Thursday, July 21, 2011

အာဇာနည်နေ့ကို အမြို.မြို.အနယ်နယ်မှာကျင်းပခဲ့။


အာဇာနည်နေ့ကို အမြို.မြို.အနယ်နယ်မှာ ကျင်းပကြရာ ကော့သောင်းမြို.နဲ့ အချို.မြို.တွေမှာ အာဏာပိုင်
တွေရဲ့ နှောင့်ယှက်ခြင်းခံရတယ်လို့ ဆိုပါတယ်။
ကော့သောင်းမြို.မှာ NLD အဖွဲ.၀င် ၁၀၀ ကျော်လောက်က ဗိုလ်ချုပ်ကြေးရုပ်ကို လွမ်းသူပန်းခွေ အာဇာနည် ၉ ဦးပုံနဲ့ ဂါရ၀ ပြုရာမကြာခင်မှာပဲ စည်ပင် အရာရှိတွေ ရောက်လာပြီး ပုံနဲ့ ပန်းခွေတွေ ကိုဖျက်ဆီးပြီး အမှိုက်ကားထဲထည့်လိုက်လို့ လူငယ်တွေက ဒေါသထွက်ပြီး လိုက်လံ ရန်ပြုတဲ့အတွက် ထွက်ပြေးကုန်ပြီး အိမ်တအိမ်ထဲ ၀င်ရောက်သွားရာ ရဲကလာရောက် ခေါ်ထုတ်သွားရတယ်လို့ ဆိုပါတယ်။ တောင်ကုတ်မှာလည်း ဓါတ်ပုံရိုက်လို့ ပြဿနာတက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ရန်ကုန် NLD ရုံးကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အဖွဲ.၀င် ၂၀၀ ကျော်ခန့် တက်ရောက်ခဲ့ပြီး ပြည်သူလူထု ၂၀၀၀ ကျော်တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။