Wednesday, July 20, 2011

နိုင်ငံရေးအကျဉ်းသားများ လွှတ်မြောက်ရေး ဆန္ဒပြပွဲ

အမျိုးသားပြန်လည်သင့်မြတ်ရေး ဖေါ်ဆောင်ဖို့အတွက် အဓိကနဲ့ပထမဆုံးအနေနဲ့ မတရားဖမ်းဆီးပြစ်ဒဏ် ချထားတဲ့နိုင် ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ ကြံ့ဖွံ့အစိုးရကို တောင်းဆိုကြပါစို့။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို တစိုက်မတ်မတ် တောင်းဆိုလှုပ်ရှားနေကြတဲ့ ၈၈မျိုးဆက်ကျောင်းသား
ခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ အနေနဲ့ချွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးရပါမယ်။
 ထောင်ဒဏ် ၆၅ နှစ်စီ မတရားချမှတ်ခံထားရသော ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် နိုင်ငံ
ရေး အကျဉ်းသားများအားလုံး လွတ်မြောက်ရေး တောင်းဆို ဆန္ဒပြပွဲကို ပြုလုပ်မှာဖြစ်ပါတယ်။ အမိမြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တတ်စွမ်းသ၍ ကြိုးပမ်း
ဆောင်ရွက်နေသူတွေအားလုံးကို ပူးပေါင်းပါဝင်ကြပါရန် ဖိတ်ခေါ်လိုက်ပါတယ်။  
နေ့ရက်။       ။      ၂၁-၇-၂၀၁၁
      အချိန် ။         ။ ညနေ ၃း၀၀ မှ ၄း၀၀
                        နေရာ ။         ။ မြန်မာသံရုံး၊ ရှိနာဂါဝ၊ တိုကျို-ဂျပန်။