Sunday, July 27, 2014

ဦးနေ၀င်းမြေး စကော်ပီယံဂိုဏ်း ခေါင်းဆောင်တွေပြန်လွတ်လာတဲ့အတွက် တိုင်းပြည်အန္တရာယ်ရှိ

၂၀၁၄-၇-၂၇
ရန်ကုန်မြို့မှာ ယခင်ဆယ်စုနှစ်များက လမ်းသရဲဂိုဏ်း၊ စိန်ဂေါ်လီဂိုဏ်း၊ စကော်ပီယံဂိုဏ်း ဟူသော ဂိုဏ်းများ ပေါ်ထွန်ခဲ့ဖူးပါတယ်။ ဒီထဲမှာ စကော်ပီယံဂိုဏ်းဆိုတာကဗိုလ်ချုပ်နေဝင်းရဲ့ မြေးများဖြစ်တဲ့
 ကျော်နေဝင်း၊ အေးနေဝင်း၊ ဇွဲနေဝင်း ဆိုသူတို့ရဲ့ ဂိုဏ်းတစ်ခုပါ။ 

အာဏာရအစိုးရ ထိပ်သီးများရဲ့ သားသမီးများက ဖွဲ့ကာ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ရန်စောင်ခြင်း၊ မိမိနှင့်ဆန့်
ကျင်ဘက် လုပ်သူများကို သတ်ခြင်း၊ အနိုင်ကျဗိုလ်ကျခြင်းများကို ပြုလုပ်ကြပါတယ်။ သူတို့ကို ရဲတပ်ဖွဲ့ကလည်း မတားစီးရဲတဲ့အပြင် သူတို့ မိဘများကလည်း အရေးယူမှာကို မကြိုက်ကြပဲ ရဲအဖွဲ့ကိုပင် ပြန်ပြီး ရန်မူတက်တဲ့ ရမ်းကားတဲ့ အဖွဲ့အစည်းများ အဖြစ် နာမည်ကြီးခဲ့ပါတယ်။
ထိုစကော်ပီယံဂိုဏ်းက အင်းအားကောင်း သထက်ကောင်းလာကာ ၁၉၈၈ အာဏာသိမ်းအစိုးရ
ကိုပင် အာဏာ ပြန်သိမ်းဖို့ ကြိုးစားကြံစည်လာတဲ့ အတွက် ဖမ်းစီးကာ သေဒါဏ်ကို ချမှတ်ခဲ့
ရကြောင်း အားလုံးသိပါသည်။

ထိုယုတ်မာပက်စက်ခဲ့သော လူများသည် ဦးသိန်းစိန်အစိုးရကျေးဇူးကြောင့် နိုင်ကျဉ်းများနှင့်အတူ တစ်သက်တစ်ကျွန်း ပြစ်ဒါဏ်မှ ပြန်လည်လွတ်မြောက်လာပြီး အများပြည်သူများ အံ့သြယူရ
လောက်အောင် ၎င်းတို့ ပိုင်ဆိုင်မှုများ ထုတ်၍ပြသလျှက်ရှိချေပြီ။

ယခင်က နဝရတ်လိုဟော်တယ်ကြီးများ ပိုင်ဆိုင်ပြီး ယခု မေတ္တာလှိုင်းလို မော်တော်ယာဉ်လိုင်းများ
လည်း ပိုင်ဆိုင်သူ ဦးနေဝင်း၏ မြေးများသည် ယခုထပ်မံ၍ AGD ဘဏ်၏ရှယ်ယာ ၆၀ ရာခိုင်နှုံးကို ဒေါ်လာငွေ ၄ ဘီလီယံကျော်နဲ့ ဝယ်ယူလိုက်ပါပြီ။

ဒါဟာ ထောင်ထွက်တစ်ယောက်ရဲ့ ချမ်းသာမှုပါ ထောင်ထဲလဲ မရောက်သေး လက်ရှိ အာဏာရှိ
နေသူများရဲ့ သားသမီး မြေးမြစ်တွေဆို ဘယ်လောက်ထိ ချမ်းသာကြွယ်ဝကြလဲဆိုတာ ဘယ်လိုမှ
 မှန်းဆလို့ မရနိုင်တော့ပါဘူး။ဘာတွေဆက်လုပ်ကြအုံးမလဲ ဆိုတာတော့ ငွေရောင်ပိတ်ကားပေါ်မှာ ဆက်လက်ရှုစားတော်မူကြပါကုန်။

မယ်မင်းကြီးမ