Showing posts with label တိုင်းရင်းသားသတင်းများ. Show all posts
Showing posts with label တိုင်းရင်းသားသတင်းများ. Show all posts

Tuesday, January 10, 2012

ကချင်ပြည်နယ် “နေ့” စစ်တပ် စစ်အင်အားတိုးချဲ့… ပြည်သူတွေ ဆင်းရဲ ဒုက္ခရောက်..


 ဇော်ရှန် ၁၀ ၁ ၂၀၁၂
နှစ်တိုင်းရဲ့ ဇန္နဝါရီလ ၁၀ ရက် ဟာ ကချင်လူမျိုးတွေရဲ့ ကချင်ပြည်နယ်နေ့ အဖြစ် ပျော်ပျော်
ရွှင်ရွှင် လုပ်ဆောင်ကျင်းပ လာခဲ့တာဟာ ၆၃ ကြိမ်မြောက်အထိ ရှိခဲ့ပါတယ်။ ဒီနှစ်ဟာ ၆၄ ကြိမ်
မြောက် ကချင်ပြည်နယ်နေ့ ဖြစ်ပါတယ်။ ကချင်ပြည်နယ်နေ့ကို ကချင်ပြည်နယ်ရှိ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ မနောကွင်းတွင် နှစ်တိုင်းပျော်ပျော်ရွှင်ရွှင် လုပ်ဆောင်လျက်ရှိပါတယ်။

ဒါပေမယ့် ဒီနှစ်ဟာ ယင်းမနောကွင်းတွင် လူသူကင်းမဲ့ပြီး ဝမ်းနည်းစွာ တိတ်ဆိတ်ငြိမ် သက်နေပါ
တော့တယ်။လွန်ခဲ့တဲ့နှစ် ဇွန်လကတည်းကနေ ဖြစ်ပွားလာတဲ့ ပြည်တွင်းစစ်ကြောင့် အပြစ်မဲ့ပြည်
သူ များဟာ စစ်ပွဲရဲ့ မြေဇာအဖြစ် ခံစားနေရပါတယ်။ ကချင်လူမျိုးတွေဟာ ဘိုးဘွားခေတ်
ကတည်းက ကိုယ့်မြေ ကိုယ်နယ်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်လုပ်ကိုင် စားသောက်လာခဲ့တာ
ဖြစ်ပါတယ်။
ကချင်လူမျိုးတွေရဲ့ တန်းဖိုးထားပြီး လုပ်ဆောင်လာခဲ့တဲ့ ကချင်မနောပွဲဟာ ယခုနှစ်မှာဆိုရင် လုပ်ဆောင်နိုင်ခြင်း မရှိတော့ပါ။ကချင်နယ်မြေနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် သိန်းစိန်
စစ်တပ်ရဲ့ စစ်အင်အားတိုးချဲ့ပြီး ကေအိုင်အေကို ထိုးစစ်ဆင် တိုက်ခိုက်နေမှုတွေကြောင့် အပြစ်မဲ့ ပြည်သူလူထုဟာ စစ် မြေဇာအဖြစ် သိန်းစိန် စစ်အစိုးရရဲ့ အပြစ်မဲ့ပြည်သူများကို
ပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ညှင်းပန်း နှိပ်စက်ပြီး သတ်ဖြတ်ခြင်း၊ ကချင်အမျိုးသမီး
များနှင့် တခြားတိုင်းရင်း သူများကို အဓမ္မကျင့် သတ်ဖြတ်ခြင်း၊ ကလေး သူငယ်များကို
ခြိမ်းခြောက် ညှင်းပန်းနှပ်စက်ခြင်း စတဲ့ လူ့အခွင့်အရေးများကို ချိုးဖောက်နေပါ တော့တယ်..။

