Friday, July 15, 2011

တောင်ဆူဒန် အသေးဆုံးနိုင်ငံလွတ်လပ်ရေး ကမ္ဘာ့ကအာရုံဆိုက်လာ

၇လပိုင်း ၉ ရက်နေ့  ကြမ်းတမ်းလှတဲ့ ပြည်တွင်းစစ်ကို ကျော်လွန်ပြီးခွဲတွက်ခဲ့တဲ့ နိုင်ငံငယ်လေးဖြစ်တဲ့တောင်
ပိုင်း ဆူဒန်နိုင်ငံဟာ အမျိုးမျိုးသော အခက်အခဲများ ငရဲမီးလိုပူလောင်လှတဲ့ ပြည်တွင်းစစ်မီး ဒုက္ခဆင်းရဲတွင်း မှ ပြည်သူများ လွတ်လပ်မှုကို နှစ်ပေါင်း ၂၀ ကျော် ကြံကြံခံလျှက် နောက်ဆုံးတော့ ခွဲတွက်ပြီး လွတ်လပ်ရေး ကို ရအောင်တိုက်ယူနိုင်ခဲ့တာကြောင့် ပြည်သူများ၏ မျက်နှာများမှာ အောင်မြင်မှုသရဖူကိုဆောင်းခဲ့သည့် ရွှင်ပြကြည်လင်နေသည့် ရုပ်သဏ္ဍန်ကို ဆောင်နေပါသည်။တဘက်တွင်လည်း တောင်ပိုင်း ဆူဒန်မြို့ တော်
ခူဟာတွန် (Khartoum)တွင် ရေနံတွင်း အများအပြားပိုင်ဆိုင်ပြီး မြောက်ပိုင်းဆူဒန်က တောင်လွတ်လပ်ရေး ရရှိခဲ့မှုအပေါ် စိတ်ထိခိုက်မှုများရှိနေသည်။
လွတ်လပ်ရေးအောင်ပွဲ အခန်းအနားကို မြို့ တော်သစ် ဂျူးဘာ (Juba)ရှိ သကျိုင်္င်းကုန်းမြေ ပြည်တွင်းစစ် တွင်း ကျဆုံးခဲ့သည့် တောင်ပိုင်းခေါင်းဆောင်၏ အုပ်ဂူဝန်းကျင်တွင် ကျင်းပလျှက်ရှိသည်။လူပေါင်း ၁၀ သောင်းကျော်တက်ရောက်နေပြီး သဲသောင်ပြင်တွင် ပြုလုပ်လျှက်ရှိသည်။နိုင်ငံသစ်ရဲ့  အလံတော်ကို လွှင့်ထူရင်း သမတသစ် Salva Rudi Kiel Maya က ရွေးချယ်တင်မြောက်ခြင်းခံခဲ့ရပြီးလွတ်လပ်ရေး၏
အောင်ပန်းသည် မည်သည့်အရာနှင့်မျှမတူသော စိတ်လှုပ်ရှားမှုဖြစ်ခဲ့ရသည်ဟု သိရှိရသည်။
ပြည်တွင်းစစ်အတွင်း မွေးဖွာခဲ့သော တော်လှန်ရေး၏ ကျောင်းသား Abraham's monitor Jock (20)နှစ် သည် ၅နှစ်သားအရွယ်တွင် မိဘများဖြင့်ကွဲကွာခဲ့ရပြီး ၁၀နှစ်တိုင်တိုင် ဒုက္ခသည်ဘ၀နှင့် နေထိုင်ခဲ့ရကာ
တောင်ပိုင် ဆူဒန် ပြည်သူ့ လွတ်မြောက်ရေးတပ်(SPLA)၏ တပ်သားဖြစ်သည့် ဖခင်သည် ပြည်တွင်းစစ်
ကြောင့် သေဆုံးခဲ့ရသည်။ လည်းကောင်းက (ဖြစ်ပြီးသော အတိတ်ကိုမေ့ဖြစ်လိုက်ပါတော့)အနာဂတ်ကိုသာ အားလုံးအတူ လျှောက်လမ်းကြရအောင်လို့  ပြောကြားခဲ့ပါတယ်။
တောင်ပိုင်း ဆူဒန် လွတ်လပ်ရေးနှင့်ပါတ်သက်ပြီး ဆူဒန်နိုင်ငံပိုင်မြေ၏ လေးပုံတပုံကိုစွန့် လွှတ်ခဲ့ရပြီး သေး
ငယ်လှတဲ့မြေကို လွတ်လပ်ရေးပေးခဲ့ရသည့်အတွက် တိုင်းပြည်မတည်ငြိမ်မှုများကြီးထွားလာနိုင်သည်။
ခူဟာတွန် (Khartoum)တွင် ဘာရှာ (Bashir)သမတ၏ ရုပ်ပုံကိုရေးဆွဲပြီး နိုင်ငံသစ် ဆူဒန်၏ တာထွက်ကို ဆုတောင်းမေတ္တာပေးပြီး စီတန်းလှည့်လှယ်ပွဲ ပြုလုပ်ခဲ့ကြသည်။ သဘာဝရေနံတွင်း ၈%လောက်ပိုင်ဆိုင် သည့် တောင်ပိုင်းဆူဒန် ခွဲထွက်ပြီး လွတ်လပ်ရေးပေးခဲ့ရသည့်အတွက် ဆူဒန်၏အနာဂတ်သည် ရင်လေးစ ရာဖြစ်သည်။ တိုင်းပြည်ပျက်တယ်ဆိုတာ သေးငယ်တဲ့အောင်မြင်မှုကနေစတင်တယ်ဆိုတာ သက်သေပြနေ ပါတယ်။ရည်မှန်းချက်ကို ဘယ်တော့မှမစွန့် လွှတ်ကြပါနဲ့  လမ်းစတခု ပေါ်လာပါလိမ့်မယ်။