှတ်ခံခြင်ရင် ပြည်သူတွေ ရဲ့ ဆန္ဒကို
အလေးထား ဦးစားပေးပြီး၊ ပြည်သူတွေအရေး အကောင်းဆုးံ အကောင်အထည်ဖော်ပေးတဲ
အစိုးရလို့  လက်ခံယုံကြည် နိုင်စရာ ဘာအကြောင်းအရာမှမရှိတော့ပါဘူး၊ ဘာသာရေး ဘက်မှာ
လည်း အပြောတမျိုး အလုပ်တမျိုး လုပ်လိုက်တာကတော့ ကမ်းကုန်နေတာဘဲ။ အမျိုး ဘာသာ
သာသနာအတွက် လုပ်ဆောင်ပေးနေတဲ့ ရဟန်းသံဃာ ထေရ်အရှင်မြတ်တွေကို တရားဟောခွင့်
ပိတ်ပင်၊ ဒုဗ်ဗဇ လို့ သတ်မှတ် လူဝတ်လဲမယ်လို့ အမိန့်တွေထုပ်ပြန် ဒါတွေကို ကြည့်သောအား
ဖြင့် Good goverment. clean goverment လို့ ကြွေးကြော်လာပြီး တက်လာတဲ့ ဦးသိန်းစိန်
အစိုးရဟာ တိုင်းပြည်နှင့် လူမျိုးအတွက်လည်း ဘာမှအကျိုးမရှိသလို ၊ သာသနာ အတွက်လည်း အထောက်အကူမဖြစ်တဲ့အပြင် ဖျက်ဆီးတောင်မှ ခံလိုက်ရသေးတယ် ဆိုတော့ ဒကာတော်
ရေမြေ့ရှင် ခေတ်သစ် ဒေ၀ဒတ် ဦးသိန်းစိန် လို့ နာမည်ရာထူး ဂုဏ်ပုဒ်တွေ ပေးပြီးတော့ ၊
ဒေ၀ဒတ် ဦးသိန်းစိန် အစိုးရ အခုချက်ချင်း ဆင်းလို့ ကြွေးကြော်ပြီးတော့ တိုင်းပြည်နှင့် လူမျိုး
ဘာသာ သာသနာအတွက် သာသနာ ကွယ်မဲ့အရေး အမျိုးပျောက်မဲ့အရေး တိုင်းပြည်အငတ်
ဘေးကြုံမဲ့အရေး အစရှိသော ဘေးပေါင်းမြောက်များစွာမှ လွတ်မြောက်ရေး အတွက် ဒေ၀ဒတ်
ဦးသိန်စိန် အစိုးရ အခုချက်ချင်း ဆင်းခိုင်းကြစို့။

စက်တင်ဘာဦးနေမိန္ဒ ( မြန်မာနိုင်ငံလုးံဆိုင်ရာ သံဃာ့ကိုယ်စားလှယ် အဖွဲ့)

Monday, December 26, 2011

ဂျပန် နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba ဟာ မြန်မာသမတ ဦးသိန်းစိန် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ ဆုံဆွေးနွေး


၂၆-၁၂-၂၀၁၁
ဂျပန် နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba ဟာ ဒီနေ့ မြန်မာနိုင်ငံကို ရောက်ရှိပြီး သမတ
ဦးသိန်းစိန် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အစိုးရအဖွဲ့ တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
အဲဒီလိုတွေ့ဆုံတဲ့ အခါ ဂျပန်အစိုးရရဲ့ ODA ခေါ် နိုင်ငံရပ်ခြား အကူအညီတွေ ပြန်လည်
ထောက်ပံ့ဖို့ ကိစ္စ စီးပွားရေးရင်းနှီးမြုပ်နှံမှုတွေ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဂျန်ပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအရေးဆောင်ရွက်သူများမှ ဂျပန်အစိုးရကို  ODA ဟာ
စောလွန်းနေပြီး မြန်မာအစိုးရသစ်၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ ထင်သာမြင်သာရှိ
လာပြီး နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန် တိုင်းရင်းသားဒေသ တွေမှာ လူ့ အခွင့်အ
ရေးချိုးဖေါက်မှု ပြည်တွင်းစစ်ရပ်စဲရေး စသည်တို့ ကို ပြုလုပ်လာမှသာ ODA ကို ပေးသင့်ပြီး
လူသားခြင်းစာနာသော အထောက်အကူများကို အစိုးရမဟုတ်တဲ့  NGO တွေမှ တဆင့် ပြည်
သူများ လက်ဝယ်ရောက်ရှိစေရန် လေ့လာသုံးသပ်၍ ပေးသင့်သည်ဟု ဂျပန်အစိုးရကို တင်ပြ
ထားသည်။
ဂျပန်အစိုးရအနေဖြင့် အကျိုးတူစီးပွားရေး သက်သက်မဟုတ်ဘဲ မြန်မာအစိုးရ၏ ဒီမိုကရေစီ
ပြုပြင်ပြောင်းလဲရေးများ ပိုမိုထိရောက်စွာ ဆောင်ရွက်အောင် မြန်မာအစိုးရအား တိုက်တွန်း
သင့်ပြီး မြန်မာနိုင်သားများ၏ အသံကိုလည်း အလေးထားဆောင်ရွက်ရန် လိုအပ်ပေသည်။