သိန်းစိန်နှင့် မင်းအောင်လှိုင် စစ်တပ်တို့ဟာ ယခုချိန်တွင်လဲ ကချင်ပြည်နယ် ဖါးကန့်မြို့နယ်ရှိ ဥရိုဆိုင်းမော်၊ ခွမ်ဇိုင်ဇွပ် (Hkum Tsai Zup) နမ်ယာ ကျေးရွာ၊ မနာမော်၊ ဆဘော်မော် စတဲ့ နယ်မြေ ကျေးရွာများတွင် စစ်အစိုးရ စစ်အင်အား (၈၀၀) ဝန်းကျင် ဝင်ရောက် နေရာယူနေပြီ
ဖြစ်ကြောင်း သိရှိ ရပါတယ်။ ယင်း စစ်တပ်များမှာ ခလရ ၅၈၊၂၉၈၊ခမရ ၃၈၂၊၃၈၅၊ ၃၈၆၊၃၁၅ တို့ဖြစ်ပြီး နေပြည်တော် အထူး ရဲတပ်ဖွဲ့မှ စစ်အင်အား (၂၀၀) ဝန်းကျင်တို့ ပါဝင်ကာ စစ်အင်အား တိုးချဲ့ နေကြောင်း သိရှိရပါတယ်။
 ကေအိုင်အေကို စစ်အင်အားတိုးချဲ့ ထိုးစစ်ဆင် တိုက်ခိုက် နေမှုတွေကြောင့် ယခုချိန်တွင်
ကချင်ပြည်နယ် ဖါးကန့်နယ်မြေတဝိုက်မှ စစ်ပြေးဒုက္ခသည်များဟာ ထောင်နှင့်ချီပြီး ဘုရားကျောင်း
နှင့် ဘုန်းကြီးကျောင်းများတွင် ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
သမ္မတသိန်းစိန်မှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ကေအိုင်
အေအား ထိုးစစ်ဆင်မှုများကို ရပ်ဆိုင်းရန် လွန်ခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ နေ့စွဲနဲ့ ညွန်ကြားစာ ပေးပို့ခဲ့ပြီးနောက် တိုက်ပွဲများဟာ ပိုမူပြင်းထန်လာပြီး နေရာတိုင်းမှာ တိုက်ပွဲများ ဖြစ်ပွား နေပါတယ်။

Friday, December 30, 2011

ဝပြည် သွေးစည်း ညီညွတ်ရေးပါတီနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးအဖွဲ့ သဘောတူညီချက်


၃၀-၁၂-၂၀၁၁ BNI NEWS
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေး ရေးအဖွဲ့နှင့် ၀ အထူးဒေသ(၂) ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့တို့ ညှိနှိုင်း ဆွေးနွေးချက်အရ အောက်ပါအချက်များကို ၂၀၁၁ခုနှစ် ဒီဇင်ဘာ
 (၂၆) ရက်နေ့တွင် ပန်ဆန်းမြို့၌ သဘောတူ လက်မှတ်ရေးထိုးကြပါသည်။

၁။ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်(၀) အထူးဒေသ(၂)ငြိမ်းချမ်းရေးဆွေးနွေး ရေးအဖွဲ့တို့ ၂၀၁၁ခုနှစ် အောက်တိုဘာ (၁)ရက်နေ့တွင် လားရှိုးမြို့၌ သဘောတူလက်မှတ်ရေး ထိုးခဲ့ကြသော သဘောတူ ညီချက်များကို ဆက်လက် အကောင်အထည်ဖော်ကြရန် သဘောတူသည်။

၂။ (၀) အထူးဒေသ(၂) နယ်မြေအတွင်း မှီတင်းနေထိုင်ကြသော တိုင်ရင်းသားများ၏ လူမှုဘ၀မြင့်မား ရေးနှင့်ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ပြည်ထောင်စုအစိုးရမှ ပါဝင်ပူးပေါင်း ကူညီဆောင်ရွက်ပေးရန် အတွက် နှစ်ဖက်ညှိနှိုင်းပြီး နှစ်တို နှစ်ရှည်လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးစီမံ ချက်များ ချမှတ်ဆောင်ရွက်ရန် သဘောတူသည်။

