Tuesday, March 31, 2015

တစ်နိုင်ငံလုံး ပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်း (NCA) လက်မှတ်ရေးထိုးပွဲ ပါဝင်ပါတ်သက်သူအားလုံး တာဝန်ရှိ

၃၁-၃-၂၀၁၅
တစ်နိုင်ငံလုံး ပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးပွဲ သမ္မတ ဦးသိန်းစိန်
တက်ရောက်ခဲ့ပြီး ပြည်သူတွေမျှော်လင့် စောင့်စားနေတဲ့ ငြိမ်းချမ်းရေးကို ယူဆောင်လာသော
သူတွေဟာ ဘယ်သူတွေလဲလို့မေးရင် ခင်ဗျားတို့၊ ကျွန်တော်တို့ပဲ ဖြစ်ပါတယ်၊ အဓိကအကျဆုံး
ကတော့ ခင်ဗျားတို့ကျွန်တော်တို့ပဲ ဖြစ်ပါတယ်။

သမ္မတက NCA စာချုပ်မူကြမ်းကို အကြိမ်ကြိမ်အခါခါဆွေးနွေးပြီး မနေ့ကတော့ ကျွန်တော်တို့ ဒီစာချုပ်မူကြမ်းကို သဘောတူညီချက် ရရှိပြီဖြစ်တဲ့အတွက်ကြောင့် လက်မှတ်ထိုးကြမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးသည် ခင်ဗျားတို့၊ ကျွန်တော်တို့အားလုံးသိကြပြီး ဖြစ်သည့် ပြည်သူများ၏လိုလားချက်   ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးသည်ပြည်သူ တွေရဲ့ဆန္ဒလည်းဖြစ်ပါတယ်၊ပြည်သူတွေရဲ့ မျှော်မှန်းချက်
လည်းဖြစ်ပါတယ်လို့  ပြောကြားသွားပါတယ်။

ပြည်သူတွေကလည်း ထာဝရငြိမ်းချမ်းရေးကို မျှော်လင့်နေကြဆဲပါ။ အပြောတစ်မျိုးအလုပ်တမျိုးတော့
မလုပ်ကြပါနဲ့  ဒီငြိမ်းချမ်းရေးအတွက် နိုင်ငံတော်ဘဏ္ဍာငွေနဲ့  နိုင်ငံတကာက ကူညီလှူဒါန်းငွေတွေ
ကို ဘီလျှံနဲ့ ချီပြီး ဒေါ်လာတွေကို အသုံးချခဲ့ရပါတယ်။ အခုလည်း ရခိုင် AA တပ်မတော်နဲ့  တိုက်ပွဲ
တွေဖြစ်နေပါတယ်။ ကချင်ပြည်နယ်မှာလည်း စစ်ပွဲတွေရှိနေပါတယ်။ ကိုးကန့် မှာလည် မငြိမ်သက်
သေးပါဘူး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုတာ လက်နက်ကိုင်တိုင်းရင်းသားအားလုံးပါဝင်ရမယ်
ယခုလက်မှတ်မထိုးရသေးပါဘူး။ငြိမ်းချမ်းရေးဟာ လုံးဝမရသေးဘူး ပြည်သူတွေကို ရိုးသားစွာ
ဆက်ဆံပါ။ငြိမ်းချမ်းရေးဟာ တိုင်းပြည်အတွက် အရေးကြီးဆုံး လိုအပ်နေပါတယ်၊ နောက်ထပ် စစ်ပွဲတွေမဖြစ်အောင် သမ္မတအပါအ၀င် ယခုငြိမ်းချမ်းရေးဖြစ်စဉ်မှာပါဝင်
တဲ့ သူအားလုံး တာဝန်ယူမှု တာဝန်သိမှု တာဝန်ခံမှု ရှိရမယ် ကတိတည်ကြည်ရပါမည်။

အပစ်အခတ်ရပ်စဲရေး၊ငြိမ်းချမ်းရေးအတွက်ဆိုရင် အဓိကလိုအပ်တာက တိုင်းရင်းသားအားလုံး
လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြစ်ဖို့  ၂၀၀၈ ဖွဲ့ စည်းပုံကို ပြင်ဆင်ရမှာဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့ စည်းပုံ ၄၃၆ ပြင်ဆင်ရေး လိုအပ်နေပါတယ်။ ဖွဲ့ စည်းပုံက ဒီမိုကရေစီစံနှုန်းတွေ
နဲ့ မညီညွတ်ဘူး တိုင်းရင်းသားအခွင့်အရေးတွေ မိမိတို့ ကိုယ်ပိုင်ပြဌာန်းခွင့်၊စီမံလုပ်ပိုင်ခွင့်၊ဆုံးဖြတ်
ပိုင်ခွင့် မရှိသေးပေ၊၊တိုင်းရင်းသားတွေ တောင်းဆိုခဲ့တဲ့ ဒါတွေအားလုံးရရှိဖို့  ဖွဲ့ စည်းပုံကိုခိုင်မာစွာ
အရင်တည်ဆောက်ဖို့  ပြင်ဆင်နိုင်ဖို့  အရေးကြီးပါတယ်။ငြိမ်းချမ်းရေးဟာ ဥပဒေစိုးမိုးရေးအပေါ်
မူတည်ပြီး ဥပဒေရဲ့ အကာအကွယ်ကို နိုင်ငံသားအားလုံးရရှိဖို့  လိုအပ်ပါတယ်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေဟာ ဖွဲ့ စည်းပုံပါ ဥပဒေတွေနဲ့ ကိုက်ညီမှုရှိအောင်
ညှိနှိုင်းကြပြီး သဘောတူညီမှုယူကာ လက်မှတ်တွေထိုးနေကြတာဖြစ်ပါတယ်။ ဒီဖွဲ့ စည်းပုံကို
တိုင်းရင်းသားများ လက်ခံတဲ့သဘော သက်ရောက်ပါလိမ့်မယ်။ ၂၀၀၈ ဖွဲ့ စည်းပုံကို
မပြင်ဆင်ဘဲနဲ့ တော့ တိုင်းရင်းသားများ တောင်းဆိုတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို မရရှိနိုင်ကြောင်း သတိကြီးစွာထားဖို့ လိုအပ်ပါတယ်။

မြသိန်း