Wednesday, June 26, 2013
မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ အကျိုးစီးပွားတခုတည်းကိုမကြည့်ဘဲ နိုင်ငံသားများ သတ်ဖြတ်ခံရမှုနှင့်ပါတ်သက်၍ မလေးအစိုးရအား ဖိအားပေးသင့်
မလေးရှားနိုင်ငံမှာ အလုပ်လာလုပ်နေကြတဲ့ မြန်မာနိုင်ငံသားများကို ရက်ရက်ဆက်ဆက်သတ်ဖြတ်ခဲ့ပုံများကို အင်တာနက်စာမျက်နှာပေါ်မှာ
တွေ့ မြင်ကြရမှာပါ။ထိုအပြင် ဇွန်လ ၄ ရက်နေ့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ ဆာလာရမ်းအရပ်တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာ
နိုင်ငံသားများကို အမည်မသိ လူအုပ်စုက မေလ ၃၀ ရက်နှင့် ၃၁ ရက်နေ့တို့တွင် တိုက်ခိုက်ခဲ့၍ မြန်မာနိုင်ငံ ၂ ဦးသေဆုံးပြီး ၁၀ ဦးကျော်
ထိခိုက်ဒဏ်ရာ ရခဲ့သည့်အတွက် မလေးရှားရှိ မြန်မာနိုင်ငံသားများစိုးရိမ်ပူပန်နေကြသည်။
ဇွန်လ ၅ ရက်နေ့ “အခု အော်ပရာစီ (ရှောင်တခင် ပိတ်ဆို့ဖမ်းဆီးမှု) တွေကို မလေး ရဲတွေ၊ လ၀ကတွေ၊ ရာလာ (ပြည်သူ့စစ်) တွေပါတဲ့
အဖွဲ့တွေက အထူးစီမံချက်နဲ့ မြန်မာမှန်သမျှ အထောက်အထား ရှိရှိ၊ မရှိရှိ အကုန် ဖမ်းတယ်။ အဲဒီနေရာက အမည်းရောင်လို့ ပြောနေကြတဲ့
ဆာလာရမ်းဘက်မှာအဓိက လုပ်တာပါ” မြန်မာနိုင်ငံသား ၃ ဦးထက် မနည်း သေဆုံး၍ ၁၀ ဦးကျော် ဒဏ်ရာ ရရှိခဲ့သည်။
ထိုကဲ့သို့  မြန်မာနိုင်ငံသားများ သတ်ဖြတ်ခံရမှုနှင့်ပါတ်သက်၍ မလေးရှားအစိုးရအနေဖြင့် ထိရောက်စွာအရေးယူခြင်း ပွင့်လင်းမြင်သာစွာ
ဖြေရှင်းပေးခြင်းမရှိ၊တာဝန်ယူမှုမရှိသည့် နိုင်ငံတွင် မြန်မာနိုင်ငံသားများ၏ အသက်အန္တရာယ်မှာ စိုးရိမ်ရသည်။မလေးရှားပို့ ကုန်လုပ်ငန်းရှင်များ
အသင်း ဥက္ကဌ က တာဝန်မဲ့စွာပြဿနာမရှိဘူးလို့  မိမိ၏စီပွားလုပ်ငန်းများအတွက်သာကြည့်ပြီး ပြောဆိုခဲ့သည်။ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ
အနေဖြင့်လည်း မိမိ၏ စီးပွားရေးတခုတည်းကိုသာမကြည့်ဘဲ နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကိုင်နေကြသော နိုင်ငံသူနိုင်ငံသားတို့  ဘ၀လုံးခြုံရေးကိုပါ
ထည့်သွင်းစဉ်စား၍ စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသောစီပွားရေးလုပ်ငန်းများကို ယာယီရပ်ဆိုင်းကာ မလေးရှားပို့ ကုန်လုပ်ငန်းရှင်များအသင်းနှင့်
မလေးရှားအစိုးရကို လည်းကောင်းဖြစ်ရပ်များနှင့်ပါတ်သက်၍ တာဝန်ယူဖြေရှင်းပေးရန် တောင်းဆိုသင့်ပြီး (နိုင်ငံအစိုးရများသည် နိုင်ငံသားများအား
အလေးထား တောင်းဆိုမူများပြုလုပ်ကြသည်)ထိုသို့ ဆောင်ရွက်ခြင်းဖြင့် မလေးအစို့ ရကို မလေးကုန်လုပ်ငန်းရှင်များအသင်းမှ တောင်းဆိုမှုများရှိလာနိုင်ပြီး
ကျန်ရှိသော အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများ အလုပ်သမားအခွင့်အရေးနှင့် ဘ၀လုံခြုံစွာဖြင့် အနိုင်ကျင့်ခံရမှုမှ
ကင်းဝေးစေပြီး မလေးနိုင်ငံတွင် လုပ်ကိုင်နေထိုင်နိုင်မည်ဖြစ်ကြောင်း အကြံပြုအပ်ပါသည်။