Showing posts with label မမေ့နိုင်သေးသည့် ၇ ဇူလိုင်. Show all posts
Showing posts with label မမေ့နိုင်သေးသည့် ၇ ဇူလိုင်. Show all posts

Friday, July 8, 2011

မမေ့နိုင်သေးသည့် ၇ ဇူလိုင်လူပ်ရှားမှု


၂၀၁၁-၇-၇
ဂျပန်နိုင်ငံ တိုကျိုမြို့ ရှိ မြန်မာသံရုံး(အခွန်ရုံး)ရှေ့ တွင် ၇ ဇူလိုင်အထိမ်းအမှတ် အခမ်းအနားကို ကျင်းခဲ့ရာ အဖွဲ့ အစည်းအသီးသီးမှ တက်ရောက်၍ တောင်းဆိုဆန္ဒပြကြသည်။
၁၉၆၂ ခု၊ မတ်လ (၂) ရက်နေ့သည် မြန်မာ့ သမိုင်းတွင် ဦးနေ၀င်း အာဏာသိမ်းခဲ့သည့် နေမှစ၍ ယနေ့  ထိတိုင် တိုင်းပြည် ဆင်းရဲတွင်းမှ မလွတ်မြောက်ရသေးသော အဓိကအချက်သည် တပါတီအာဏာရှင်စနစ်
ကို ကျင့်သုံးရာမှ အစပြုခဲ့သည် ဆိုလျှင် မမှားနိုင်ပါ။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ရဲဘော် သုံးချိတ်မှ ဗမာပြည် လွတ်လပ်ရေးရအောင် ကျိုးစားအားထုတ်ခဲ့၍ တိုင်းပြည်လွတ်လပ်ရေးရခဲ့သော်လည်း ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အာဇာနည်ခေါင်းဆောင်ကြီးများကို ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့ တွင် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရ၏။  ထို့ပြင် ပါလီမန် ဒီမိုကရေစီ စနစ်ကို နိဂုံးချုပ်၍ စစ်အာဏာရှင် အစိုးရ စတင်ပေါ်ထွန်းလာခဲ့သော နေ့တနေ့လည်း ဖြစ်လေသည်။ မှန်ပေသည် ထိုနေ့ နံနက်တွင် ဗိုလ်ချုပ်ကြီး
နေဝင်း ဦးဆောင်သော တော်လှန်ရေး ကောင်စီ (ဝါ) စစ်အာဏာရှင် တို့သည် သမ္မတ ဦးဝင်းမောင်၊ ဝန်ကြီး ချုပ် ဦးနု၊ ဝန်ကြီးများ အစရှိသူတို့ကို ဖမ်းဆီး၍ နိုင်ငံတော်အာဏာကို သိမ်းယူလိုက်လေသည်။
စစ်တပ်မှ အာဏာ သိမ်းယူ လိုက်ကြောင်း ကြေညာချက်များနှင့်အတူ ပြည်သူ တို့အားစီတန်းလမ်း
လျှောက်၍ ဆန္ဒပြပွဲများ မပြုလုပ်ကြရန် မေတ္တာ ရပ်ခံချက်များကို သတင်းစာများတွင် ထည့်သွင်းဖေါ်ပြခဲ့
သည်။ ဆန္ဒပြလျှင် အရေးယူ မည်ဟုလည်း နောက်ဆက်တွဲ သတိပေးထား၏။ ကြေညာချက်များကို ဖတ်ရှု ရုံဖြင့် စစ်တပ်က အာဏာ သိမ်းကြောင်း ကြေညာချက်ကို ဆန့်ကျင်မှုများ ပေါ်ထွက်လာမည်ကို ဗိုလ်နေဝင်း
နှင့် စစ်အာဏာပိုင်တို့သည် ကြောက်ရွံ့နေသည်မှာ သိသာ ထင်ရှား လှပေသည်။
