Wednesday, August 31, 2011

နိုင်ငံရေး အလုပ်ရုံဆွေးနွေးပွဲ နေပြည်တော်တွင် ကျင်းပမည်ဟု သတင်းများထွက်ပေါ်နေ

မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ထွန်းကားရေး ကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင်နိုင်ရန် အတွက်ပြည်တွင်း
ပြည်ပမှ ကျွမ်းကျင်သူများ ပါဝင်မည့် နိုင်ငံရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တရပ်ကို နေပြည်တော်တွင် ကျင်းပရန် သမ္မတရုံးမှ စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။ 

“နိုင်ငံရေးဖိုရမ်နဲ့ ပတ်သက်လို့ မူအားဖြင့်တော့ ဆက်တိုက်လုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ ၉လပိုင်းတွင် ကျင်းပမယ့် အလားအလာရှိတယ်လို့  သိရပါတယ်။အစိုးရသစ်အနေနဲ့  ပြည်သူကို လှည့်စားဖို့ မဟုတ်ဘဲ တိုင်းပြည်ပြုပြင်ပြောင်းလဲရေးကို အမှန်တကယ်လိုလားတယ်ဆိုရင် နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်း ကျနေတဲ့ ကျောင်းသားခေါင်းဆောင်များ တိုင်းရင်းသားခေါင်းဆောင်များ ဒီမိုကရေစီအရေးနှင့်လူ့ အခွင့် အရေးဆောင်ရွက်သူများကို အမြန်ဆုံး လွတ်ပေးပြီး နိုင်ငံရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် သဘောထား ကြီးစွာဖြင့် ပွင့်လင်းမြင်သာတဲ့ နိုင်ငံရေးအခင်းအကျင်းကို ကျယ်ကျယ်ပြန့် ပြန့်  တည်ဆောက်ဖို့ အတွက်
ပြည်သူပြည်သားများ ယုံကြည်မှုရရှိစေရန် နိုင်ငံရေးယုံကြည်ချက်ရှိသူ နိုင်ငံရေးအကျဉ်းသား
များကို ပဏာမ အနေဖြင့် လွတ်ပေးရမည်ဖြစ်သည်။
သမတကြီးက အမြင်မတူပေမယ့် တိုင်းပြည် တိုးတက်ရေး အတွက် လက်တွဲ လုပ်ဆောင်ကြဖို့ လိုကြောင်း၊ အစိုးရ အနေနဲ့ ငြိမ်းချမ်းရေး အတွက် တံခါး ဖွင့်ထားကြောင်း ပြောကြားထားတဲ့ ကတိအတိုင်း လက်တွေ့ ပြဖို့ လိုအပ်ပါတယ်။
အဆိုပါ နိုင်ငံရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအတွက် ဒေါ်အောင်ဆန်းစုက်ကြည် အပါအ၀င် မြန်မာ့နိုင်ငံရေး တွင် ပါဝင်ပတ်သက်နေကြသူများနှင့် ပြည်ပသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသော နိုင်ငံရေး လှုပ်ရှားသူများကိုပါ ကျယ်ကျယ်ပြန့်ပြန့် ဖိတ်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်နေပြီး ဘယ်နည်းဘယ်ပုံဖြင့်
ကျင်းပမည်ကိုမသိရှိရသေးပါ။ နိုင်ငံတကာမှ နိုင်ငံရေးလုပ်ရှားသူများ
ခေါ်ယူရာတွင် အတိုက်အခံများကို 
ခေါ်ယူရမည်ဖြစ်သောကြောင့် မည်မျှဥပဒေက အာမခံမည်ကို ကြေညာပြီးမှ ဖိတ်ခေါ်ရမည်ဖြစ်သည်။ ၂၀၀၈ ဖွဲ့ စည်းပုံကို လက်ခံဖို့ ဆိုရင်တော့ အဓိပ္ပါယ်မရှိပါ။ဒီမိုကရေစီစံနှုန်းများပါဝင်ရန် ပြန်လည်ပြင်ဆင်ဖို့  အရေးကြီးပြီး အပြန်အလှန် လေးစာမှု ဒီမိုကရေစီအရ အများဆန္ဒကိုဖေါ်ဆောင်ရန် တဦးနှင့်တဦးညှိနိုင်း တိုင်ပင်မှုဖြင့်အဖြေရှာရေး ပြင်ဆင်သင့်ပြင်ဆင်ထိုက်သော ဥပဒေများကို အများအကျိုးအတွက်ပြင်ဆင်ခြင်း
ပါဝင်ထိုက်သူအားလုံး လွတ်လပ်စွာပါဝင်နိုင်ခွင့်ရှိမှသာ အဓိပ္ပါယ်ရှိသော  နိုင်ငံရေးဆိုင်ရာ အလုပ်ရုံ
ဆွေးနွေးပွဲဖြစ်မည်ဟု အကြံပြုအပ်ပါသည်။