Showing posts with label ၈၈ မျိုးဆက်သစ်. Show all posts
Showing posts with label ၈၈ မျိုးဆက်သစ်. Show all posts

Wednesday, June 20, 2012

၈၈မျိုးဆက်ကျောင်းသားများ ရခိုင်ဘေးဒုက္ခသည်များရှိရာ စတင်ထွက်ခွါ

2012-6-20
ရခိုင်ပြည်နယ်မှ ဘေးဒုက္ခကြုံတွေနေသူများကို နှစ်သိမ့်အားပေးရန်နှင့် အများစုပေါင်းလှူဒါန်း
လိုက်သော အ၀တ်အထည်နှင့် ငွေကြေးများကို လှူဒါန်းရန်အတွက် ၈၈မျိုးဆက်ကျောင်းသားများမှ မနီလာသိန်းနှင့် မမီးမီး တို့နှစ်ဦးသည် ယနေ့နံနက် (၂၀၊ ၆၊ ၂၀၁၂) တွင် ရခိုင်ပြည်နယ်သို့ စတင်ထွက်ခွာပါမည်ဖြစ်ကြောင်း သိရှိရပါသည်။

Tuesday, June 19, 2012

Introduction to Political Science


၂၀၁၂-၆-၁၉
Introduction to Political Science
၈၈-မျိုးဆက်ကျောင်းသားများဦးစီးပြီးဖွင့်လှစ်ထားသော Introduction to Political 
Science သင်တန်းကို အမှတ် (၂၈၄၊ က-၁၆၊၃) ဝေဇယန္တာလမ်း၊သီရိဂုဏ်အိမ်ရာဘေး၊
 တောင်ဥက္ကလာပ မြို့နယ်၊ရန်ကုန်မြို့၌ ( ၁၁-၀၆-၂၀၁၂ ) မှစပြီး တနလာင်္၊ဗုဒ္ဓဟူး၊
သောကြာနေဟုတစ်ပတ်သုံးရက် သက်မှတ်ကာ  ၉း၀၀ မှ ၁၁း၀၀ ထိ တစ်လတိတိ 
သင်တန်းဆရာ ဦးအောင်ခန့်မှသင်တန်းသား၁၆-ယောက်ကို သင်ကြားပို့ချပေးနေကြောင်း
သိရှိရပါသည်။
မောင်မြန်မာမျိုး (ABMA)

Wednesday, April 18, 2012

နှစ်သစ်မှာ ငြိမ်းချမ်းလွတ်မြောက်စေကြောင်း ဇီဝိတဒါန ငါးလွှတ်ပွဲ (အင်းလျားကန်)

နှစ်သစ်မှာ မြန်မာပြည်တ၀ှမ်း ငြိမ်းချမ်းလွတ်မြောက်စေရန် ရည်ရွယ်၍ ၈၈ မျိုးဆက်ကျောင်းသားများ ဇီဝိတဒါန ငါးလွှတ်ပွဲကို (အင်းလျားကန်)တွင် ပြုလုပ်ခဲ့သည်။

Monday, April 16, 2012

“၈၈ မျိုးဆက်ကျောင်းသားများ” သံချပ်အဖွဲ့  ဒေါ်အောင်ဆန်းစုကြည်၏ ခြံရှေ့ ဖျော်ဖြေမှု

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ နေ့ လည် ခြံရှေ့  သို့လာရောက်ဖျော်ဖြေသည့် “၈၈ မျိုးဆက်ကျောင်းသားများ” သံချပ်အဖွဲ့  ၏တင်ဆက်မှုကို
အားပေးနေပြီး   ဒေါ်အောင်ဆန်းစုကြည်မှ သင်္ကြန်ရေဖြင့် မေတ္တာရေအေးပက်ဖြန်းပေးခဲ့သည်။

၈၈ မျိုးဆက် သံချပ်အဖွဲ့

၂၀၁၂ ခုနှစ် ဧပြီလ ၁၄ ရက်နေ့ သင်္ကြန်အကြတ်နေ့တွင် မြောက်ဥက္ကလာပမြို့နယ် ကျောင်းသားလူငယ်များ စီစဉ်သည့် ပွင့်လင်းသင်္ကြန် မဏ္ဍပ်သို့ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ၏ မောင်ဆိုလေ ထီးရိုးရှည် သံချပ်အဖွဲ့ လာရောက် ဖျော်ဖြေခဲ့ကြပါသည်။ ၄င်းဖျော်ဖြေရေးအဖွဲ့သို့ မြောက်ဥက္ကလာပမြို့ခံများက ဂုဏ်ပြု အလှူငွေများ လှူဒါန်းခဲ့ကြပါသည်။