၃။ (၀) အထူးဒေ(၂) နယ်မြေအတွင်းရှိ တိုင်းရင်းသား လူငယ်များ၏ တွေးခေါ်မြော်မြင်မှု ၊အသက်မွေးဝမ်း ကျောင်းအတတ် ပညာများတတ်မြောက်မှုနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုတို့ကိုမျှော်မှန်းပြီး ပညာသင်ယူနိုင်မှု အခွင့်အလမ်းများ တိုးတက်မြင့်မားလာစေရေးအတွက် ပြည်ထောင်စုအစိုးရမှ ကူညီဆောင်ရွက်ပေးရန် သဘောတူသည်။

၎။(၀) အထူးဒေသ(၂) နယ်မြေအတွင်းရှိ တိုင်းရင်းသားများ၏ ကျန်းမာရေးစောင့်ရှောက်နိုင်မှုအတွက် ကုသရေး၊ ကာကွယ်ရေး၊ ပညာပေးရေး လုပ်ငန်းစဉ်များကို ဒေသခံပြည်သူများပါ ကျန်းမာရေးအသိ စိတ်ဓါတ်များ ရရှိလာပြီး ကိုယ်တိုင်ပါဝင် ပူးပေါင်း ဆောင်ရွက်နိုင်သော အဆင့်ရှိလာရန် ရှေရှည်စီမံ ချကများချမှတ်၍ ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက် နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရမှ အစီအမံများ ချမှတ်ဆောင်ရွက်ပေးရန် သဘောတူခဲ့ကြသည်။

၅။(၀)အထူးဒေသ(၂) နယ်မြေအတွင်းရှိ မြို့နယ်များမှ ပြည်သူ့ကိုယ်စားလှယ်များသည် ပြည်ထောင် စုသမ္မတမြန်မာ နိုင်ငံတော်၏ လွှတ်တော်အဆင့်ဆင့်တွင် ပါဝင်ပြီး နိုင်ငံတော်နှင့် ဒေသအတွင်းအရေး အရာများကို (၀) အထူးဒေသ(၂) နယ်မြေ ရှိ ပြည်သူ့ဆန္ဒများနှင့်အညီ ဖော်ထုတ်တင်ပြ စီမံခွင့်ရရှိနိုင် ရေးအတွက် ဆက်လက် ညှိနှိုင်းဆွေးနွေးဆောင်ရွက်သွားရန် သဘောတူသည်။

၆။ (၀) အထူးဒေသ (၂) သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ အရေးပါသော အစိတ်အပိုင်း ဖြစ်သည်။ (၀)} အထူးဒေသ(၂) သည် နိုင်ငံတော်အား သွေကွဲစေခြင်း၊နိုင်ငံတော်မှခွဲထွက်ခြင်းစ သည်တို့ကို လုံးဝပြုလုပ်မည် မဟုတ်ကြောင်းနှင့် နိုင်ငံတော်၏ အချုပ်အခြာ အာဏာနှင့် နယ်မြေ တည်တံ့ခိုင်မြဲရေးအတွက် (၀) အထူးဒေသ(၂)၏ စွမ်းရည်များအား လှုဒါန်းပေးဆောင်သွားရန် သဘောတူညီပြီးဖြစ်သည်နှင့်အညီ ဆက်လက်၍ နိုင်ငံတော်၏ လုံခြုံရေး ကာကွယ်ရေးအတွက် နိုင်ငံတော်၏ ကာကွယ်ရေး အင်အားစုများနှင့် တစ်စိတ်တစ်ဝမ်းတည်း ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး ဆက်လက် ညှိနှိုင်းဆွေးနွေးသွားရန် သဘောတူသည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့-
(၀) အထူးဒေသ(၂)ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ 

