ခွန် ဒီးယမ်
ခရီးခဏခဏထွက်ရတော့ ခရီးထွက်ခြင်းအပေါ် ဘယ်လို သဘောထား သလဲ ဆိုတာကို သုံးသပ်ကြည့်ပါတယ်။ အဖြေကတော့ သိပ်ကြာကြာ မရှာရပါဘူး။ အလုပ်သဘောနဲ့ ပဲမြင်ပါတယ်။ ခရီးမသွားခင် ပြင်ဆင် ရမဲ့ ကိစ္စတွေ၊ ခရီးသွားစဉ် လိုအပ်တဲ့ ပစ္စည်းတွေ စုဆောင်းရတာတွေ၊ အရေးကြီးဆုံးကတော့ အလုပ်အများဆုံးဖြစ်မြောက်ပြီး လိုအပ်တဲ့ နားချိန်လေးတွေလည်း ရနိုင်မဲ့ အချိန်ဇယားဆွဲဖို့ ပါပဲ။ ဒီလိုအချိန်ဇယား ဆွဲရေးနဲ့  ရုန်းကန်ရဲတဲ့ သူကတော့ ကျွန်မ ကိုယ်ရေးအရာရှိ ဒေါက်တာ တင်မာအောင်ပါပဲ။ တစ်ခါတစ်ခါ သွားမဲ့မြို့ / နိုင်ငံက ပုဂ္ဂိုလ် များ နဲ့  ဒေါက်တာတင်မာအောင် ဆွေးနွေးတာတွေ နားထောင်ရတာ ရယ်စရာ နည်းနည်းကောင်းပါတယ်။ အထူးသဖြင့် ဟိုဘက်က ဆွေးနွေးတဲ့သူက အမျိုးသားဆိုရင် ရယ်ရွှင်စဖွယ်ပါပဲ။ တစ်ခါတစ်ရံ အစီအစဉ် တစ်ခုနဲ့  တစ်ခုအကြားထားပေးတဲ့ အချိန် မလုံလောက်ဘူး ထင်ရင် ဒေါက်တာ တင်မာအောင် ပြောတာတွေ ထဲမှာ “အမျိုးသမီးတွေနဲ့ အမျိုးသားတွေ ရဲ့ လိုအပ်ချက်တွေမတူဘူး။ ရှင်တို့ တွေက အပေါ် အကျီ င်္လေးပြင် ၀တ်လိုက်တာနဲ့ ပြီးတယ်။ ကျွန်မတို့ က ဒီထက် ပိုပြီးအလုပ်ရှုပ်တယ်” စသဖြင့် တစ်ခါတလေ ဒီလိုအငြင်းပွား မှုမျိုးကို အီးမေးလ်နဲ့ တောင် လုပ်နေရတာလေးတွေက ပင်ပန်းတဲ့ အထဲက စိတ်ပေါ့ပါးစရာ ဟာသကွက် ကလေးများ ဖြစ်ရပါတယ်။
ခရီးသွားတဲ့အခါ အရေးအကြီးဆုံး ကတော့ ပီပြင်တဲ့ ကြိုတင်ပြင်ဆင်မှုပါပဲ။ ခရီးသွားခြင်းနဲ့ ပတ်သက်လို့  ကျွန်မရခဲ့ရတဲ့ တန်ဖိုးအထားရဆုံး သင်ခန်းစာ တစ်ခုကတော့ ကြိုတင်ပြင်ဆင်မှုရဲ့ တန်ဖိုးဖြစ်ပါတယ်။ ကျွန်မ တက္က သိုလ်ကျောင်းသူ တစ်ဦးအနေနဲ့ အောက်(စ်)ဖို့  ကို ရောက်သွားတဲ့ အခါက ပထမဦးဆုံးရခဲ့တဲ့ သင်ခန်းစာ တစ်ခုလည်း ဖြစ်ပါတယ်။ လုပ်ကိစ္စတွေ နဲ့ ပတ်သက်လို့ သာ မဟုတ်ပါဘူး။ နိစ္စဓူဝ လူမှုရေး ကိစ္စများတွင် လည်း အရေးပါပါတယ်။ ပထမဦးဆုံးအကြိမ် ကျွန်မနဲ့ သူငယ်ချင်း တစ်ယောက် ပေါင်းပြီး အခြားကျောင်းသူ၊ ကျောင်းသားအချို့ ကို ထမင်းကျွေးဖိတ်တဲ့အခါမှာ ကျွန်မတို့ နှစ်ဦး သေသေချာချာ အစီအစဉ် ဆွဲပြီး လုပ်ကြပါတယ်။
ထမင်းစားဖို့ ဆိုပေမဲ့ အစားအစာတင် မကပါဘူး။ ဘယ်သူတွေကို အတူ ဖိတ်ရင် အားလုံးအတွက် စိတ်ဝင် စားဖွယ်ရာ၊ ပျော်စရာဖြစ်မယ် ဆိုတာတွေ ကိုလည်း ထည့်ပြီးစဉ်းစားရပါတယ်။ အသေအချာ စီစဉ်တဲ့  အတွက်လည်း ကျွန်မတို့ ထမင်းစားပွဲလေးဟာ အောင်အောင်မြင်မြင်နဲ့ အားလုံးအတွက် အမှတ်ရဖွယ် ဖြစ်ခဲ့ပါတယ်။
