Wednesday, January 23, 2013

ပြည်ထောင်စုနေ့ တွင် အသုံးပြုမည့်ဆောင်ပုဒ် ပြည်သူလူထုမှ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သို့ ပေးပို့ ရန် ကြေညာ


အ မျိုးသားဒီမို က ရေစီ အ ဖွဲ့ ချုပ်
အ မှတ် (၉၇/ခ) အ နောက် ရွှေ ဂုံတိုင် လမ်း
ဗ ဟန်း မြို့ နယ် ၊ ရန် ကုန် မြို့
(ပြည်ထောင်စုနေ့ အခမ်းအနားဖြစ်မြောက်ရေးကော်မတီ)

(၆၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ထောင်စုနေ့အခမ်းအနားဖြစ်မြောက်ရေးကော်မတီ)က ကြီးမှူးကျင်းပမည်ဖြစ်သည်။
ပြည်ထောင်စုနေ့အခမ်းအနားကျင်းပရာတွင် အဖွဲ့ချုပ်အဖွဲ့ဝင်လူငယ်များအပါအ၀င်၊ ပြည်သူလူထု အားပါဝင်စေရန် ရည်ရွယ်ပြီး ပြည်ထောင်စုနေ့ ဆောင်ပုဒ် ပြိုင်ပွဲ ကျင်းပလိုပါသည်။
ပြည်ထောင်စုနေ့အခမ်းအနားတွင်အသုံးပြုရမည့်ဆောင်ပုဒ်အားပြည်သူလူထုကြီးမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ထောင်စုနေ့အခမ်းအနားဖြစ်မြောက်ရေးကော်မတီ)သို့အောက် ပါစည်းကမ်းများနှင့်အညီပေးပို့ပါရန်မေတ္တာရပ်ခံပါသည်။
၁။ပြည်ထောင်စုနေ့ ဧ။်အနှစ်သာရဖြင့် ဆီလျော်ညီညွတ်ရမည်။
၂။ ငြိမ်းချမ်းရေးနှင့်သက်ဆိုင်ရမည်။
၃။တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုဦးတည်စေရမည်။
၎။ nld.centralcampaignteam@gmail.comသို့ ပေးပို့ ရမည်။
၅။မိမိပေးပို့ လိုသောဆောင်ပုဒ်အားမိမိဧ။် အီးမေးလ် စာမျက်နှာတွင် မြန်မာဘာသာဖြင့်ရှင်းလင်းပြတ် သားစွာရေးသားပြီး ပေးပို့ရမည်။ ဇော်ဂျီဖောင့်ဖြင့် ရေးသားပေးပို့ရန်မေတ္တာရပ်ခံပါသည်။
၆။အီးမေးလ် ပေးပို့ရာတွင် subject နေရာတွင် ပြည်ထောင်စုနေ့အခမ်းအနားဖြစ်မြောက်ရေးကော်မတီ ဟုရေးသားဖော်ပြရမည်။ မိမိပေးပို့ သောဆောင်ပုဒ်ရေးသားအပြီးအောက်တွင်   ရေးသားသူဧ။် အမည် ၊ဖုန်းနံပါတ်နှင့် ပြန်လည်ဆက်သွယ်စေလိုသည့် အီးမေးလ်လိပ်စာတို့ အားထည့်သွင်းဖော်ပြပေးရမည်
၇။စာရွက်ဖြင့်ပေးပို့ လိုသူများ A4 စာမျက်နှာဘယ်ဘက်ထောင့်တွင်
သို့
ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရေးကော်မတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟုစာကြောင်းသုံးကြောင်းဖြင့် ဖော်ပြရမည်။ ဆက်သွယ်ရန်ဖုန်း၊ အီးမေးလ်လိပ်စာ၊ ဆက်သွယ်ရန်လိပ်စာတို့ ကိုထည့်သွင်းဖော်ပြပေးရမည်။ 

*အီးမေးလ်ဖြင့် ပေးပို့ သူများ၃၀.၁.၂၀၁၃ရက်နေ့ ည ၁၂နာရီအချိန်အထိပေးပို့ နိုင်သည်။
*စာရွက်ဖြင့်ပေးပို့သူများ ၃၀.၁.၂၀၁၃ရက်နေ့လေးနာရီမတိုင်ခင်အထိ အဖွဲ့ချုပ်ရုံးသို့ပေးပို့နိုင်သည်။
အရွေးချယ်ခံရသောဆောင်ပုဒ်အားအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကကျင်းပသော ပြည်ထောင်စုနေ့  အခမ်းအနားတွင် အသုံးပြုမည်ဖြစ်သည်။ ရွေးချယ်ခံရသည့်ဆောင်ပုဒ် ပိုင်ရှင်အား ဖေဖော်ဝါရီလ 
၅ရက်၊ ၂၀၁၃ နောက်ဆုံးထားအကြောင်းကြားပေးပါမည်။


ပြည်ထောင်စုနေ့အခမ်းအနားဖြစ်မြောက်ရေးကော်မတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်