Myanmar Foreign Minister U Wunna Maung Lwin (L) shakes hands with Chinese Foreign Minister Yang Jiechi.
အင်ဒိုနီးရှားနိုင်ငံရဲ့ ဘာလီကျွန်းမှာ ကျင်းပနေတဲ့ အာဆီယံ( ASEAN ) နှစ်ပတ်လည် ညီလာခံ ထိပ်သီး အစည်းအဝေးမှာ အင်ဒိုနီးရှားနိုင်ငံ တောင်တရုတ်ပင်လယ်ထဲက အငြင်းပွားနေတဲ့ ပြဿနာတွေ
ဖြေရှင်းဖို့ လုပ်ငန်းစဉ်အတွက် လမ်းညွှန် ချက်တခု ပေါ်လာတဲ့အထိ ဆောင်ရွက်ဖို့ သဘောတူညီ ခဲ့ကြပြီလို့ အာဆီယံ အဖွဲ့ကြီးက ပြောဆိုလိုက် ပါတယ်။ ဒီနေ့  ကြာသပတေးနေ့မှာ သက်ဆိုင်ရာနိုင်ငံတွေရဲ့ နိုင်ငံခြား
ရေးဝန်ကြီးတွေက အခြေခံအားဖြင့် သဘောတူညီချက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။
၂၀၀၂ ခုနှစ်မှာ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတဲ့ ဒီလမ်းညွှန်ချက်က တောင်တရုတ်ပင်လယ်ပြဿနာ
ကို ဖြေရှင်းဖို့ ကူညီလိမ့်မယ်လို့ ဗီယက်နမ်စေ့စပ်ညှိနှိုင်းရေးမှူး ဖမ်ကွမ်ဗင်း (Pham Quang Vinh) က ပြော ဆိုလိုက်ပါတယ်။