Wednesday, August 31, 2011

အာဏာရှင်ကြီး ကဒါဖီး နေ၀င်ပြီ လစ်ဗျားလွတ်လပ်ပြီ

"Libya will be free and Gaddafi will be out."
လစ်ဗျား ထရစ်ပိုလီတွင် ကဒါဖီးတပ်က ရုံးနှိမ့်ခဲကာ လွတ်လပ်မှုရရှိခဲ့ပြီး ကဒါဖီး၏ အိမ်ဖြုတော်ကြီးသည်
မြို့ ခံများတောင် အနားမကပ်ခဲ့ဘူးသော်လည်း ယ္ခုအချိန်တွင် ကဒါဖီးနှင့်စစ်တပ်ပါ ရုံးနှိမ့်ခဲ့ရသောကြောင့်
ထရစ်ပိုလီရှိ ဘာဘူး အဂျာဂျာရာ အိမ်ဖြုတော်ကြီး ဖျက်ဆီးခြင်းခံရပြီး ပြည်သူများက လွတ်လပ်စွာလာ
ရောက်ကြည့်ရှုနေကြပြီး အမှတ်တရဓါတ်ပုံများ ရိုက်ယူနေကြသည်ဟုသိရှိရသည်။

အတိုက်အခံ အမျိုးသားကောင်စီမှ အနိုင်ရရှိနေပြီး အမြို့ မြို့ အနယ်နယ်တွင် အောင်ပွဲခံလျှက် အမျိုးသား
ကောင်စီအလံများကိုလွှင့်ထူနေကြသည်။ ပြည်သူများကလဲ Libya Free လို့  လစ်ဗျားလွတ်လပ်ပြီးဟု
ကြွေကြော်နေကြသော်လည်း တခြားမြို့ အနည်းငယ် သိမ်းပိုက်ရန်ကျန်ရှိနေသေးသည်။ရာခိုင်နှုန်းအားဖြင့် အများစုကိုသိမ်းပိုက်ထားပြီးဖြစ်သောကြောင့် လွပ်လပ်ဖို့ သေချာသလောက်ရှိနေသည်ဟု သိရသည်။ အဏာရှင် ကဒါဖီး လက်ကောက်မှ လွတ်မြောက်ခဲ့၍ ပျော်ရွှင်နေရပေမဲ့ ထွက်ပေါ်လာမည့်အစိုးရသစ်၏ ရုပ်လုံးသဏ္ဍာန်က မှန်ဆလို့ မရသေးတဲ့အတွက် မိမိတို၏ ဘ၀လုံခြုံရေးအတွက် အခက်ပွေနေရသေးသည်။

အာဏာရှင်နိုင်ငံများ နေ၀င်ချိန်ရောက်နေပြီး တဖြေးဖြေးနှင့် အာဏရှင်ကျဆုံးခန်း ရောက်ရှိလာပြီဖြစ်၍
မြန်မာအာဏာရှင် လက်သစ်များ သင်ခဏ်းစာယူပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို မဖေါ်ဆောင်ပါက နှစ်ပေါင်းများစွာ ဆောင့်ဆိုင်းနေရသော မြန်မာပြည်သူများနှင့် ကမ္ဘာ့ပြည်သူများ၏ ဒဏ်ခတ်မှုကို အလားတူခံရနိုင်ဖွယ်ရှိလာနိုင်ကြောင်း သတိပေးအပ်ပါသည်။