Wednesday, July 13, 2011

အမေရိကန်ထုတ် ဖိုက်တာ (Fighter F35) တိုက်လေယဉ်သစ်


 F35

၂၀၁၁-၇-၁၃
အမေရိကန်ထုတ် ဖိုက်တာ လေယဉ်(Fighter X) တိုက်လေယဉ်သစ်နှင့်ပါတ်သက်ပြီး အမေရိကန် ရိပါပလေကင် (Republican)ပါတီ အထက်လွှတ်တော်အမတ် မက်ကိန်း (McCain's)က အနာဂတ်တွင် ခေတ်မှီလေယဉ်များ stealth fighter F35ကို  ၂၈ လုံးထုတ်လုပ်ရန်စီစဉ်နေပြီး ကုန်ကျစရိတ် စုစုပေါင်းခန့် မှန်းချက်သည်။ သန်းပေါင်း ၇၇၁ ဒေါ်လာ(771 million U.S.)ကုန်ကျနိုင်သည် ဟုဆိုပြီး အံ့သြတကြီးပြောကြားခဲ့သည်။
stealth fighter F35သည် ပြီးစီးမည့်အချိန်ထက် နောက်ကျနိုင်သည့် အခြေအနေတွင်ရှိနေသောကြောင့် 
ဂျပန်အစိုးရက တောင်းဆိုထားသည့် ၂၀၁၇ ခုနှစ် ၃လပိုင်းကို ခန့် မှန်းထားသောလည်း စစ်တိုက်ခိုက်ရန်နှင့် အလွယ်တကူ ကယ်ဆယ်ရေးများလုပ်နိုင်သော ၂မျိုးစလုံးအသုံးပြုနိုင်သည့် လေယဉ်ဖြစ်သည့်အတွက် အကယ်၍ ကုန်ကျစရိတ် သည့်ထက်ပိုကြီးမြင့်လာလျှင် ဒီနစ်ကုန်ပိုင်းတွင် ထုတ်လုပ်မည့် FX အတွက်လည်း
နောက်ကျမှုက ဆက်နွယ်နိုင်သည်။ ပို၍ကုန်ကျစရိတ်မြင့်တက်လာပါက အမေရိကန်လွှတ်တော်တွင် ဆွေး
နွေးရမည့်သဘော ရှိလာနိုင်သည်။
အမေရိကန်အစိုးရအနေဖြင့် နောက်လာမည့် အနှစ်၂၀ အတွင်း F35ကို ၂၄၄၃ စီးထုတ်လုပ်ရန် စီစဉ်ထားပြီး
ထုတ်လုပ်ရန်ကုန်ကျငွေကို သန်းပေါင်း ၃၈၂၀ ဒေါ်လာထက်ပိုကုန်ကျနိုင်ဖွယ်ရှိသည်ဟု ခန့် မှန်းထားသည်။