Sunday, April 15, 2012

ပထမသင်္ကြန်အကြတ်နေ့မှာ ၈၈ မျိုးဆက်သံချပ်အဖွဲ့ကို နာရေးကူညီမှုအသင်း၊ မြောက်ဥက္ကလာနဲ့ တာမွေမြို့နယ်တွေမှာ ပွဲဦးထွက်ဖျော်ဖြေခဲ့ပါတယ်။


Thursday, April 12, 2012

၈၈ မျိုးဆက်ကျောင်းသားများ သင်္ကြန်သံချပ်ထိုးမည်

 ၈၈ မျိုးဆက်ကျောင်းသားများ မှ တာမွေ မင်္ဂလာဈေးရှေ့ Lucky 7 မဏ္ဍပ်တွင် သာဓုပါဗျာ    အဖွဲ့နှင့်ပူးပေါင်း ၍ သင်္ကြန်သံချပ်ထိုးတင်ဆက်မှုကို ပထမသင်္ကြန်အကြတ်နေ့ တွင်တင်ဆက်   မည်ဖြစ်သည်။
သံချပ်ဖျော်ဖြေရေးကိုလည်း ကားဖြင့်မြို့တွင်းလှည့် လှယ်ဖျော်ဖြေ သွားမည်ဟု သိရသည်။
၈၈ မျိုးဆက်ကျောင်းသားများ၏ စတုဒီသာအလှူကို သင်္ကြန်အကျနေ့တွင် သင်္ဃန်းကျွန်း      ဝေဇယန္တာလမ်းမ သီရိဂုဏ်အိမ်ရာထိပ်ရှိ ၈၈ ရုံးခန်း ၌ လှူဒါန်းမည်ဖြစ်သည်။

Monday, April 9, 2012

ကယန်းလူငယ်များနှင့် ၈၈မျိုးဆက်ကျောင်းသားအဖွဲ့ ကိုမြအေး ကိုပြုံးချိုတို့နှင့်ဆွေးနွေးပုံ

ကိုမြအေး၊ ကိုပြုံချိုတို့ ဦးဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည် စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန် ကာယားပြည်နယ်သို့ ညနေ (၆) နာရီတွင် ရောက်ရှိပြီး ဖယ်ခုံမြို့ရှိ ကယန်းပြည်သစ်ပါတီရုံးသို့ သွားရောက်စဉ် ကယန်းတိုင်းရင်းသား ညီအကို မောင်နှမများက ကယန်း ရိုးရာတူရိယာများ တီး၊ မှုတ် ကခုန်ပြီး ဖယ်ခုံမြို့အဝင်မှစ၍ လှိုလှဲစွာ ကြိုဆိုခဲ့ကြသည်။ ကယားပြည်နယ်ဒီမော့ဆိုမြို့ မှ ဒေသခံတိုင်းရင်းသားများနှင့်အတူကိုမြအေး၊ ကိုပြုံချိုတို့ ဦးဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည် စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန် ကာယားပြည်နယ်သို့ ညနေ (၆) နာရီတွင် ရောက်ရှိပြီး ဖယ်ခုံမြို့ရှိ ကယန်းပြည်သစ်ပါတီရုံးသို့ သွားရောက်စဉ် ကယန်းတိုင်းရင်းသား ညီအကို မောင်နှမများက ကယန်း ရိုးရာတူရိယာများ တီး၊ မှုတ် ကခုန်ပြီး ဖယ်ခုံမြို့အဝင်မှစ၍ လှိုလှဲစွာ ကြိုဆိုခဲ့ကြသည်။

