Showing posts with label NLD(LA)JP. Show all posts
Showing posts with label NLD(LA)JP. Show all posts

Wednesday, June 20, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၇)နှစ်မြောက် မွေးနေ့ 

၂၀၁၂-၆-၁၉
 လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၇)နှစ်မြောက် မွေးနေ့ ကို အမျိုးသားဒီမိုကရေစီအဖွဲ့ 
ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ တိုကျို မြန်မာဘုန်းကြီးကျောင်းတွင် ဆွမ်းကပ်ပွဲ ကျင်းပခဲ့ရာ
အဖွဲ့ ချုပ်အဖွဲ့  ၀င်များနှင့် မြန်မာ့အရေးလှုပ်ရှားသူများ တက်ရောက်ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည် အသက် ၁၀၀ကျော်ရှည်ပါစေကြောင်း ဆုတောင်းမေတ္တာပို့ သခဲ့ကြသည်။

Sunday, June 17, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၇)နှစ်မြောက် မွေးနေ့ ဆုတောင်းပွဲ

 ၂၀၁၂-၆-၁၇
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၇)နှစ်မြောက် မွေးနေ့  အကြိုအဖြစ် ဂျပန်နိုင်ငံတွင်
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲနှင့် အမျိုးသမီးများသမဂ္ဂမှ ကျင်းပခဲ့ရာ
ဂျပန်နိုင်ငံရှိ မြန်မာ့အရေးလှုပ်ရှားသော နိုင်ငံရေးအဖွဲ့ အစည်းအသီးသီးမှ တက်ရောက်၍ ဒေါ်အောင်
ဆန်းစုကြည် ကျမ်းမာ၍ အသက်ရာကျော်ရှည်ပါစေကြောင်း မွေးနေ့ ဆုတောင်း ပေးခဲ့ကြသည်။


အမျိုးသားခေါင်းဆောင်၊ငြိမ်းချမ်းရေးနိုလ်ဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏( ၆၇ )နှစ်ပြည့်မွေးနေ့  ဆုတောင်းပွဲ

 ငြိမ်းချမ်းရေးကျောက်တိုင်
အမျိုးသားခေါင်းဆောင်၊ငြိမ်းချမ်းရေးနိုလ်ဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏( ၆၇ )နှစ်ပြည့်မွေးနေ့  ဆုတောင်းပွဲနှင့်ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ရေး
ဆုတောင်းပွဲပြုလုပ်ခဲ့ရာ  ( ဂျပန် )နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီအဖွဲ့ ချုပ်(LDB)မှဦးဆောင်၍ ဂျပန်နိုင်ငံရှိ      နိုင်ငံရေးအဖွဲ့ အစည်းများမှ ပူးပေါင်းပါဝင်ခဲ့ကြသည်။

Wednesday, December 14, 2011

ဂျပန်လွှတ်တော်တွင် မြန်မာ့အရေးနှင့်ပါတ်သက်ပြီး FTUB မှ ဦးမောင်မောင် ဆွေးနွေး

၁၄-၁၂-၂၀၁၁
 မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ဂျပန်လွှတ်တော်တွင် မြန်မာ့အရေးနှင့်
ဂျပန်အစိုးရမှ လူသားခြင်းဆိုင်ရာ ကူညီထောက်ပံမှုများကို ဆွေးနွေးခဲ့ကြသည်။မြန်မာနိုင်ငံ
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ဂျပန်အစိုးရအနေဖြင့် လူ့ အခွင့်အရေးချိုးဖေါက်မှု
 ပြည်တွင်းစစ်ရပ်စဲရေး စစ်မှန်သော ဒီမိုကရေစီရရှိရေးတို့ အတွက် ပြည်သူပြည်သားများ
အား ထိရောက်သောအကူအညီများပေးရန်နှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်
ဆန်းစုကြည်အား ကူညီအားပေးရန် စသည်တို့ ကို ဂျပန်လွှတ်တော်အမတ်များအား FTUB
ဦးမောင်မောင်မှ ပြောကြားဆွေးနွေးခဲ့ပြီး ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှား
သော အဖွဲ့ အစည်းအသီးသီးမှ တက်ရောက်ခဲ့ကြသည်။