ဘာမှသိပ်ပြီး အရေးမကြီးလှတဲ့ ကျောင်းသား - ကျောင်းသူများ စုဝေး စားသောက်ပွဲ လေးတောင် အသေအချာ စီစဉ်မှ ရလဒ်ကောင်းနိုင်တယ် ဆိုတာ ကျွန်မစိတ်ထဲမှာ စွဲကျန်ခဲ့ပါတယ်။ ဒါကြောင့် ဘယ်လိုကိစ္စမဆို ကြို တင်ပြင်ဆင်မှု လိုအပ်တယ်ဆိုတာကို လက်ခံယုံကြည်ပါတယ်။ ခရီးမထွက်မီ စီစဉ်ရသည်များ က ပိုမို ပင်ပန်း ပါတယ်။ ဒီဘက်က ထားခဲ့ရမဲ့  အလုပ်တွေလည်း မလစ်ဟင်းရအောင်၊ ဟိုရောက်တော့လည်း တာဝန် ကျေအောင် ၊ ပြန်လာတဲ့အခါမှာလည်း အလုပ်တွေ မနိုင်မနင်း မပုံနေအောင် အဘက်ဘက်ကို တွက်ပြီး လုပ်ရပါတယ်။
ဘ၀ခရီးဆိုတာလည်း ဒီလိုပါပဲလားလို့ တွေးမိပါတယ်။ တစ်နေရာ တစ်ချိန် တည်းအတွက် တွက်ပြီး လုပ်လို့  မရပါလား။ များပြား လှတဲ့ အတွက် အချက်တွေနဲ့ ကိုယ်လိုရာလမ်းကို လွယ်လွယ်နဲ့ မဟုတ်တောင်မှ မှန်မှန် ကန်ကန် လျှောက်သွားနိုင်ဖို့ ပြင်ဆင်ရပါတယ်။
အတွဲ(၁) အမှတ်(၄၃) ဒီလှိုင်းဂျာနယ်ပါ "ဒီစကား" ဆောင်းပါး , Credit to original writer
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts
Monday, November 12, 2012
Tuesday, June 12, 2012
ငရုတ်သီးမှုန့်နဲ့ ငံပြည်ရည် နယ်ချဲ့တဲ့မြေ
2012-6-12
စီးပွားရေး
လုပ်ငန်းရှင်တွေက မြေယာတွေ အလုအယက်ဝယ်ပြီး ရင်းနှီးမြုပ်နှံလာတဲ့အထဲမှာ ငရုတ်သီးမှုန့်နဲ့
ငံပြည်ရည် ကုမ္ပဏီလဲ ပါလာပါတယ်။
စိန်ခဲမြခဲ ငံပြည်ရည်စက်ရုံက လယ် ၁၀ ဧကကို လယ်သမားတွေဆီက
၁ဧက ၁၀ သိန်းနဲ့ ၀ယ်လိုက် ပါတယ်။ အဲဒီထဲမှာ ဒေါ်ဌေးဌေးဝင်းရဲ့ လယ်တစ်ဧက ကို မသိမသာလေး
ယူလိုက်ပြီး အုတ်တံတိုင်း ခတ်ပစ်လိုက်ပါတယ်။
ဒေါ်ဌေးဌေးဝင်း တယောက် ခရီးသွားရာကနေ ပြန်တော့မှ သူ့ခြံကြီးကို
အုတ်တံတိုင်းခတ်ထားတာ တွေ့လိုက် ရတော့ မန်နေဂျာ ၀င်းကို ကိုမေးပါတယ်။ မန်နေဂျာက ပြောလိုက်တာက
နည်းနည်လိုနေတာနဲ့ ဖြည့်လိုက်ရ
တာပါတဲ့။
သူမန္တလေးကို
ခရီးသွားနေတုန်း လယ်သမား ဦးမြဇင်ဆိုတဲ့ လူက သူ့လယ်လိုလို ဘာလိုလိုပြောပြီး မသိမသာ
ထည့်ရောင်းလိုက်တာလို့ သိရပါတယ်။ ဦးမြဇင်ကို သွားပြောတော့ ခင်ဗျားကို ၁သိန်းဘဲ ပေးနိုင်မယ်လို့
ဆိုပါတယ်။
ကိုယ့်မရှိတုန်း
ကိုယ့်လယ်ကို ထိုးရောင်းခံလိုက်တဲ့ ဒေါ်ဌေးဌေးဝင်း တယောက် ဘယ်သူ့ကိုတိုင်တိုင် ၁ သိန်းနဲ့ဘဲ
ကျေနပ်ခိုင်းနေတယ်လို့ဆိုပါတယ်။
ဦးမြဇင်ကတော့
သူ့လယ် ၄ဧက ကို ဘုတ်ဆုံမ ငရုတ်သီးမှုန့် ကို သိန်းလေးဆယ်နဲ့ ရောင်းခဲ့ပြီး ကျန်တဲ့ ၁၀