Monday, January 9, 2012

နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး လှုပ်ရှားမှု စတင်


မလွတ်မြောက်နိုင်သေးသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များအပါအ၀င် နိုင်ငံရေးအကျဉ်းသားများ အားလုံး အမြန်ဆုံးလွတ်မြောက်နိုင်ရေးအတွက် လှုပ်ရှားမှု
တစ်ခုကိုဒီကနေ့ ဒီဇင်ဘာလ ၈ရက်နေ့ မနက် ပိုင်းက ရန်ကုန်မြို့ တွင်စတင်လိုက်ပါသည်။
 ဇန်န၀ါရီလ ၃ ရက် လွတ်ငြိမ်းချမ်းသာခွင့်ကြေငြာချက် ထုတ်ပြန်အပြီး နိုင်ငံရေးအကျဉ်းသား
များ လွတ်မြောက်လာခြင်းမရှိသည့်အတွက် ကျန်နေသူများ လွတ်မြောက်ရေး အတွက်
ယခုကဲ့သို့ လှုပ်ရှားမှုများကို တင်ခဲ့ခြင်းဖြစ်ပြီး တာမွေ မြို့ နယ်အတွင်းရှိ နိုင်ငံရေးအကျဉ်းသား
မိသားစုဝင်ပေါင်း ၁၅ စု များ၏ အိမ်များသို့ သွားရောက်အားပေးခဲ့ပါသည်။
 ၈၈ မျိုးဆက် ကျောင်းသားဟောင်းများ အပါအ၀င် ၂၀၀၇ ဗကသ ကျောင်းသားများ၊မျိုးဆက်
သစ်လူငယ်များ အစည်းအရုံး( GW)၊ အလုပ်သမား ၊လယ်သမားကွန်ယက်အဖွဲ့ များ ၊နိုင်ငံရေး
အကျဉ်းသားဟောင်းများ ကွန်ယက်၊နိုင်ငံရေးအကျဉ်းသား မိသားစုများ ကူညီစောင့်ရှောက်ရေး
အဖွဲ့ စသည့် အဖွဲ့ ပေါင်းစုံ ပါဝင်ခဲ့ကြောင်းသိရသည်။
နောက်ပိုင်း အလွာအသီးသီးမှ လူပုဂ္ဂိုလ်များ၊ စာပေအနုပညာရှင်များ၊လူတန်းစားအားလုံးပါဝင်
သည့် တနိုင်ငံလုံးအတိုင်းအတာ အထိ ကျယ်ပြန့် သည် လှုပ်ရှားမှု အဖြစ် လုပ်ဆောင်သွားရန် အစီအစဉ်ရှိကြောင်းနှင့် နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များကို အားပေးသည့်လှုပ်ရှားမှုအပြင်
အခြား ၀တ်ပြု ဆုတောင်းပွဲ များကို ကိုမင်းကိုနိုင်ပုံပါသည့် တီရှပ်များ ၀တ်ဆင်ကာ လုပ်ဆောင်
သွားရန် ရှိကြောင်းသိရသည်။
ဇော်တူး

Tuesday, January 3, 2012

မြန်မာအစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့် နိုင်ငံတကာက စိတ်ပျက်


၈၈ မျိုးဆက်သစ်ကျောင်းသားများ
အင်းစိန်ထောင်ရှေ့ ယနေ့မြင်ကွင်း လာကြိုသူနည်းပါး
              ယုံကြည်ချက်ကြောင့်အကျဉ်းကျခဲ့ပြီးယနေ့ပြန်လည်လွတ်မြောက်လာတဲ့ ဟင်္သာတမှ
                                              ကျောင်းဆရာ ဦးကြည်သန်း
၃-၁-၂၀၁၂
လွတ်လပ်ရေးနေ့ ၆၄ နှစ်မြောက်  ကြိုဆိုဂုဏ်ပြုတဲ့ အနေနဲ့ သမ္မတ ဦးသိန်းစိန်က
လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို နိုင်ငံပိုင် ရုပ်သံလိုင်းကနေ ညနေ ၄ နာရီမှာ
ကြေညာသွားခဲ့ပါတယ်။
ဒါကြောင့် သမ္မတဦးသိန်းစိန်ရဲ့ ဒီတစ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်မှာလည်း ၈၈မျိုးဆက်
ကျောင်းသား ခေါင်းဆောင်တွေ လွတ်မြောက်လာစရာ လမ်းစမရှိဘူးလို့ နိုင်ငံရေး အကျဉ်းသား
မိသားစုတွေက တွက်ဆနေကြပါတယ်။
 ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ တိုင်းရင်းသားခေါင်းဆောင်တွေဟာ နိုင်ငံရေး
အတွက်လုပ်ဆောင်ခဲ့ကြလို့  အပြစ်ဒဏ်အမျိုးမျိုးစွဲချက်တင်ပြီး မတရားအမိန့် တွေနဲ့ ထောင်
ဒဏ်နှစ်ရှည်ကျခံနေရပါတယ်။
ဒီတစ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်မှာလည်း အကျဉ်းသားလွတ်ရက် စေ့နေပြီဖြစ်လို့ လွတ်လာနိုင်
သူတွေဘဲပါကြောင်းသိရပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ဆိုပြီး ထောင်ဒဏ်နှစ်ကြီးသမားတွေကို
နှစ်လျှော့ပေးလိုက်တာဘဲရှိတယ်။နိုင်ငံရေး အကျဉ်းသားတွေ မပါသလောက်နည်းမှာကိုတွေ့ ရ
တဲ့အတွက် မိသားစုဝင်တွေနဲ့ နိုင်ငံရေးလေ့လာသူတွေက သမတ ဦးသိန်းစိန် နိုင်ငံတကာကို
ထပ်လိမ်ပြန်ပြီလို့  ယူဆနေကြပါတယ်။
အမှန်ကတော့ စစ်အစိုးရလုပ်နည်းအတိုင်းပေါ့ ကြားဖြတ်ရွေးကောက်ပွဲ မပြီးသေးသရွေ့ လွှတ်မယ်မထင်ပါဘူး။ရွေးကောက်ပွဲပြီးမှ နှစ်ဆန်းတစ်ရက်နေ့ လောက်ကျမှ လွှတ်ပေးမယ်လို့  ထင်မြင်မိပါတယ်။