Wednesday, December 28, 2011

ကချင်အမျိုးသားအစည်းအရုံး (KNO) အသံလွှင့်နိုင်ရန် စီစဉ်နေ

28-12-2011
ကချင်အမျိုးသား အစည်းအရုံး (KNO) ဥက္ကဌ ဘွမ်ဝမ်လရော်မှ ကချင်လူမျိုးစုများအတွင်း
အသံလွှင့်နိုင်ရန်အတွက် ကူညီထောက်ပံ့ပေးခဲ့ပါတယ်။ အသံလွှင့်အစီအစဉ်များကို ၁၀၄
ကီလိုဟတ်နဲ့ ထုတ်လွှင့်မယ်လို့ သိရပြီး၊ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် အသံလွှင့်မည့် စက်
ပစ္စည်းများနှင့်အတူ အမေရိကန် ၄ ဦးနှင့် ဂျပန် ၂ ဦးတို့သည် တရုတ်နိုင်ငံ ရင်ကျန်းမှ တဆင့်
စက်ရုံနေရာဖြစ်သော လိုင်စင်ပို့စ်သို့ ရောက်ရှိလာပါတယ်။ကချင်လွတ်မြောက်ရေးတပ်မတော်
အနေနဲ့ အသံလွှင့်နိုင်ရေးအတွက် နိုင်ငံခြားသားများနှင့် အစီအစဉ်များပူးပေါင်းဆောင်ရွက်
လျှက်ရှိင်္ပြီး KIO ဒုဥက္ကဌ ဦးအင်ဘန်လမှ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

Friday, October 28, 2011

ကေအိုင်အေနဲ့ ကေအိုင်အို တပ်များက ကချင်လူထုကို နိုးဆော်

 ၂၈-၁၀-၂၀၁၁
ကေအိုင်အေ ဌာနချုပ်ကနေ လွန်ခဲ့တဲ့ နေကစပြီး ကေအိုင်အေ စစ်သားအားလုံးနဲ့ 
ကချင်လူထု နိုင်ငံတကာမှာ ဒီည၈ နာရီကစပြိး ကချင်ပြည်နယ် လက်ရှိပြသာနာ
ငြိမ်းချမ်းဖို့ ဆုတောင်းကြဖို့ အတွက် တပ်မဟာ ၂မှာလုပ်ခဲ့တဲ့ဆုတောင်းပွဲအခမ်း
အနားဖြစ်ပါတယ်။ အခန်းနားက နိုင်ငံတကာမှာရောက်နေတဲ့ ကချင်လူမျိုးတွေကို 
ရောက်နေရာကနေ ဆုတောင်းကြဖို့  နှိုးဆော်နေပါတယ်။

အစိုးရသစ် စစ်တပ်က နယ်ခြားစောင့်တပ်ဖွဲ့ တာကို မ၀င်ကြတဲ့ ကေအိုင်အေနဲ့ 
ကေအိုင်အို အဖွဲ့ တွေကို ထိုးစစ်ဆင်ဖို့  ပြင်ဆင်နေကြတယ်လို့  ဒေသခံတွေရှိက
သတင်းတွေရရှိခဲ့ကြောင်း ဇော်ရှန်မှ သတင်းရရှိခဲ့ပါတယ်။လိုင်ဇာမြိုကို ၂၈ ရက်နေ
ကစပြိး သိမ်းဖို့  မြန်မာစစ်တပ်တွေ ကေအိုင်အေ ဌာနချုပ်နဲ့  နီးနီးလာနေတယ်လို့ 
သိရပါတယ်။ ကချင်ပြည်မှာ စစ်ပွဲတွေဖြစ်လာနိုင်တဲ့အတွက် မိမိနေရပ်ပြန်လာပြီး
အင်အားဖြည့်ကြဖို့  ဖိတ်ခေါ်နေပါတယ်။

 စစ်ပွဲတွေဖြစ်လာရင် ကချင်ပြည်သူတွေ အန္တရယ်များနိုင်ပါတယ်။ရွှေမော်မှရှိတဲ့ အ
လုပ်များလည်း ရပ်ထားရတယ်လို့ သိရပါတယ်။ကချင်အဖွဲ့ အစည်းအားလုံး ညီညွတ်
ကြဖို့  ကေအိုင်အေနဲ့ ကေအိုင်အိုတို့ က တောင်းဆိုထားပါတယ်။တရုတ်ဘက်မှာလည်း
မြန်မာစစ်တပ် အနည်ငယ်ရောက်ရှိနေတယ်လို့ သိရပြီး နှစ်ဘက်ညှပ်တိုက်မည့် အနေ
အထားမှာတွေ့ ရတယ်လို့ ပြောပြီး ပြသနာတွေ ပြေလည်အောင် ညှီနိုင်းမှုတွေရှိနေပြီး
ဆုတောင်းပွဲများလည်းပြုလုပ်ကြပြီး အသင့်ပြင်ဆင်ထားတဲ့အနေအထားမှာရှိနေတယ်
လို့ သိရပါတယ်။


