Tuesday, June 19, 2012

ရဝေနွယ်(အင်းမ) မွေးနေ့အလှူမြတ်ဒါန


၂၀၁၂-၆-၁၉
          အရှင်ရာဇိန္ဒ (ရဝေနွယ် - အင်းမ) ဆရာတော်၏ (၄၃)နှစ်ပြည့်မွေးနေ့ သိက္ခာထပ်မင်္ဂလာ အခမ်းအနားအား ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်ရှိ ဓမ္မရဝေတောရကျောင်းတိုက်တွင်
 နံနက် (၉း၃ဝ) နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ရာ မွေးနေ့ သိက္ခာထပ်မင်္ဂလာအဖြစ် အလှူငွေ (၄၃) သိန်းကျပ် တိတိအား နာရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများအား စဉ်ဆက်မပျက် အများပြည်သူ တို့အား ပေးဆပ်လျှက်ရှိသော နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ သဒ္ဒါတရားကြည်လင်စွာ ပေးအပ် လှူဒါန်းခဲ့ရာ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကိုဆောင်းဦးလှိုင် (တေးသံရှင်)နှင့် အလုပ်အမှုဆောင်  အဖွဲ့တို့မှ လက်ခံရယူပြီး ဆရာတော်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ချီးမြှင့်ပေးအပ်ခဲ့သည်။