Sunday, December 16, 2012

ဝန်ချတောင်းပန်ပွဲ အခမ်းအနား

 ဆင်ကျင်တုံတရားနည်းပါးသော အစိုးရသစ်ငမိုက်သားလေးမို့  ခွင့်လွှတ်တော်မှုပါဘုရား
ဝန်ချတောင်းပန်ခြင်းသည် မိမိတို့ တွင်အဖြစ်ရှိသည်ဟု ထွက်ဆိုခြင်းဖြစ်သည်။

အစ္စယော မံ ဘန္တေ အစ္စာဂမာ ယထာဗာလံ ယထာမူဠှံ ယထာအကုသလံ ယောဟံ သံဃံ ဣဿရိယကာရဏာ ကာယကမ္မေန ဝီတိက္ကမာမိ။တဿ မေ ဘန္တေ သံဃော အစ္စယံ အစ္စယတော ပဋိဂ္ဂဏှာတု အာယတိံသံဝရာယ။

လက်ပံတောင်းတောင် ပြည်သူ့အရေးတော်ပုံ သွေးမြေကျ သံဃာတော်များအား လွန်တာရှိသမျှ
ဝန္ဒာမိ လုပ်ကြသည့်ပွဲကို ယနေ့ ၁၅.၁၂.၂၀၁၂-မွန်းလွဲ (၃)နာရီအချိန်၊ မန္တလေးမြို့၊ အတုမရှိ   ကျောင်းတော်ကြီးမှာ ကျင်းပခြင်းဖြစ်ပြီး၊ လက်ပံတောင်းတောင် အရေးတော်ပုံတွင် ပါဝင်ခဲ့ကြသော   သံဃာတော်များ၊ ဆေးကုသပြီးသံဃာတော်များ၊ ဆေးကုသဆဲသံဃာတော်များ၊ သွေးမြေကျသံဃာ   တော်များ အကြီးအကဲဆရာတော်ကြီးများ ရှေ့မှောက်တွင် ပြည်ထောင်စုအစိုးရ ကိုယ်စား သမ္မတရုံးဝန်ကြီး ဦးလှထွန်းက ဝန်ချတောင်းပန်ခြင်းဖြစ်သည်။

တပည့်တော်(ပြည်ထောင်စုအစိုးရ)သည် မိုက်မဲသည့်အလျောက်၊ တွေဝေသည့်အလျောက်၊ မလိမ္မာသည့်အလျောက် အစိုးရခြင်းတည်းဟူသော အကြောင်းကြောင့် သံဃာတော်ကို ကိုယ်ထိလက်ရောက် စော်ကားမိပါသည်။
ထိုတပည့်တော်အား နောင်အခါ စောင့်စည်းခြင်းငှာ အပြစ်ကိုအပြစ်အားဖြင့် ရှုမြင်၍ ကရုဏာရှေ့ ထား ခွင့်လွှတ် တော်မူပါ့ဘုရား။
ဝန်ချတောင်းပန်ပွဲ အပြီးတွင် သမ္မတရုံးဝန်ကြီး ဦးလှထွန်းနှင့် ကျန်းမာရေးဝန်ကြီးဦးဖေသက်ခင်က
 ပြင်းထန်ဒဏ်ရာရ သံဃာလေးပါးအား ရန်ကုန်ဆေးရုံကြီးသို့ ပြောင်းရွှေကုသမည့်အကြောင်း   ပြန်လည်လျှောက် ထားသည်။
အခမ်းအနားအပြီးတွင် ဦးဝီရသူက ထိန်းသိမ်းခံထားရသော ကိုသိန်းအောင်မြင့်တို့ လေးယောက်ကို လွှတ်ပေးဖို့ တောင်းဆိုရာ သမ္မတရုံး ပြန်တိုင်ပင်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်ပေးမည်ဟု ကတိပေးခဲ့ပါသည်။