Monday, June 27, 2011

ကချင်တိုင်းရင်းသားများနှင့် မြန်မာ့ဒီမိုကရေစီအင်အားစုများစုပေါင်းပြီး နယ်သာလန်နိုင်ငံ သဟိတ်မြို့တွင် ဆန္ဒပြ

 ၂၀၁၁-၆-၂၇
၂၄ ဇွန်လ ၂၀၁၁ ရက်နေ့တွင် နယ်သာလန်နိုင်ငံ သဟိတ်မြို့ ကမ္ဘာ့ငြိမ်းချမ်းရေး အဆောက်အဦးရှေ့တွင် ကချင်တိုင်းရင်းသားများနှင့် မြန်မာ့ဒီမိုကရေစီအင်အားစုများ စုပေါင်းပြီး မြန်မာနိုင်ငံနယ်စပ်ဒေသများတွင်
ဖြစ်ပွားနေသော လူ့အခွင့်အရေးချိုးဖောက်မှုများအား ထုတ်ဖော်ဆန္ဒပြတောင်းဆိုပွဲတရပ်ကို ပြုလုပ်ခဲ့သည့်
ဓါတ်ပုံများ။

Saturday, June 25, 2011

တိုင်းရင်းသားများ လူ့ အခွင့်အရေးဆုံးရှုံးမှု I C Cနိုင်ငံ တကာရာဇ၀တ်မှူတရားရုံးသို့ မေတ္တာရပ်ခံ

 ဓါတ်ပုံကိုနှိပ့်ပြီး ပုံကြီးချဲ့ ကြည့်ပါ။
 ၂၀၁၁-၆-၂၅
မြန်မာ့ဒီမိုကရေစီအရေးတိုက်ပွဲဝင်ညီအစ်ကိုမောင်နှမများခင်ဗျား
 
မြန်မာစစ်အစိုးရတပ်၏ ကချင်၊ ကရင်၊ မွန် ရှမ်း၊ စသည့်တိုင်းရင်းသားလူမျိုးစုများအပေါ်လက်နက်ဖြင့်
မတရား ထိုးစစ်ဆင်တိုက်ခိုက်နေမှူနှင့်ပါတ်သက်ပြီး၊ နယ်သာလန်နိုင်ငံရှိ၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်း အပါအ၀င် စသည့်တိုင်းရင်းသားအဖွဲ့ အစည်းများနှင့် နယ်သာလန်နိုင်ငံရှိ(မြန်မာ့ဒီမိုကရေစီအင်အားစု - နယ်သာလန်) B D C (NL)၊ N L D - LA (NL)အဖွဲ့ အစည်းတို့ မှ ပူးပေါင်းဆောင်ရွက်မှူဖြင့် ၂၄၊ ၀၆၊ ၂၀၁၁ ရက်နေ့ တွင် နယ်သာလန်နိုင်ငံ ဒီဟိတ်မြို့ ရှိI CC နိုင်ငံ တကာရာဇ၀တ်မှူတရားရုံးသို့ သွားရောက်ပြီး
တင်ပြတောင်းဆိုခြင်း မေတ္တာရပ်ခံစာကိုပေးပို့ လိုက်ပါသည်။

Friday, June 24, 2011

ကချင်ဒေသထိုးစစ်ဆင်မှုရပ်တန့် ရန် ကချင်တိုင်းရင်း သားများနှင့် မြန်မာ့အရေး ဆောင်ရွက်နေသော အဖွဲ့ အစည်းအသီးသီးမှ မြန်မာစစ်သံရုံရှေ့ ဆန္ဒပြ