ဧကကို စိန်ခဲ မြခဲ ငံပြည်ရည် စက်ရုံကိုရောင်းလိုက်ပါတယ်။ အဲဒီထဲမှာ ဒေါ်ဌေးဌေးဝင်း လယ်
၁ဧက ပါသွားတာပါ။
Monday, April 9, 2012
သင်္ကြန် သမိုင်းကြောင်း
သင်္ကြန် သမိုင်းကြောင်း ( သံလွင် သူ)
အီးမေးလ်က ရတဲ့သင်္ကြန်သမိုင်းလေး တင်ပေးလိုက်ပါတယ် သင်္ကြန် သမိုင်း …. ယခုလို နှစ်သစ်ကူးတဲ့ အချိန်သမယမှာ မြန်မာတွေအနေနဲ့ မြန်မာ ရိုးရာသင်္ကြန်ပွဲတော်ရဲ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း အစကို သိထားဖို့လိုပါတယ်။ သင်္ကြန် မူလက သင်္ကြန်ပွဲတော်ဟာ ဗုဒ္ဓဘာသာဝင်တွေ ကျင်းပခဲ့ ခြင်းမရှိပါဘူး။ ဒါဟာ ဟိန္ဒူဘာသာဝင်တွေရဲ့ ဘာသာရေးပွဲတော် တစ်ခုပဲဖြစ်ပါတယ်။
သိကြားမင်း -ဗြဟ္မာမင်း
တစ်ခါက (ဗရာမာလို့ခေါ်တဲ့) ဗြဟ္မာမင်း အာစိ ဟာ ဒေ၀နတ်အပေါင်းတို့ရဲ့ ဘုရင် သကြားမင်းကို
Monday, December 26, 2011
နိုင်ငံရေးပိုင်သူ ရှားပါး
၂၆-၁၂-၂၀၁၁
ကျနော်တို့ မြန်မာနိုင်ငံရဲ့ နောက်ပိုင်းသမိုင်းကို ပြန်ပြောင်းကြည့်လိုက်ရင် ကျနော်တို့နိုင်ငံမှာ
နိုင်ငံရေးကို ပိုင်ပိုင်နိုင်နိုင် ခွဲခြမ်းသုံးသပ်သိမြင်တတ်သူအတော်ရှားပါးတာကို တွေ့ကြရတယ်။
ခေတ်ပညာအသိ မကြွယ်ဝသေးတဲ့ ပဒေသရာဇ်ဘုရင်ခေတ်ကို ထားလိုက်တော့။လောကဓာတ်
ကျောင်းဆိုတာတွေ စတင်ပေါ်ပေါက်၊ နောက် တက္ကသိုလ်ထွက်ပေါ်တဲ့ ကိုလိုနီခေတ်မှာကို ရှိသင့်ရှိအပ်တဲ့ နိုင်ငံရေးအသိရှိတဲ့သူ အင်မတန် ခေါင်းပါးတာကို တွေ့ကြရတယ်။
ဥပမာ ဂျာမဏီမှာ “အာဏာရှင်” ဟစ်တလာ (သူတို့ခေတ်က ၀စ္စပေါက်သံထည့်ပြီး ရွတ်ကြပါ
တယ်။နောက်မှ ၀စ္စပေါက်သံ ပျောက်ပြီး “ဟစ်တလာ” ခေါ်ကြတာ) ပေါ်လာတော့ တတိုင်းတပြည်
လုံး ဟစ်တလာ ဟစ်တလာ ဖြစ်လာတယ်။အာဏာရှင်အာဏာရှင် ဖြစ်လာတယ်။ နိုင်ငံရေးခေါင်း
ဆောင်တဦးကိုတောင် “အာဏာရှင် ဦးချစ်လှိုင်” ခေါ်လိုက်ကြသေး။ သီချင်းထဲမှာတောင် “အာ
ဏာရှင် ဟစ်တလာက ပျိုရွယ်သူတွေ ယှဉ်ကာဖက်လို့” ဘာညာ ဆိုလိုက်ကြသေးတာကလား။
ဒီလိုနဲ့ နောက်ဆုံး ဖက်ဆစ်ဂျပန်နဲ့ ပေါင်းတဲ့ထိ ဖြစ်ခဲ့ရတယ်။ ဒါ့ကြောင့်လည်း နောင် ဦးသိန်း
ဖေမြင့် (အဲဒီတုန်းက ရဲဘော်သိန်းဖေ) နဲ့ တွေ့တဲ့အခါ တရုတ်ခေါင်းဆောင်ကြီး ချိုအင့်လိုင်က “ကမ္ဘာပေါ်မှာ ကွန်မြူနစ်မှန်သမျှ ဖက်ဆစ်ဆန့်ကျင်တာချည်း၊ မင်းတို့ ဗမာကွန်မြူနစ်တွေပဲ ဖက်ဆစ်ဂျပန်နဲ့ ပူးပေါင်းတယ်” လို့ ရှုတ်ချတာ ဖြစ်တယ် (စစ်အတွင်းခရီးသည်)။