Wednesday, December 21, 2011

ရွှေည၀ါဆရာတော်ကိစ္စ နောက်ကွယ်မှာ
လျှို့ဝှက်သောရည်ရွယ်ချက်များရှိနေ

ကလိမ်ကကျစ် အောင်သောင်း
ရွှေည၀ါဆရာ တော်နှင့် ဒယကာ ဒါယိကာမများ၏ အသနားခံ တောင်းပန်မှု အပေါ် မဟန
 ၄၇ပါးထံမှအကြောင်းမပြန်ပဲ နှုတ်ဆိတ်လျက်ရှိနေသည်။ဒီအတောအတွင်း ၄၇ပါးနောက်
ကွယ်မှချုပ်ကိုင်သူ ရှိနေသည်ဟူသောသိုးသိုးသန့်သန့်သတင်းများကိုလည်း ကြားနေရသည်။ နောက်ကွယ်မှ ကြိုးကိုင်သူမှာ ဦးအောင်သောင်းနှင့် အပေါင်းအပါတစ်စုဟု သိရသည်။
ရွှေည၀ါဆရာတော်ကို ခေါ်ယူသတိပေးခြင်းမျိုးမရှိပဲ ပြင်းထန်သည့်ဆုံးဖြတ်ချက် ကြေငြာခဲ့
သည်။ ထိုကြေငြာချက်မတိုင်မီ ရက်ပိုင်းအလိုကဗန်းမော်ဆရာတော်ကြီးကိုယ်တိုင် ရွှေည၀ါ ကျောင်းတိုက်သို့ လာရောက်ကာရွှေည၀ါဆရာတော်၏ ဆောင်ရွက်ချက်များအတွက် ချီးကျူး စကားဆိုခဲ့သည်။ရွှေည၀ါဆရာတော်အား ခေါ်ယူမေးမြန်းစုံစမ်းမှုမပြုပဲ တဖက်သတ်အမိန့်ချ
မှတ်ခြင်း၊အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လာရောက်တွေ့ဆုံပြီးမှာ
သတင်းများထွက်ပေါ်လာခြင်း၊အကြောင်းပြချက်မှာ မခိုင်လုံပဲ NLD၏ အမည်ပါ ပါလာခြင်း၊
စည့်အချက်များသည် ရွှေည၀ါနှင့် ရွှေည၀ါကို လေးစားထောက်ခံသော ရဟန်းပျိုသံဃာများ
နှင့် ဒယကာ ဒါယိကာမများ ကို တမင်

မြန်မာနိုင်ငံတွင် ဂျီအမ်အက်စ် ထိပ်သီးအစည်းကျင်းပ



၂၁-၁၂-၂၀၁၂
ဒီဇင်ဘာ ၁၉ ရက်မှ ၂၀ ရက်နေ့ အထိ ကျင်းပမည့် စတုတ္ထအကြိမ် ဂျီအမ်အက်စ် ထိပ်သီးအစည်း
အဝေးကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ မြို့ တော် နေပြည်တော်မှာ စတင်ကျင်းပနေပါတယ်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရလက်ထက်တွင် မဟာမဲခေါင်ဒေသခွဲ နိုင်ငံများဖြစ်
သည့်ကမ္ဘောဒီးယား တရုတ် လာအို ထိုင်း ဗီယက်နန် နိုင်ငံတွေ ပူးပေါင်းပြီး ဂျီအမ်အက်စ် နိုင်ငံ
ဝန်ကြီးများအဆင့်မြင့်အရာရှိများ စီးပွားရေးလုပ်ငန်းရှင်များ အာရှဖွံ့ ဖြိုးရေးဘဏ် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
နိုင်ငံရေး စီးပွားရေးရင်းနှီးမြုပ်နှံမှု အားကစား နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခြင်းများ
ပြုလုပ်ခဲ့ကြပါတယ်။ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင် ၂၅၀ တက်ရောက်ပြီး မဲခေါင်ဒေသတွင်း ကုန်
စည်ဆီးဆင်းမှု ချောမွေ့ စေရေးနှင့် အသေးစား အလတ်စား လုပ်ငန်းများအတွက် ချေးငွေအာမခံ
ချက်နှင့် စီးပွားရေး ရင်းနှီးမြုပ်နှံမှုများကို ဆွေးနွေးခဲ့ကြသည်ဟု သိရှိရသည်။