skip to main |
skip to sidebar
၂၆.၆.၂၀၁၃
အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများဖြစ်တဲ့ ဒေါက်တာခင်မောင်ရွှေ ကျောက်တံကား
မဲဆန္ဒနယ်မှ မြို့ချောင်းကျေးရွာတွင် ကျေးလက်ကျမ်းမာရေးဌာန ချထားပေးရန်ရှိ/မရှိမေးခွန်း၊
ဦးစိုးစိုး ထီးချိုင့်မဲဆန္ဒနယ် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့အတွက် ဗဟိုဆေး
သိုလှောင်ရုံဌာန ခွဲများဖွင့်လှစ်ပေးရန်ရှိ/မရှိမေးခွန်း၊ ဦးအင်ဖုန်ဆန်း မချမ်းဘောမဲဆန္ဒနယ်
ပြည်သူ့ဆေးရုံ၊ တိုက်နယ်ဆေးရုံများတွင် လစ်လပ်နေသော ဆရာဝန်များခန့်ထားရန်ရှိ/
မရှိမေးခွန်း၊ဦးကိုကြီး အောင်မြေသာစံ မဲဆန္ဒနယ်က Normal Trade
မှတရားဝင်တင်သွင်း
ခွင့်ပြုထားသော Cloud Point စားအုန်းဆီသည်
စားသုံးသူပြည်သူများအတွက် ကျန်းမာရေး
ဆိုးကျိုးများဖြစ်စေသည်ကို
သိလိုသည့်မေးခွန်း၊ ဦးဝင်းမြင့် ပုသိမ်မဲဆန္ဒနယ်မှ လစ်လပ်လျက်
ရှိသော
မဲဆန္ဒနယ်မြေများအတွက် လွတ်လပ်၍ တရားမျှတသာကြားဖြတ်ရွေးကောက်ပွဲကိုကျင်းပပြုလုပ်ပေးရန် ရှိ/မရှိမေးခွန်း ၊ ဦးဖေသန်း မြေပုံမဲဆန္ဒနယ်မှ ကြားဖြတ်ရွေးကောက်ပွဲ
ပြုလုပ်နိုင်ရေးအတွက် အချိန်ကာလ အကန့်အသတ်တခု သတ်မှတ်ပြဌာန်းပေးနိုင်ရန်ရှိ/မရှိမေးခွန်းအပါအ၀င်
မေးခွန်း ၁၀ ခုနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ မျက်စိလှူဒါန်းခြင်းဆိုင်ရာ
ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်း ကိုတင်သွင်းခြင်း၊ ဦးတင်မောင်ဦး
ရွှေပြည်သာမဲဆန္ဒနယ်မှ အသင်းအဖွဲ့များဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်း ဆွေးနွေးရန် အဆိုတင်သွင်းခြင်းများပြုလုပ်ဆွေးနွေးသွားမည်ဖြစ်သည်။