Wednesday, June 20, 2012

NLD-BG ပညာဒါနကျောင်းမှ စုပေါင်းသွေးလှူဒါန်းပွဲပြုလုပ်


၂၀၁၂-၆-၂၀
NLD-BG အသက်ကယ်သွေးအကူအညီပေးရေးနှင့် အသိပညာ၊အတတ်ပညာ၊အသက်မွေး
ဝမ်းကျောင်း ပညာ အခမဲ့သင်ကြားပေးရေးမှ စေတနာ့ဝန်ထမ်းများဦးဆောင်ပြီးဝေဠုဝန်
စာသင်တိုက်၊ ဘုန်းတော်ကြီး သင်ပညာရေးပရဟိတကျောင်း၊ကျောက်တန်းရွာ၊ပဲခူးမြို့နယ်
နှင့်ပူးပေါင်းပြီး အမေအောင်ဆန်း စုကြည့် ၏ (၆၇) နှစ်မြောက်မွေးနေ့မှာ ရန်ကုန်ပြည်သူ
့ဆေးရုံကြီး၊ ဗဟို အမျိုးသား သွေးလှူဘဏ်တွင် သွေးအလုံး (၈၆) လုံး၊ NLD-BG နှင့် 

သင်္ဃန်းကျွန်း NLD လူငယ် များပူပေါင်းပြီး သင်္ဃန်ကျွန်းစံပြ ဆေးရုံတွင် (၁၃)လုံး၊မြောက်
ဥက္ကလာ NLD-BG သွေးအကူအညီ   ပေးရေးမှ မြောက်ဥက္ကလာဆေးရုံကြီးတွင် သွေးအလုံး (၂၁)လုံး၊NLD-BG ကျောင်းမှ ၀ိတိုရိယ အထူးကုဆေးရုံကြီးတွင် သွေးအလုံး (၂)လုံး၊ 
အားလုံးပေါင်း ၁၂၂-လုံးကို အမေစု ကျန်းမာပါစေကြောင်း ချမ်းသာပါစေကြောင်း၊
သက်တော်ရာကျော် ရှည်ပါစေကြောင်းအလို့ငှာ ရည်ရွယ်၍ အမေစု၏သားများ၊ 
သမီးများ၊မြေးများဖြစ်သော ဒဂုံတောင်၊NLD-BG အရေးပေါ်အသက်ကယ်သွေးအကူ 
အညီပေးရေး   နှင့်အသိပညာ၊အတတ်ပညာသင်ကြားပေးရေး အခမဲ့ပညာဒါနကျောင်းမှ
 လှူဒါန်းခဲ့ပါသည်။
ယခုလဆန်း (၁)ရက်နေ့မှစ၍ လူထုခေါင်းဆောင် အမေစုမွေးနေ့ကိုရည်ရွယ်ပြီး ရန်ကုန်မြို့   ဆေးရုံးအသီးသီးတွင် သွေးအလုံးရေ (၆၈) လုံးကိုလည်းလှူဒါန်းနိုင်ခဲ့ပါသည်။ ယခုလမတိုင်
ခင်ထိ NLD-BG မှ လိုအပ်သော ဝေဒနာရှင်များကို လှူဒါန်းနိုင်ခဲ့သော သွေးပုလင်းပေါင်း အလုံးအရေအတွက်    မှာ (၁၃၉၉၅)လုံးကိုလည်းလှူဒါန်းနိုင်ခဲ့ကြောင်း NLD-BG တာဝန်ခံ ကိုညီညီမှပြောကြားခဲ့ပါသည်။

  ထို့နောက် သင်္ဃန်ကျွန်းစံပြဆေးရုံးကြီးမှာလည်း ချို့တဲ့နွမ်းပါး နာမကျန်းလူနာများအား 
NLD-BG မှ အမေအောင်ဆန်းစုကြည်မွေးနေ့အတွက်ရည်ရွယ်၍ နံနက်စာ ၊ညစာ ကြက်သား ဟင်းဖြင့်ကျွေးမွေး  လှူဒါန်း ကုသိုလ်ပြုနိုင်ခဲ့ပါသည်ဟု သိရှိရပါသည်။