Thursday, December 8, 2011

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူးဦးလွင် ကွယ်လွန်
အထူးဝမ်းနည်းကြေကွဲကြောင်း

Wednesday, November 30, 2011

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဂျပန်နိုင်ငံရှိ မြန်မာသံရုံးရှေ့ တွင် တောင်းဆိုဆန္ဒပြ

၃၀-၁၁-၂၀၁၁
အမျိုသားဒီမိုကရေစီအဖွဲ့ ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ကြီးမှူးကျင်းပသော အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက်နှင့် တွေ့ ဆုံဆွေးနွေးရေးကို အမြန်ဆုံးအကောင်အထည်ဖေါ်ရန် မြန်မာ စစ်သံရုံးရှေ့ တွင်
အဖွဲ့ အစည်းအသီးသီးတို့ မှပူပေါင်းပါဝင်၍ တောင်းဆိုဆန္ဒပြကြသည်။ 

Tuesday, November 22, 2011

တိုကျို မြန်မာသံရုံးရှေ့  နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆန္ဒပြတောင်းဆို

၂၂-၁၁-၂၀၁၁
လစဉ် ၂၁ နေ့ ကို နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် တောင်းဆိုဆန္ဒပြခဲ့ရာ
၈၈ ကျောင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေအကျဉ်းသားများ လွတ်မြောက်ရေးအတွက် တိုကျိုမြို့   မြန်မာသံရုံးရှေ့ တွင် ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသည့် အဖွဲ့ အစည်းအသီးသီးမှ တက်ရောက်၍ ဆန္ဒပြတောင်းဆိုခဲ့ကြသည်၊၊

Tuesday, July 19, 2011

(၆၄)နှစ်မြောက် အာဇာနည်နေ့  ပြည်သူ ၂၀၀၀ ကျော် ငြိမ်းချမ်းစွာ ချီတက်ဂါရ၀ပြု


၂၀၁၁-၇-၁၉
၆၄ နှစ်မြောက် အာဇာနည်နေ့  မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်စုကြည် နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်အဖွဲ့ ဝင်များ ရဟန်းသံဃာများ ဒီမိုကရေစီအင်းအားစုများကျောင်းသား လူငယ်များ လွမ်းသူ့ ပန်းခွေများဖြင့် တက်ရောက်ဂါရ၀ပြုခဲ့ကြပြီး တက်ရောက်သူ လူဦးရေ ၂၀၀၀ ကျော်ခန့် ရှိသည်ဟု သိရှိရသည်။

တိုကျို မြန်မာသံရုံးရှေ့  အာဇာနည်နေ့ အခမ်းအနား

ဓါတ်ပုံ လှမျိုး
၂၀၁၁-၇-၁၉
၆၄ နှစ်မြောက် အာဇာနည်နေ့သည် လွတ်လပ်ရေး၏ဖခင်ကြီး(အမျိုးသားခေါင်းဆောင်)ဗိုလ်ချုပ် အောင်
ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီး များသည် တိုင်းပြည်၏ တာဝန်ကိုထမ်းဆောင်နေရင်း ဂဠုန် ဦးစော
 နှင့် အပေါင်းအပါ လူယုတ်မာတစု၏ လုပ်ကြံသတ်ဖြတ်မှုဖြင့် ကွယ်လွန်အနိစ္စရောက်ခဲ့ရသည်။ အာဇာနည်နေ့ သည် မြန်မာနိုင်ငံအဖို့  ၀မ်းနည်းကျေကွဲဖွယ်ကောင်းသော ဆုံးရုံးမှုကြီးဖြစ်၍ ယနေ့ ထိတိုင် မမေ့နိုင်သော နေ့ တနေ့ ဖြစ်သည်။
၆၄ နှစ်မြောက် အာဇာနည်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲမှ ဦစီးကျင်းပခဲ့ပြီး တိုကျို မြန်မာသံရုံရှေ့  အာဇာနည်နေ့ အခမ်းအနားသို့  ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီ အင်းအာစုများမှ လွမ်းသူ့ ပန်းခွေများဖြင့် တက်ရောက်ဂါရ၀ပြုခဲ့ကြပြီး တက်ရောက်သူ လူဦးရေ ၂၀၀ နီပါးခန့် ရှိသည်ဟု သိရှိရ သည်။