၂၀၁၁-၆-၂၄
ဂျပန်နိုင်ငံရောက် ကချင်တိုင်းရင်းသားများနှင့် တိုင်းသားအဖွဲ့ အစည်းများ မြန်မာ့အရေးဆောင်ရွက်
နေသော အဖွဲ့ အစည်းအသီးသီးတို့ မှ မြန်မာစစ်သံရုံးရှေ့ တွင် ထိုးစစ်ဆင်မှုရပ်ဆိုင်းရန်
ဆန္ဒပြတောင်းဆို။
အစိုးရသစ်တက်လာပြီး တိုင်းရင်သားဒေသများကို အစိုးရစစ်တပ်မှ ထိုးစစ်ဆင်မှုများပြား လာနေပြီး
ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ခြင်းမရှိဘဲ စစ်အစိုးရအာဏာတည်မြဲရေးအတွက် အစိုးရသစ် လုပ်ဆောင်မှုများသည် တိုင်းရင်းသားဒေသများ၏ တည်ငြိမ်အေးချမ်းမှုနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကို ပျက်ပြားအောင် ထိုးစစ်ဆင်နေခြင်း သာဖြစ်၍ ထိုဒေသတွင်နေထိုင်ကြသော သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးများ ကလေးငယ်များ စစ်ဘေးဒုက္ခနှင့်ရင်ဆိုင်နေရပြီးစားနပ်ရိတ်ခါများ ပြတ်တောက်နေသည်။
စည်းကမ်းပြည်ဝသည့် ဒီမိုကရေစီကိုလျှောက်လှမ်းပါမည်ဟုဆိုသော ဦးသိန်းစိန် မြန်မာအစိုးရသစ်တက် 
လာပြီး ၆လ အကြာတွင်ယခုကဲ့သို့ သော လူ့ အခွင့်အရေးချိုးပေါက်မှုကြီးကို ကျူးလွန်လိုက်ခြင်းဖြစ်သည်။
စစ်ကိုလိုလားသော အာဏာရှင်၏ ဖီဇအတိုင်း ကချင် ကရင် ရှမ်းစသောဒေသများကိုထိုးစစ်ဆင်နေခြင်း
ကြောင့် ပြည်တွင်းစစ်မီးတောက်လောင်ရန် တွန်းပို့ နေသည်။
လူသားဇစ်မြစ်ကာကွယ်စောင့်ရှောက်ရေးကို စစ်အစိုးရမှချိုးဖေါက်လျှက်ရှိနေသောကြောင့် အရပ်သားဒီမို ကရေစီအရေခြုံ မြန်မာအစိုးရသစ်၏ လုပ်ရပ်ကို နိုင်ငံတကာ လူ့ ဘောင်အဖွဲ့ အစည်းများ သိရှိအောင်
လူ့ အခွင့်အရေးအဖွဲ့ အစည်းများနှင့် ပူးပေါင်းကာ အတုအယောင် ဒီမိုကရေစီအစိုးရသာဖြစ်ကြောင်း
မြန်မာနိုင်ငံသားများအနေဖြင့် အစိုးရသစ်၏ လူ့ အခွင့်အရေးချိုးဖေါက်မှုများကို ကျယ်လောင်စွာ
တောင်းဆိုဆန္ဒပြမှုများပြုလုပ်၍ ကမ္ဘာတ၀ှမ်း ကျယ်ပြန့် အောင် တောင်းဆိုသင့်ပေသည်။

