Tuesday, July 5, 2011

ထိုင်းရွေးကောက်ပွဲတွင် ၀န်ကြီးချုပ်ဟောင်း တပ်ခ်ဆင်၏ ပါတီက အနိုင်ရ

၂၀၁၁-၇-၅
ထိုင်းရွေးကောက်ပွဲတွင် ၀န်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ရဲ့ ညီမဖြစ်သူ ယင်လပ် ရှင်နာဝပ် (Yingluck Shinawatra) က အနိုင်ရလိုက်ပြီးဖြစ်ပါတယ်။ သူမ၏  ဖွေထိုင်းပါတီ (Pheu Thai)ထောက်ပံ့ကူညီရေးပါတီဟာ အနိုင်ရခဲ့ပြီး ထိုင်ရဲ့  အမျိုးသမီး ၀န်ကြီးချုပ်ဖြစ်လာမှာဖြစ်ပါတယ်။
၂၀၀၇နှစ်က တပ်ခ်ဆင်၏ ပါတီနဲ့  အစိုးရကိုထောက်ခံသူများအကြား ပဋိပက္ခတွေဖြစ်ပွားပြီး ပြစ်ခတ်မှုများ
ပေါ်ပေါက်ခဲ့ကြပါတယ်။ တပ်ခ်ဆင်ပါတီက အနိုင်ရခဲ့သော်လည်း ၀န်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ်နှင့် ပါတ်သက်ပြီး နိုင်ငံရေးဟာ ရှုပ်ထွေးလာစရာတွေရှိနေပြီး ထိုင်းနိုင်ငံရဲ့  နိုင်ငံရေးသမိုင်းတွင် မိသားစုနှင့်ပါတ်သက်ပြီး နိုင်ငံရေးရင်ဆိုင်လာရဖွယ်ရှိပါသည်။ထိုင်းနိုင်ငံဟာ လွန်ခဲ့သည့် ၁၀ နှစ်အတွင်း တပ်ခ်ဆင် ၀န်ကြီးချုပ်ဖြစ်လာသည့် အချိန်မှစ၍ နိုင်ငံရေး စီးပွားရေး  ပြောင်းလဲလာခဲ့တာတွေ ရဲဌာနထွက်
တဦးဖြစ်ပြီး စီးပွားရေးလောကမှာလည်း နာမည်ကြီးသူ တဦးဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်မှာ တစ်နှစ်ထဲနဲ့  ၀န်ကြီးချုပ်ဖြစ်လာပြီး စီးပွားရေးဟာ နှစ်စဉ် ၄ မှ ၆ ရာခိုင်နှုန်းအထိ ထိုးတက်ခဲ့ပါတယ်။ အစိုးရဟာ ညွန့် ပေါင်းအစိုးရအဖြစ် ၄နှစ်သက်တမ်း ကုန်အောင်ထမ်းဆောင်ခဲ့ပြီး နိုင်ငံတော်ဖခင်ကြီး ထိုင်းဘုရင်ကြီး၏ ကျမ်းမာရေး ဆိုးဝါးလာနေချိန် တပ်ခ်ဆင်က လူကြိုက်များလာခဲ့ရာ ၂၀၀၅ ခုနှစ် ရွေးကောက်ပွဲတွင် တပါတီ ထဲက မဲအများဆုံးနဲ့ အနိုင်ရခဲ့ပါတယ်။၂၀၀၆ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ထွက်ပြေးတိမ်း
ရှောင်နေခဲ့ပါတယ်။