မန္တလေးမြို့ ၆၂လမ်း၊ မနော်ရမံ ဥယျာဉ်ရှေ့  တွင် ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံနှင့် ပန်းစီးများဖြင့် တစ်ကိုယ်တော် ဝတ်ပြုနေသူ----။သူ့ ကို ထရန်လာခေါ်သော သူ အစ်မနှင့်ပြောသော စကားများမှာ...
ဗိုလ်ချုပ်ဆိုတာ ကလေးတွေ သိတောင်မသိကြတော့ဘူး။ မိဘတွေက ဗိုလ်ချုပ် အကြောင်း မပြောပြကြဘူး ။ မိဘတွေကိုက အဲလိုစိတ်ဓါတ်တွေမရှိလို့ သားသမီးတွေ မသိတာ..။ ကျွန်တော့် သားသမီးတွေ အဲလို အဖြစ်မခံနိုင်ဘူး..။
နားလည်ရမယ်..ပြောချင်တာပြော..ကျွန်တော့်ရဲ့ ရည်ရွယ်ချက်က ဗိုလ်ချုပ်ကိုလေးစားရမယ်...

( အစ်မမှ- နင့်ကို မလေးစားရဘူး မပြောဘူး၊ ကိုယ့်အိမ်ကနေ ကိုယ်လေးစားလို့ ..ရတယ်)
ကျွန်တော့်ရဲ့ ရည်ရွယ်ချက် အမှန်အတိုင်းပြောရယင် လူတွေမေ့နေလို့ ....။
(အစ်မမှ- ဘယ်သူမှ မမေ့ဘူး..)
အခုလူတွေ...မမေ့ကြဘူးဆိုယင်.. ကိုယ့်အိမ်ကိုယ်ပြန်ပြီး အလံတစ်ဝက်ထောင်လို့ ရတယ်..ဂုဏ်ပြုလို့  ရတယ်..။
(အစ်မမှ- သွားမယ်လာ)
ဒီလို လက်ဆင့်ကမ်းတာ ညံ့ဖြင်းလာလို့  တစ်ဖြေးဖြေးနဲ့ တစ်မြို့ လုံး သူများ ကျွန်ဘဝ ရောက်နေတာ...။
(အစ်မမှ- သွားမယ်လာ.. ၄ နာရီ မပြည့်သေးဘူးလား..)
ညနေ ၄ နာရီမှ ထမယ်...။ ဒိပြင် တခြားနိုင်ငံကလာတိုက်တာလို့  သူများလက်အောက်ကျတာ မဟုတ်ပဲ.. ခုတော့ တရုတ် က အကုန်သိမ်းသွားပြီဟု------အပြန်အလှန်ပြောဆိုတာ ကြားခဲ့ရပါတယ်။
(ပြောနေတာ တင်ပေးထားပါ့မယ်..)။
သူအစ်မနှင့် အတူ ဦးလေး ဘုန်ကြီးတစ်ပါးလည်း လိုက်လာပါတယ်..။