Showing posts with label NLD သတင်း. Show all posts
Showing posts with label NLD သတင်း. Show all posts

Tuesday, June 19, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၇)နှစ်မြောက် မွေးနေ့ 


၂၀၁၂-၆-၁၉ ဓါတ်ပုံ AP
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၇)နှစ်မြောက် မွေးနေ့ ကို အမျိုးသားဒီမိုကရေစီအဖွဲ့ 
ချုပ်တွင် ကျင်းပခဲ့ရာ နာယက ဦးတင်ဦး ဦးဝင်းတင် အဖွဲ့ ချုပ်အဖွဲ့ ဝင်များ တက်ရောက်ခဲ့သည်။

Tuesday, June 12, 2012

ရပ်/ကျေးမှာ NLD ရုံးခန်းတွေဟာ ဒီမိုကရေစီခံတပ်ဖြစ်လို့ မရှိမဖြစ်လိုအပ်

ရပ်/ကျေးရုံးခန်းတွေဟာ ဒီမိုကရေစီခံတပ်ဖြစ်လို့ မရှိမဖြစ် လိုအပ်သလို အောက်ခြေကနေ တဆင့် ပြည်သူလူထု တွေရဲ့ အသံကို နားဆင်ခွင့် ရစေတဲ့ အတွက် ဒီမိုကရေစီအရေးအတွက် အရေးပါပါတယ်လို့ မင်္ဂလာတောင်ညွန့်မြို့ နယ်တောင်ညွန့်ကြီးရပ်ကွက် ၁၀၉ လမ်းမှာ ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်း ဖွင့်လှစ်ပွဲမှာ မင်္ဂလာ တောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောဆိုလိုက်ပါတယ်။ ဒီရုံးခန်းဖွင့်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကအဖွဲ့ဝင် ဦးဝင်းတင် ကိုယ်တိုင် တက်ရောက်ခဲ့ပြီး ပြည်သူလူထုနဲ့ အဖွဲ့ချုပ် အဖွဲ့ဝင် အယောက် ၂၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Sunday, June 10, 2012

ယနေ့ တာမွေ မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မလွှကုန်းဌေးကြွယ်ရပ်ကွက် ရပ်/ကျေး ရုံးခန်းဖွင့်ပွဲ အခမ်းအနား


NLD ပါတီမှ ဘဘဦးဝင်းတင် ဘဘဦးလှဖေဖြူဖြူသင်း ဒေါက်တာမြတ်ဥာဏစိုး ၈၈မျိုးဆက်   ကျောင်းသား  များမှ မနီလာသိန်း မမီးမီး နှင့် ပါတီဝင်များဖိတ်ကြားထားသောဧည့်သည်များ နှင့်   ပြည်သူလူထု ၇၀ ခန့်  တက်ရောက်ခဲ့ပါသည် ..ဘဘဦးလှဖေ မှ ရပ်/ကျေး ဆိုင်းဘုတ် အား ဖွင့်လှစ်ပေးခဲ့ပါသည် ..မနက် ၉ နာရီတွင် အခမ်းအနားစတင်ကျင်းပ ၉ နာရီ ၄၀ တွင် အခမ်းအနား   အောင်မြင်စွာပြီးဆုံးခဲ့ပါသည်..။

Saturday, June 9, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် မဟာမိတ် တိုင်းရင်းသားခေါင်းဆောင်များ၏ သဘောထား ကြေညာချက်


Thursday, April 19, 2012

NLD အဖွဲ့ချုပ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်

ဧပြီ၂၃ရက်တွင် လွှတ်တော်တက်ဖြစ်မည်လားဟု သတင်းထောက်များကမေးရာ “ဦးဥာဏ်ဝင်း   နေပြည်တော်သွားနေပါတယ်။
သူပြန်လာမှသိမယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ယနေ့(ဧပြီ၁၉ရက်)တွင် ပြောကြားသည်။ဖွဲ့စည်းပုံ   အခြေခံဥပဒေဆိုင်ရာ သိသင့်သိထိုက်သည့် အချက်များကို ဆွေးနွေးခြင်းအား NLD အဖွဲ့ချုပ်တွင် ယနေ့နံနက် ၁၀နာရီမှ ၁၂နာရီထိကျင်းပခဲ့ပြီး ထိုဆွေးနွေးပွဲအပြီး သတင်းထောက်များ ၏မေးမြန်း မှုကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ခြင်းဖြစ်သည်။
“သင်တန်းလို့လဲပြောလို့ရတယ်။ ဆွေးနွေးပွဲလို့လည်း ဖြေလို့ရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ

NLD ကိုယ်စားလှယ်များ လွှတ်တော် တက်ရေး ဆုံးဖြတ်ရန် ရက်ထပ်မံ ရွှေ့ ဆိုင်း

ရန်ကုန်၊ ဧပြီ ၁၉

ဧပြီ ၂၃ ရက်နေ့ တွင် ပြန်လည် စတင်မည့် လွှတ်တော် အစည်း အဝေး များသို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက် မည်၊ မတက် ရောက်မည်ကို ဧပြီလ ၁၉ ရက်နေ့တွင် ဆုံးဖြတ်ချက် ချမှတ်မည် ဟု သတင်း ထုတ်ပြန် ထားပြီး ဖြစ်သော်လည်း ထပ်မံ ရွှေ့ ဆိုင်းလိုက်ကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က   ပြောကြားသည်။

NLD ကိုယ်စားလှယ်များ လွှတ်တော် တက်ရေး မနက်ဖြန် ဆုံးဖြတ်မည်



ရန်ကုန်၊ ဧပြီ ၁၈

ကြားဖြတ် ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့ ကြသည့် ဒေါ်အောင်ဆန်းစုကြည် အပါ အဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ် များ ဧပြီ ၂၃ ရက်နေ့ တွင် ပြန်လည် စတင်မည့် လွှတ်တော် အစည်း အဝေး များသို့ တက်ရောက် မည်၊ မတက် ရောက်မည်ကို မနက်ဖြန်တွင် ဆုံးဖြတ်ချက် ချ မှတ်မည် ဖြစ်ကြောင်း NLD ၏ မန္တလေးတိုင်း မဟာ အောင်မြေမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က The Voice Weekly သို့ ပြောကြားသည်။

Wednesday, April 18, 2012

၁၈-၄-၂၀၁၂ရက်နေ့မွန်းတည့်(၁၂)နာရီကအဖွဲ့ချုပ်ရုံးတွင်
သက်ကြီးပူဇော်ကန်တော့ပွဲကျင်းပ

၁၈-၄-၂၀၁၂ရက်နေ့မွန်းတည့်(၁၂)နာရီက အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်မှ ကြီးမှူး၍ အဖွဲ့ချုပ်ရုံးတွင်သက်ကြီးပူဇော်ကန်တော့ပွဲကျင်းပသည်။

ကော့မှူးမြို့နယ်တွင် NLD မှ ကြီးမှူး၍ မြန်မာ့နှစ်သစ်ကူးအခမ်းအနားကျင်းပ

 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြီးမှူး၍ ကော့မှူးမြို့နယ်တွင် ယနေ့နံနက်ရှစ်နာရီမှ ဆယ်နာရီအထိ ကျင်းပသော မြန်မာ့နှစ်သစ်ကူးအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် ရောက်ခဲ့ပြီး အမှာစကား
ပြောကြားခဲ့သည်။

Monday, April 16, 2012

နှစ်ဆန်းတစ်ရက်တွင် ကော့မှုးမှသက်ကြီးမဲဆန္ဒရှင် ၆၂ဦးကို ဒေါ်အောင်ဆန်းစုကြည် ဂါရ၀ပြုမည်။


ရွှေးကောက်ပွဲတွင် ကော့မှုးမြို့နယ် ကျေးရွာအုပ်စုများမှ မဲပေးခဲ့သည့် အသက် အကြီးဆုံးမဲဆန္ဒရှင်(၆၂) ဦးကို မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင် ဖိတ်ကြားကာ ဒေါ်အောင်ဆန်းစုကြည်မှ ဂါရ၀ပြုကန်တော့မည်ဟု သိ ရသည်။
ကော့မှုးမြို့နယ်တွင် ကျေးရွာ အုပ်စု(၆၂)စုရှိရာ အုပ်စုတစ်စုစီမှ မဲပေးခဲ့သူ အသက် အကြီးဆုံး ပုဂ္ဂိုလ် တစ်ဦး စီကို ဖိတ်ကြားမည်ဟု ကော့မှုးမဲအောင်နိုင်ရေးအဖွဲ့ မှ ဦးလှမြင့်က ပြော သည်။