Sunday, July 17, 2011

၆၄ နှစ်မြောက် အာဇာနည်နေ့  အထိမ်းအမှတ်ဆွမ်းကပ်လှူဒါန်းပွဲ

၂၀၁၁-၇-၁၇
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲ၏ အဖွဲ့ ချုပ်အဖွဲ့ ဝင်များမှ      စုပေါင်းပြီးအာဇာနည်နေ့ အကြိုအဖြစ် ၂၀၁၁-၇-၁၇ ရက်နေ့  တနင်္ဂနွေနေ့ တွင် တိုကျိုမြို့ NAKAITABASHI ရှိမြန်မာ ဘုန်းကြီးကျောင်းတွင် အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ သံဃာတော်အရှင်မြတ်များအား ဆွမ်းကပ် လှူဒါန်းခဲ့ကြသည်။

Tuesday, July 12, 2011

မြန်မာ့အရေးနှင့်ပါတ်သက်ပြီး ဂျပန်လွှတ်တော်တွင် ကြားနားပွဲပြုလုပ်

၂၀၁၁-၇-၁၂
မြန်မာ့လက်ရှိအခြေအနေနှင့်ပါတ်သက်ပြီး ဂျပန်လွှတ်တော်မှာ မြန်မာ့အရေးဆောင်ရွက်သော ဂျပန်လွှတ်တော်အမတ်များသမဂ္ဂ၏ KONNO ATSUMA အမတ်မှ ဦးဆောင်၍ မြန်မာ့အရေးကြားနာပွဲ ကို ဂျပန်လွှတ်တော် အဆောက်အဦး ၃ . B1-၁၀၃ ခမ်းမတွင် ကျင်းပခဲ့ပါသည်။ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမို
ကရေစီအင်အားစုများမှ တက်ရောက်ခဲ့ကြပြီး
၁။ တိုင်းရင်းသား ဒေသများတွင် ဖြစ်ပေါ်နေသော မြန်မာစစ်အစိုးရ၏ ထိုးစစ်ဆင်မှု  ၂။မြန်မာစစ်အစိုးရက
မြောက်ကိုရီယားနှင့် ချစ်ကြည်ရေးပြန်လည်တည်ဆောက်ပြီး အနုမြူထုတ်လုပ်သည့် စက်ရုံများကို တည်ဆောက်ရန် မြောက်ကိုရီးယားမှ နည်းပညာနှင့်ပညာရှင်များခေါ်ယူမှုနှင့်  မြောက်ကိုရီးယားနှင့် ဆက်နွယ်သည့် အထောက်အထားများ   ၃။ ဂျပန်နိုင်ငံသို့  ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရ ပါတီများကို နိုင်ငံရေးအတွေ့ အကြုံရရှိရန် ခေါ်ယူ၍လေ့လာခွင့် ပြုမည့်အပေါ် ဂျပန်အစိုးရ၏
လုပ်ရပ်သည် တဖက်သတ်ဆန်လွန်းသည်။ ယခုလို ခေါ်ယူလိုက် သည့်အတွက်  လူ့ အခွင့်အရေးကြီးမားစွာ ချိုးဖေါက်နေသည့် မြန်မာစစ်အစိုးရအား ဂျပန်အစိုးရမှအသိအမှတ်ပြုသည့် သဘောသက်ရောက်နေပြီး။ အာဏာရှင် လက်ဝါးကြီးအုပ် အုပ်ချုပ်နေသည့် မြန်မာစစ်အစိုးရ အတွက်ဖြစ်မည့်  ODA နှင့်ပါတ် သက်ပြီး ပြန်လည်သုံးသပ်ပေးရန်။ မြန်မာစစ်အစိုးရ၏ ဒီမိုကရေစီသည် အတုအယောင်သာဖြစ်ကြောင်း ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ ဆွေးနွေးတင်ပြ တောင်းဆိုခဲ့သည်။