Wednesday, June 22, 2011

အစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တိုက်ပွဲများပြင်းထန်

၂၀၁၁-၆-၂၂
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ဒေသမှာ အစိုးရစစ်တပ်က ကချင်လွတ်မြောက်ရေးတပ်(KIA)နဲ့  တိုက်ပွဲများပြင်းထန်နေတယ်လို့ သိရပါတယ်။တရုပ်ပြည် နယ်စပ်နဲ့ နီးစပ်တဲ့ဒေသမှာ တရုပ်၏စီးပွားရေး အ၀င်အထွက်ရှိနေသောနေရာဖြစ်ပြီး ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံ တည်ဆောက်မှုလည်း ရပ်ဆိုင်း ထားရသည်။ အနီးပါတ်ဝင်ကျင်တွင် တရုတ်ဆောက်လုပ်ဆဲ ရေနံပိုက်လိုင်းများ ရှိနေပြီး မြန်မာအစိုးရအား တရုတ်မှရပ်တန့် ပေးရန် ဖိအားပေးလျှက်ရှိနေပြီး ချစ်ကြည်ရေးပျက်ပြားနိုင်သည်ဟုပြောဆိုထားသည်။ ကချင် ဒုက္ခသည်သောင်းနဲ့ ချီပြီး တွက်ပြေးနေရသည်။
KIAမှ အဆက်အသွယ်ဖြတ်တောက်ရန် တံတား၂၅ ခုကိုဖျက်ဆီးခဲ့ပြီး ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံ
၂ခု မှ တရုတ်ပညာရှင် ၃၀ ဦးအား ခေါ်ဆောင်သွားခဲ့သည်။ တရုတ်အလုပ်သမား ၂၀၀ကျော်က တရုတ်
ပြည် သို့ ပြန်သွားကြသည်။
ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံမှ ၉၀%သည် တရုတ်ပြည်မှယူမည်ဖြစ်ပြီး ကချင်ဒေသခံများမှာ ၁၀%
နှုန်းမျှသာရရှိမည်ဖြစ်၍ ဒေသခံများအတွက် အကျိုးခံစားခွင့် မရှိပေ။ စစ်အစိုးရက ဓါတ်အားပေးစက်ရုံ ရှိရာ အနီးတ၀ှိက်ရှိ KIAတပ်များဆုတ်ခွာသွားရန် ပြင်ထန်စွာ ထိုးစစ်ဆင်နေသောကြောင့် ဒေသခံများ ထွက်ပြေး
နေရသည်ဟုသိရှိရသည်။
အစိုးရသစ်တက်လာပြီး တိုင်းရင်သားဒေသများကို အစိုးရစစ်တပ်မှ ထိုးစစ်ဆင်မှုများပြား လာနေပြီး
ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ခြင်းမရှိဘဲ စစ်အစိုးရအာဏာတည်မြဲရေးအတွက် အစိုးရသစ်၏ လုပ်ဆောင်မှု များသည် စည်းကမ်းပြည်ဝသည့်ဒီမိုကရေစီမဖြစ်လာနိုင်ပေ။
ဆောင်ရွက်မှုနှင့်လမ်းစဉ်သည်  ပြဒါးတလမ်း သံတလမ်းဖြစ်နေပြီးစစ်မှန်သည့်ဒီမိုကရေစီမပေါ်ဖေါက်
လာနိုင်။တိုင်းသူပြည်သားတို့ ၏ ငြိမ်းချမ်းမှုကို အလေးထား မတည်ဆာက်ပဲ စစ်မီးပွားနေသည့် စစ်အစိုးရအသွင်မှ လုံးဝပြောင်းလဲမှုမရှိသေးပေ။ လူသားဇစ်မြစ်ကာကွယ်စောင့်ရှောက်ရေးကို စစ်အစိုးရမှ ချိုးဖေါက်လျှက်ရှိနေသောကြောင့် နိုင်ငံတကာနှင့်ပူးပေါင်းကာ မြန်မာနိုင်ငံသားများအနေဖြင့် အစိုးရသစ်၏ လူ့ အခွင့်အရေးချိုးဖေါက်မှုကို ကျယ်လောင်စွာ တောင်းဆိုဆန္ဒပြမှုများပြုလုပ်သင့်ပေသည်။