အိမ်စောင့် အစိုးရခေတ် (၁၉၅၈-၆ဝ) တွင် ကိုကိုးကျွန်း အကျဉ်းထောင်ကြီးကို ဆောက်လုပ်ကာ ဒီမိုကရေစီ လိုလား သူများနှင့် ကွန်မြူနစ် အရောင်အသွေး ရှိသူများဟု ယူဆသူများကို ဒလကြမ်း ဖမ်းဆီး နှိပ်စက်ခဲ့ သည့် သင်ခန်းစာ ရှိသဖြင့် ကန့်ကွက် ဆန္ဒပြပွဲများ ဖြစ်ပေါ်ခြင်း မရှိစေကာမူ စစ်အစိုးရအလို မရှိကြောင်း ကန့်ကွက် သောစာများ မတ်လ (၂) ရက်နေ့မှ စတင်ကာ ပလူပျံ ပေါ်ထွက်လာခဲ့သည်။ လူငယ် တပ်ဦးနှင့် မဟာမိတ် အဖွဲ့ (၁ဝ) ဖွဲ့၊ ရခိုင် သံဃာ တပ်ဦး၊ ရခိုင် သောတုဇန အဖွဲ့ချုပ် စသောအဖွဲ့များ ဆန့်ကျင်ကန့် ကွက်ချက်များ ထုတ်ပြန် ကြသည်။
မြန်မာနိုင်ငံ၏ ပြဿနာသည် လူသားတို့ ၏ ရသင့်ရထိုက်သော အခြေခံအခွင့်အရေးနှင့်လူ့ အခွင့်အရေးများ ကို တောင်းဆိုသည့်  ဆန္ဒပြမှုများကို အုပ်ချုပ်သည့် အာဏာပိုင်များမှ အကြမ်းဖက်နှိမ်နင်းခဲ့သောကြောင့်
ပြဿနာဖြေလည်မှုမရရှိဘဲ ယနေ့  အချိန်အထိ အငြင်းပွားနေရခြင်းဖြစ်သည်။ ၁၉၆၂ နှစ်ခုနှစ်မှ ယနေ့  ၂၀၁၁ ခုအထိ ၄၉ နှစ်ရှိခဲ့ပြီဖြစ်သောလည်း တိုင်းပြည်သည် အဆင်းရဲဆုံးနိုင်ငံဖြစ်နေရပြီး ဖွံ့ ဖြိုးတိုးတက် မှုလည်း နိုင်ငံတကာနှင့်စာလျှင် နောက်ကျကျန်နေခဲ့ရသည်။
ထိုသို့ ဖြစ်ရသည့် တရားခံမှာ အာဏာရှင့်စနစ်ကြောင့်လို့ ဆိုနိုင်ပါသည်။ ယခု တက်လာသော အစိုးရသစ် သည် အာဏာရှင် ဗိုလ်ချုပ်ကြီးများက အရေခွန်လဲပြီး သူတော်စဉ်ယောင်ဆောင်ပြနေသော်လည်း  မှုဝါဒ လမ်းစဉ်များသည် ထူးမခြားနား ဗဟိုအုပ်ချုပ်ရေးစနစ် အာဏာကိုချုပ်ကိုင်ထားသော အာဏာရှင် စနစ်မှ ပြောင်းလဲမှုမရှိသေးပေ။ အတုအယောင် ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေသည်ကို မပြောင်းလဲသေးသော အခြေခံအခွင့်အရေးများကို ကြည့်ရှုပါက သိရှိနိုင်ပေသည်။
၁၉၆၂ ခုနှစ် 7ဇူလိုင် ကျောင်းသားအရေးအခင်း။ ၁၉၈၈ လူထုအုံကြွမှု အရေးအခင်း။ ၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်း။ ၂၀၀၇ သံဃာအရေးအခင်း အလုပ်သမား လယ်သမား စသည့်ထင်ရှားသည့် အရေးအခင်း ကြီများသည် လူသား တို့ ၏ ရသင့်ရထိုက်သော အခြေခံအခွင့်အရေးများကို တောင်းဆိုဆန္ဒပြရာမှ ဖြစ်ပေါ် 
လာရခြင်းဖြစ်ပေသည်။စစ်အာဏာရှင်စနစ်ကို တရားဝင်အောင် ပြန်လည်အသက်သွင်းနေသည့် အစိုးရသစ် ၏လုပ်ရပ်သည့် ပြည်သူများအနေဖြင့် လက်မခံနိုင်ပေ။ ပြောင်းလဲမှုမရှိတဲ့ စနစ်ဆိုးကြီးကြောင့် ပြည်သူများ
ငြီးငွေ့ စိတ်ပျက်လာနေပြီဖြစ်သောကြောင့် မပြီးဆုံးနိုင်သေးသော တော်လှန်ရေးကြီးသည် ပြန်လည်နှိုးထ 
လာမည်ဖြစ်ကြောင်း မမေ့နိုင်သေးသည့် ၇ ဇူလိုင်လူပ်ရှားမှုက သက်သေပြနေသည်။