Saturday, July 28, 2012

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် အမေရိကန်သံရုံးမှ အဆင့်မြင့်သံအရာရှိများ တွေ့ဆုံဆွေးနွေး

၂၇ ဇူလိုင် ၂၀၁၂ ။ ယနေ့နံနက် ၉း၃၀ အချိန်တွင် ဝေဇယန္တာလမ်းရှိ ၈၈မျိုးဆက်ကျောင်းသားများ၏ ရုံးခန်းသို့ ရန်ကုန်မြို့အမေရိကန်သံရုံးမှ အဆင့်မြင့်သံအရာရှိများဖြစ်ကြသည့် နိုင်ငံရေး၊စီးပွားရေး
ဌာန ပထမအတွင်းဝန် Mr. Douglas Sonnek နှင့် Mr. Bob Bailey တို့ ရောက်ရှိလာပြီး ၈၈မျိုးဆက်
ကျောင်းသားခေါင်းဆောင်များဖြစ်ကြသော မင်းကိုနိုင်၊ကိုကိုကြီး၊ကိုဌေးကြွယ်တို့နှင့် တွေ့ဆုံ
ဆွေးနွေးခဲ့ကြသည်။