Thursday, June 16, 2011

အစိုးရသစ်တက်လာပြီး KIA အပါအ၀င် တိုင်းရင်းသားဒေသတွေကို စစ်တပ်ကထိုးစစ်ဆင်

၂၀၁၁-၆-၁၅
ရှမ်းပြည်မြောက်ပိုင်းရှိ အရေးပါသည့် တံတား ၂ စင်း ဇွန် ၁၄ ရက်ညတွင် KIAမှ ဗုံးပေါက်ဖျက်ဆီးခဲ့သည်ဟု လွယ်ကန်အခြေစိုက် KIA တပ်မဟာ ၄ အရာရှိများပြောသည်။
ဖျက်ဆီးခဲ့သည့်တံတားမှာ တရုတ်-မြန်မာ အဓိကကုန်သွယ်ရေးလမ်းကြောင်း မန္တလေး-မူဆယ်ကားလမ်းမှ နမ်ဖတ်ကာ တံတားဖြစ်ပြီး နောက်တစ်စင်းမှာ တာမိုးညဲ-မုန်းစီကားလမ်းမှ နမ်ခရိုင်တံတားဖြစ်သည်ဟု ဆိုသည်။
ဇွန် ၉ ရက် ကချင်ပြည်နယ် ဆန်ဂန်၌ KIA တပ်ရင်း ၁၅ အား မြန်မာတပ်ကထိုးစစ် စတင်ဆင်နွှဲလာစဉ် ဇွန် ၁၃ ရက် KIA က ပြည်တွင်းစစ်သို့ဦးတည်လာနိုင်သည်ဟု ပြောဆိုပြီးနောက်တစ်နေ့ ယခုကဲ့သို့ ဗုံးပေါက်ကွဲမှုများဖြစ်လာခြင်း ဖြစ်သည်။
ယခုတလော နယ်ခြားဆောင့်တပ်ဖွဲ့ စည်းရန် သဘောတူညီမှုမရရှိသော တိုင်းရင်းသားဒေသတွေကို အစိုးရ သစ် ဦးသိန်းစိန် ဦးဆောင်သည့် မြန်မာစစ်တပ်မှ ထိုးစစ်မကြာခဏ ဆင်လေ့ရှိပါတယ်။ တိုင်းသားဒေသမှ ပြည်သူများ အိုးမဲ့အိမ်မဲ့ထွက်ပြေးတိမ်းရှောင်နေကြရကာ သက်ကြီးရွယ်အိုများနှင့် ခလေးငယ်များမှာ ဒုက္ခအမျိုးမျိုးကြုံတွေ့ နေရပြီး တံစာခံများဖြစ်နေကြရသည်။ ရန်ကုန်တ၀ှိက်တွင်နေထိုင်သော ကချင်ကျောင်းသားများအား ဒေသပြန်ရန်အမိန့် ထုတ်ထားသည်။

Tuesday, May 3, 2011

နိုင်ငံတကာ ရခိုင်အမျိုးသားအသင်း(အမေရီက)

ပုံကိုနှိပ်ပါ။

Wednesday, March 30, 2011

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ကြေညာချက်

Wednesday, March 9, 2011

ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦခွန်ထွန်းဦးနှင့် တိုင်းရင်းသားခေါင်းဆောင်များ နိုင်ငံရေးအကျင်းသားများ လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြပွဲ

Thursday, February 10, 2011

ကရင်ခေါင်းဆောင် ဖဒိုမန်းရှာအား ပါဒူးတက္ကသိုလ်က ဆုချီးမြှင့်ရန် ဆုံးဖြတ်


2011-02-09

ကွယ်လွန်သူ ကရင်အမျိုးသားခေါင်းဆောင် ဖဒို မန်းရှာ လာဖန်း ကို အမေရိကန် ပြည်ထောင်စု အင်ဒီယားနား ပြည်နယ် ဖို့ဝိန်းမြို့ IPFW အင်ဒီယားနား ပါဒူးတက္ကသိုလ်က National Equality Award ခေါ် အမျိုးသား တန်းတူရေးနဲ့ သာတူညီမျှရေးဆု ဂုဏ်ပြု ချီးမြှင့်မယ်လို့ သိရပါတယ်။

Wednesday, February 9, 2011

ဦးအေးသာအောင်၏ ပြည်ထောင်စု စိတ်ဓာတ်

Pa Oh statement

Pa Oh Statement