၂၀၁၂-၇-၂၈
Gallery 65 ၊ ယောမင်းကြီးလမ်း၊ဒဂုံမြို့နယ်၊ ရန်ကုန်တွင် Cartoon Thawka Memorial
2012 ကာတွန်းဆရာကြီး ဦးသော်က (အရိုင်း) ၏ သက်ရှိထင်ရှားရှိစဉ်က တစ်ကိုယ်တော်
ရေးဆွဲထားခဲ့သော ကာတွန်းကားပေါင်း ၁၀၀ ကျော်ကို အနုပညာတစ်ခုအနေနဲ့ သီးသန့်
အမှတ်တရပြပွဲကို မြန်မာ နိုင်ငံတွင် ပထမဆုံးအကြိမ်ဖြင့် ဇူလိုင် ၂၇၊ ၂၀၁၂ သောကြာနေ့၌
ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းအခမ်းအနားကို စာပေဟောပြောပွဲဆရာဖြစ်သော ကာတွန်းဆရာကြီး အော်ပီကျယ်က
ဦး စီးပြီး အာရှစိမ်းလမ်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်မှ ပံပိုးကူညီခဲ့ပါသည်။
ပြခန်းတွင်ပြသထားသော ကာ တွန်းကားများကိုလည်း ကြည့်ရှုလေ့လာသူများမှ ကြိုက်နှစ်
သက်လို့ အမှတ်တရသိမ်းထားလိုသူများ အတွက်လည်း ကာတွန်းကားများကို ဈေးနှုံး ၅၀၀၀၀
(ငါးသောင်း) မှ (တစ်သိန်း) (ဆယ်သိန်း) ထိ အမျိုးအစားခွဲပြီး သတ်မှတ်ထားပါသည်။ ငါးသိန်း
လို့သတ်မှတ်ထားတဲ့ ကာတွန်း ဆယ်(၁၀)ကား ကိုတော့ စပြတဲ့ဒီနေ့မှာပဲ အရိုင်း၏ အမာခံပရိ
သတ်များက အားပေးသွားခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါပွဲကို ပြသရခြင်းရည်ရွယ်ချက်
ကတော့ကာတွန်းဆရာကြီး သော်က (အရိုင်း) ၏ ချစ်သော ပရိသတ်များ၊ ကာတွန်းကားများကို
အမှတ်တရ သိမ်းထားလိုသူများ၊ ကာတွန်းဖြင့် ခံစားချက်များကို ဖော်ထုတ်လိုသူများ၊ကာတွန်း
ရေးဆွဲဖို့အတွက်ခေတ်လူငယ်များစွာ ပေါ်ထွန်းလာနိုင်ရေးကိုရည်ရွယ်ပြီး ပြုလုပ်ခဲ့ကြောင်း အခမ်း
အနားကို စီစဉ်သူများထဲမှ ကာတွန်းဆရာ လူငယ် ကိုမျိုးမင်းမြတ်မှ ပြောကြား ခဲ့ပါသည်။
ကာတွန်းပြပွဲအမှတ်တရအနေနဲ့လည်း ကာတွန်းဆရာ အရိုင်း၏ နာမည်ကြီး ကာတွန်းများ နှင့်
တီရှပ်အင်္ကျီများကိုလည်း ဆရာ၏မိသားစုအတွက် ရည်ရွယ်၍ ရောင်းချခဲ့ပါသည်။
ကာတွန်းဆရာကြီး သော်က (အရိုင်း) အမည်းအရင်း ဦးတင့်လွင်သည် အဖ ဦးအိမ်ထိုင်၊အမိ
ဒေါ်နှင်းနွယ်တို့မှ ၁၉၃၉ ခုနှစ်၊ဒီဇင်ဘာ (၁၆) နေ့ မြောင်းမြမြို့မှာ မွေးဖွားခဲ့၍ ၁၉၆၂ ခုနှစ်မှာ
ဒေါ်ငြိမ်း ရွှေနဲ့ လက်ထပ်ခဲ့ပြီး၊ ကာတွန်းဂျာနယ်တွေ၊စာဆောင်တွေမှာ ကာတွန်းများကိုရေးဆွဲရင်း
တစ်ဖက်မှာ လည်း ရှုမ၀၊သွေးသောက်၊လျှို့ဝှက်သည်းဖိုမဂ္ဂဇင်းတွေမှာ ကာတွန်းတွေ ရေးဆွဲခဲ့
ပါတယ်။
၁၉၇၀ ၀န်းကျင်မှာ ပရိတ်သတ်အသည်းစွဲ အချစ်တော် "အရိုင်း" ဇာတ်ကောင်ကို မွေးဖွားခဲ့ပါ
တယ်။ဆရာ ရေးဆွဲခဲ့တဲ့ ရုပ်ပြဇာတ်လမ်းစာအုပ်တွေဟာ ပရိတ်သတ်ရဲ့လက်ခံအားပေးမှုရရှိပြီး
အောင်မြင်ထင်ရှား မှုလည်း ရရှိခဲ့ပါတယ်။ ဆရာရေးဆွဲခဲ့တဲ့ ဇာတ်လမ်း၏ ရည်ရွယ်ချက်တွေက
လည်း မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားရေးဆိုတဲ့ ကြီးကြီး
ကျယ်ကျယ်တွေမပါဘဲ လူငယ် တွေကို ဒီလိုစိတ်ဓာတ်တွေ အထူးသဖြင့် နိုးကြားလာအောင်
အနုပညာမြောက်စွာ မြှင့်တင်ပေးနိုင်ခဲ့ပါ တယ်။ ဆရာဟာ အနုပညာကို ငွေရလိုမှုနဲ့ မလုပ်ခဲ့ပါ
ဘူး။
တစ်သက်လုံး ဒုက္ခခံပြသူယုံကြည်သလို ရပ်တည်နေထိုင်ခဲ့တယ်။ဆရာကသူ၏ ပရိတ်သတ်ပေါ်မှာ
မေတ္တာထားကြောင်း၊စေတနာထားကြောင်း ကို သက်သေအနေနဲ့လည်း ရုပ်ပြကာတွန်းစာအုပ်
ပေါင်းကို (၁၀၀)ကျော် ရေးဆွဲထုတ်ဝေနိုင်ခဲ့ပါတယ်။
၂၀၀၅ ခုနှစ် နိုဝင်ဘာလ (၁၃)နေ့မှာတော့ ကာတွန်းလောကရဲ့ဂုဏ်ဆောင် ကန်တော့ခံဆရာ
ကြီး ကာတွန်း သော်ကဟာ ရွှေပေါက်ကံနေအိမ်မှာ ကျောက်ကပ်ရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။
ကာတွန်းလောကအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးပါ၊ နိုင်ငံအတွက် အမြတ်ရလိုက်တာကတော့
ဆရာအနုပညာတွေပါပဲ။ ဒီအနုပညာတွေ ဘယ်တော့မှသေဆုံးမှာ မဟုတ်ပါဘူး။ ထာဝရရှင်သန်နေမှာပါ...