Monday, July 4, 2011

မော်ရိုကို(Morocco)နိုင်ငံ ဘုရင်စနစ်မှ ဒီမိုကရေစီစနစ်သို့  ငြိမ်းချမ်းစွာဖြင့် ပြောင်းလဲ

၂၀၁၁-၇-၎
 ဘုရင်စနစ်ကို ကျင့်သုံးသော မော်ရိုကို(Morocco)နိုင်ငံ မြို့ တော် ရဘစ်(Rabat)တွင် ဘုရင် မိုဟာမက် (King Mohamed)က အခြေခံဥပဒေကို ဒီမိုကရေစီနည်းအရ ပြုပြင်ပြောင်းလဲဖို့  တိုက်တွန်းခဲ့ပြီး ဘုရင် လုပ်ပိုင်ခွင့်များအနက် တချို့ ကို ၀န်ကြီးချုပ်နှင့်အစည်းအဝေးများသို့  တာဝန်လွဲပြောင်းပေးရန် အချက်များပါဝင်ပြီး အခြေခံများလည်း ပြည်သူ့ ဆန္ဒနှင့်အညီပြင်ဆင်ရန် လွှတ်တော်တွင် ၉၈% ထောက်ခံခဲ့ကြပြီး ၂၀၁၁-၇-၃ရက်နေ့ တွင် ပြည်သု့ ဆန္ဒခံယူပွဲ ကျင်းပပြု လုပ်ခဲ့ရာ ပြည်သူများက
၇၂.၆၅% ထောက်ခံမဲပေးခဲ့ကြသည်။
အရှေ့ အလယ်ပိုင်းဒေသ မြောက်အာဖရိကတွင် ဒီမိုကရေစီတောင်းဆိုမှုများကြောင့် အစိုးရနှင့်ပြည်သူ ဆန္ဒပြမှု များဖြစ်ပေါ်ပြီး ထိခိုက်သေဆုံးခြင်းများရှိနေသော်လည်း မော်ရိုကိုဘုရင်၏ ဦးဆောင်ညွှန်ကြားမှုဖြင့် ဒီမိုကရေစီ၏ အဓိကကျသော အခြေခံဥပဒေစိုးမိုးရေးကို ညှင်သာစွာဖြင့် ပြုပြင်ပြောင်းလဲနိုင်ခဲ့သည်။
အနောက်နိုင်ငံများက မော်ရိုကို ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးသည် ငြိမ်းချမ်းစွာဖြင့် အောင်မြင်ခဲ့သော
ကြောင့် ထုတ်ပြန်ချက်များဖြင့် ကြိုဆိုထောက်ခံကြသည်။