Tuesday, March 31, 2015

ရွှေညဝါဆရာတော် ဂျပန်နိုင်ငံတရားပွဲ ဖိတ်ကြားလွှာ (ဧပြီလ ၅ရက်)နေ့

 ၃၁-၃-၂၀၁၅

ရွှေညဝါဆရာတော် ဦးပညာသီဟနှင့် လက်ထောက်ဆရာတော် ဦးသူရိယ ဆရာတော်(၂)ပါးသည် လာမည့် ဧပြီလ(၃)ရက်နေ့တွင် ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ခေတ္တသီတင်းသုံး ကြွရောက်မည်ဖြစ်ပြီး ဧပြီလ ၉ရက်နေ့အထိသီတင်းသုံး နေထိုင်မှာ ဖြစ်ပါတယ်.။ဆရာတော်(၂)ပါးနှင့်အတူ
 ပေါ်ပြူလာဂျာနယ်အယ်ဒီတာတဦးဖြစ်ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်)၏ Political Adviser တဦးဖြစ်သူ စာရေးဆရာ(အလင်းဆက် IR)လည်း အတူ ရောက်ရှိလာမည် ဖြစ်ပါသည်။
ရွှေညဝါဆရာတော်၏ တိုကျိုရောက် မြန်မာမိသားစုများအတွက် တရားပွဲအား လာမည့် ဧပြီလ
(၅)ရက်နေ့တနင်္ဂနွေနေ့ ညနေ ၆-နာရီအချိန်တွင် တိုကျိုမြို့ မြန်မာဘုန်းတော်ကြီး ကျောင်းရှိရာ
နာကအိတဘရှိမြို့ရှိ ချိအိခိစင်တာတွင် တရားရေအေး တိုက်ကျွေးမည် ဖြစ်ပါ၍ တိုကျိုမြို့မှ
 သဒ္ဓါကြည်လင် ပါရမီရှင်အပေါင်းအား လာရောက် တရားနာယူနိုင်ကြပါရန် ရိုသေလေးစားစွာ ဖိတ်ကြားအပ်ပါသည်။

တရားပွဲအား တိုက်ရိုက်ထုတ်လွှင့်မည် ဖြစ်ပါသည်။

ဆွမ်းဆက်ကပ် လှူဒါန်းလိုသူများ မြန်မာဘုန်းတော်ကြီးကျောင်းသို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
အချိန် ညနေ ၆နာရီမှ ည၉နာရီနေရာ နာကအိတဘရှိ ချိအိခိစင်တာ။
ဆက်သွယ်ရန် ...တိုကျိုမြန်မာ ဘုန်းတော်ကြီးကျောင်း 03-3973-3348
ဦးစိုးလွင်090-4167-5025
ဦးသန်းဝင်း090-2443-4036
ဦးမြသိန်း 070-50167092
090-4528-6219
080-3562-1812