Showing posts with label ဇာဂနာသတင်း. Show all posts
Showing posts with label ဇာဂနာသတင်း. Show all posts

Wednesday, October 26, 2011

ကိုဇာဂနာ သာယာဝတီထောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားများကို ကူညီ။

 ၂၆-၁၀-၂၀၁၁
နံမည်ကျော် ဟာသ သရုပ်ဆောင် ဒါရိုက်တာ ကိုဇာဂနာသည် သာယာဝတီထောင်သို့ 
သွားရောက်ကာ နိုင်ငံရေးဖြင့်ဖမ်းဆီးခြင်းခံနေရတဲ့ ရဲဘော်များအားတွေ့ ဆုံခဲ့သည်။
သာယာဝတီထောင်ပိုင်ကြီး နဲ့ တွေ့ ဆုံကာ ပါဆယ်၊ ငွေနဲ့ ဂျာနယ်တွေပေးအပ်ခဲ့ပါတယ်။
ကောင်မွန်စွာဆက်ဆံခဲ့ပြီး..အရမ်းဖော်ရွေလို့ ..အထူးကျေးဇူးတင်ပါတယ်..။နိုင်ငံရေးအကျဉ်း
သား (၃၄)ယောက်အတွက်..ငွေသား ၃သိန်း ၄သောင်း နှင့် ဂျာနယ်(၈၁)စောင်၊ အထွေထွေ စာအုပ်(၃၄)အုပ်လှူခဲ့တယ်လို့  သိရှိရပါတယ်။ အားလုံးသာဓု ခေါ်နိုင်ကြပါစေ။

Friday, February 18, 2011

ကိုဇာဂနာကို သွေးစည်းခိုင်မာရေးဆု ချီးမြှင့်လိုက်သည်။


နိုင်ငံကျော် ဟာသပညာရှင် ကိုဇာဂနာကို ဂျာမဏီနိုင်ငံ ဘရီမင်မြို့က သွေးစည်းခိုင်မာရေးဆု ချီးမြှင့်လိုက်သည်။

ယခုလ ၁၅ ရက်နေ့တွင် Bremen မြို့တော်ဝန်ကိုယ်တိုင် ချီးမြှင့်သည့် Bremen Solidarity Award ဆုပေးပွဲသို့ သားဖြစ်သူ ကိုကောင်းမြတ် ကိုယ်စားလက်ခံရယူခဲ့ခြင်း ဖြစ်သည်။

“ဒီလိုဆုက များသောအားဖြင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကိုပေးဒါ ။ ဒါပေမယ့် ဒီနှစ်မှာကျတော့ အနုပညာရှင်ကို ပေးဖို့ ဆုံးဖြတ်တာ ဒါပထမဆုံးပဲ။
ဘရီမင် သွေးစည်းခိုင်မာရေးဆုသည် လွတ်လပ်မှု၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကြိုးပမ်း ဆောင်ရွက်နေသူများ၊ နယ်ချဲ့လွှမ်းမိုးမှုနှင့် အသားအရောင် ခွဲခြားမှုကို ဆန့်ကျင်နေသူများကို ၂ နှစ် တကြိမ် ရွေးချယ်၍ ချီးမြှင့်လေ့ရှိသည်။ ဤဆုကို ၁၉၉၃ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်လည်း ရရှိခဲ့သေးသည်။