Tuesday, March 31, 2015

ပုဒ်မ ၅၉(စ)သည် ဗိုလ်ချုပ်ရေးဆွဲခဲ့ခြင်း မဟုတ်ကြောင်း ဦးဉာဏ်ဝင်း ဆို



 

ရန်ကုန် တေဇာဘုန်းမြင့်
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ သမ္မတ အရည်အချင်းနှင့် ပတ်သက်သော ပုဒ်မ ၅၉ (စ)
သည် ၁၉၄၇ ခုနှစ် အခြေခံ ဥပဒေတွင် ဗိုလ်ချုပ်အောင်ဆန်း ထည့်သွင်း ရေးဆွဲခဲ့ခြင်း
မဟုတ်ဘဲ ယင်းပုဒ်မသည် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုသာ ရည်ညွှန်း 
ထားခြင်း ဖြစ်သည်ဟု NLD ပါတီက ယူဆကြောင်း ယင်းပါတီ ပြောခွင့်ရ ပုဂ်္ဂိုလ် ဦးဉဏ်ဝင်းက
The Messenger Media သို့ ပြောသည်။ ၄၇ အခြေခံဥပဒေမှာ ဗိုလ်ချုပ်တို့ ပြောသွား တာက
 နိုင်ငံခြားသား မဖြစ်ရဘူး။ နိုင်ငံခြား သြဇာမခံ ရဘူး။ မိသားစု၊ အိမ်ထောင် ကိစ္စတွေ မပါဘူး။
ဒါပဲပါတာ။ ဒီပုဒ်မမျိုး ကတော့ မြန်မာနိုင်ငံမှာ ဘယ်တုန်းက မှ မရှိဘူး။ နိုင်ငံတကာ မှာလည်း
 မရှိဘူး။ ဒီဥပဒေကျမှ ပြဋ္ဌာန်းတဲ့ အတွက် ကျွန်တော်တို့ NLD ဥက္ကဋ္ဌကို ရည်ညွှန်း ပြဋ္ဌာန်းတာလို့ 
ကျွန်တော်တို့ ပါတီက မှတ်ယူတယ် ဟု ဦးဉဏ်ဝင်းက ပြောသည်။

နိုင်ငံတော်သမတ ဦးသိန်းစိန်နှင့် BBC သတင်းဌာန အင်တာဗျူးတွင် နိုင်ငံတော် သမ္မတက 

၅၉(စ)သည် ဒေါ်အောင်ဆန်းစုကြည်အား ရည်ရွယ် ပြဋ္ဌာန်းထားခြင်း မဟုတ်ဘဲ၊ ဗိုလ်ချုပ်အောင်
ဆန်းလက်ထက် ၁၉၄၇ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံတွင် ထည့်ထားခြင်း ဖြစ်ကြောင်း
 ပြောကြား ထားသည်။ ၁၉၄၇ ခုနှစ် အခြေခံဥပဒေပုဒ်မ (၇၄) တွင် နိုင်ငံတော် သမ္မတအဖြစ်
ဝင်ရောက် အရွေးချယ်ခံသူသည် နိုင်ငံခြား၏ အထောက်အပံ့၊ သြဇာနှင့် နိုင်ငံခြားသား ခံယူထားသူမဖြစ်ရဟု ပြဋ္ဌာန်း ထားကြောင်း ဥပဒေပညာရှင်များက ဆိုသည်။

တကယ်တော့ ၅၉(စ)ဟာ ၄၇ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ မပါဘူး။ ဗိုလ်ချုပ်အောင်ဆန်း

 ရေးဆွဲခဲ့တဲ့ ၁၉၄၇ ဥပဒေမှာလည်း ၅၉(စ) ပါတယ် ဆိုတာ လုံးဝ လွဲမှားပါတယ်။ ဗိုလ်ချုပ်က
(၁၉) ဇူလိုင် ၁၉၄၇ မှာကျဆုံးပြီး ၁၉၄၇ အခြေခံဥပဒေကို စက်တင်ဘာမှာ အတည်ပြု တာပါ 

ဟုတရား လွှတ်တော် ရှေ့နေ ဦးကိုနီက The Messenger Media သို့ ပြောသည်။

 ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၉ (စ)တွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ မိဘ တစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီး တစ်ဦးဦးသော် လည်းကောင်း၊ ထိုတရားဝင် 

သားသမီးတစ် ဦးဦး၏ဇနီးသို့မဟုတ်ခင်ပွန်းသည်လည် ကောင်း၊ နိုင်ငံခြားအစိုးရ၏
 ကျေးဇူးကိုခံယူ စောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားသား လက်အောက်ခံ သို့မဟုတ်
 တိုင်းတစ်ပါး ၏ နိုင်ငံသား မဖြစ်စေရဟု ပြဋ္ဌာန်းထားသည်။