Thursday, December 22, 2011

နိုင်ငံရေး အကျဉ်းသားများကို လာမည့် နှစ်ဆန်း ဇန်န၀ါရီလ ၄ ရက်နေ့တွင်လွှတ်ပေးမည်ဟု ရထားပို့ ဆောင်ရေးဝန်ကြီး
ပြောကြား

မြန်မာနိုင်ငံ အကျဉ်းထောင်များ အတွင်း ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများကို
လာမည့် နှစ်ဆန်း ဇန်န၀ါရီလ ၄ ရက်နေ့မှစတင်၍ နှစ်ကြိမ်ခွဲ လွှတ်ပေးမည်ဟု အစိုးရ ရထား
ပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက ပြောသည်။ဦးအောင်မင်းသည် အစိုးရ ပြည်ထောင်စုအ
ဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင်လည်း ဖြစ်သည်။
ယမန်နေ့က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ကရင်အမျိုးသားအစည်းအရုံး(KNU)
နှင့် နှစ်ဘက် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ လာရောက်ဆွေးနွေးစဉ် ဦးအောင်မင်းက
အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်ဟု ဧရာဝတီတွင်ဖေါ်ပြထားသည်။
မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် လှုပ်ရှားကြသူ ယုံကြည်ချက်ဖြင့် ကိုယ်ကျိုးစွန့် 
ဆောင်ရွက်ကြသော ရဟန်းသံဃာများ ကျောင်းသားခေါင်းဆောင်များ တိုင်းရင်းသားခေါင်း
ဆောင်များ ပြည်သူများကို မတရားသော ဥပဒေများဖြင့် ဖမ်းဆီးထိမ်းထားခြင်းသည် ဥပဒေ
ကို မျက်ကွယ်ပြုရာရောက်သည့်အပြင် ဒီမိုကရေစီဖေါ်ဆောင်ရာတွင်လည်း အဟန့် အတား
စေနိုင်သည်။ထို့ ကြောင့် အပြစ်မရှိသူ နိုင်ငံရေးအကျဉ်းသားများအား အမြန်ဆုံးပြန်လွတ်
ပေးပြီး အားလုံးပါဝင်နိုင်သော လွတ်လပ်သည့် နိုင်ငံရေးအခင်းအကျင်းများ ဖြစ်ပေါ်လာမှ
သာ မြန်မာ့ဒီမိုကရေစီအရေးကို အားလုံးပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ပေသည်။

Saturday, June 25, 2011

88 ကျောင်းသားများ (ပြည်ပ) အိပ်ဖွင့်ပေးစာ


Saturday, February 12, 2011

အမျိုးသားပြန်လည်သင့်မြတ်ရေး ၈၈ မျိုးဆက် ကျောင်းသားတွေ တိုက်တွန်း



အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် နိုင်ငံရေး အင်အားစုတွေ အားလုံး လက်တွဲ ပူးပေါင်း ဆောင်ရွက်ကြဖို့ ၈၈ မျိုးဆက် ကျောင်းသားတွေက တိုက်တွန်းလိုက်ပါတယ်။ RFA