Tuesday, June 28, 2011

မြန်မာရိုးရာ ဆီမီးခွက်အက

၂၀၁၁-၆-၂၈
အမျိုးသားကဇတ်ရုံမှာ ၂၆ ရက်နေ့ က အထူးပွဲအဖြစ်ကပြခဲ့ပြီး မြန်မာရိုးရာ ဆီမီးခွက်အကဖြင့်ဖျော်ဖြေခဲ့သည်။ မြန်မာရိုးရာအကများကို မြန်မာလူမျိုးတို့ အလွန်နှစ်သက် မြတ်နှိုးကြကာ ပွဲလမ်းသဘင်များတွင် အမြဲထည့်သွင်းကပြလေ့ရှိသော ရိုးရာယဉ်ကျေးမှု ကဟန်ဖြစ်ပါတယ်။
မြန်မာ့သဘင်များလည်း တဖြည်းဖြည်းတိမ်ကောပျောက်ကွယ်၍လာနေပြီး လွတ်လပ်စွာရုံသွင်းပြသခွင့်များ မရရှိသောကြောင့် တနေ့ တခြား အမျိုး ဘာသာ သာသနာနဲ့ ရိုးရာယဉ်ကျေးမှုများလည်း မင်းဆိုးမင်းညှစ်တွေလက်ထက်မှာ ပျောက်ကွယ်လာနေပါတယ်။