20120413 NLD HQ

၂၀၁၂ ခုနှစ် ဧပြီလ ၁၃ ရက်နေ့ သင်္ကြန်အကျနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်ရှေ့မှာ မုန့်လက်ဆောင်း စတုဒီသာ အလှူ ကျွေးမွေးလှူဒါန်းခြင်းနှင့် BG သွေးကူညီပေးရေးဖွဲ့ဖျော်ဖြေရေးယာဉ် လာရောက်ဖျော်ဖြေ။

Sunday, April 15, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်မှ ပြည်သူအများငြိမ်းချမ်းစေဘို့  အတာသင်္ကြန်
မေတ္တာရေအေးပက်ဖြန်းပေး

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ရှေ့ တွင် အဖွဲ့ ချုပ်
အဖွဲ့ ဝင်များ၏ ဖျော်ဖြေရေးများပြုလုပ်ခဲ့ရာ ပြည်သူအများအပြား လာရောက်ကြည့်ရှု့ ခဲ့ပြီး
ဒေါ်အောင်ဆန်းစုကြည်မှ အများပြည်သူငြိမ်းချမ်းစေဘို့  အတာသင်္ကြန်  မေတ္တာရေအေးပက်ဖြန်း   ပေးခဲ့ပြီး ပြည်သူများနှင့် အဖွဲ့ ချုပ်ဝင်များမှ အမေကျမ်းမာပါစေဟု ဆုမွန်ကောင်းများတောင်း
ပေးကြသည်။

မဟာသင်္ကြန် အကျနေ့ က ပြုလုပ်ခဲ့သော အဖွဲ့ ချုပ်၏ စတုဒီသာ အလှူ


Friday, April 13, 2012

NLD ပါတီရဲ့  စတုဒီသာပွဲ

NLD ပါတီကေ၇ွှဂုံတိုင်မှာရှိတဲ့ ရုံးချုပ်မှာ စတုဒီသာကျွေးပွဲကို မနက် ၉ နာရီက စပြီး ကျင်းပနေပါတယ်။
စတုဒီသာပွဲ ကို သင်္ကြန်အကျနေ့ (ယနေ့ )တစ်ရက်တည်းသာပြုလုပ်မှာဖြစ်ပြီး ညနေ ၅နာရီအထိ ကျင်းပမယ်လို့သိရပါတယ်။

Tuesday, April 10, 2012

တောင်ဥက္ကလာပမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံး ဖွင့်ပွဲ

တောင်ဥက္ကလာပမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးဖွင့်ပွဲတွင် အဖွဲ့ချုပ် သဘာပတိအဖွဲ့ နာယကသူရဦးတင်ဦး အမှာစကားပြောကြားပြီး ဦးနိုင်းနိုင်းမှ အမှာစကားပြောနေစဉ် ရက်ကွက်
မှပြည်သူအများအပြား စိတ်ဝင်တစား လာရောက် နားထောင်လျှက်ရှိသည်ကို တွေ့ မြင်ရသည်။

Monday, April 9, 2012

ဒီပဲယင်း ဖြစ်ရပ်တုန်းကအတူရှိနေခဲ့တဲ့ဦးတင်ဦးရဲ့ပြောဆိုချက်(အသံဖိုင်)

ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က ၂၀ဝ၃ ခုနှစ် မေလ ၃၀ ရက် ဒီပဲယင်း ဖြစ်ရပ်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကို အသက်အန္တရာယ် ကနေ ထောက်လှမ်းရေးတွေ ကကယ်ခဲ့တယ်လို့ ဘန်ကောက်ပို့ စ်သတင်းစာနဲ့  မေးမြန်းခန်းမှာ ပြောကြားသွားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်ကိုကယ်တင်ခဲ့တယ်လို့ပြောတဲ့ ဦးခင်ညွန့်ရဲ့ပြောဆိုချက်အပေါ် ဒီပဲယင်း ဖြစ်ရပ်တုန်းကအတူရှိနေခဲ့တဲ့ဦးတင်ဦးရဲ့ပြောဆိုချက်(အသံဖိုင်)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုံမြို့နယ်ဥက္ကဌ ဦးဘမြင့် အလှူ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုံမြို့နယ်ဥက္ကဌ ဦးဘမြင့်နဲ့ အမှတ် (၇) အခြေခံပညာ မူလတန်းကျောင်းက ဆရာ ဆရာမတွေ ဦးစီးပြီး မိုးကောင်းသစ်ဆိပ်ဝင်း စတုဒီသာ အကျွေးအမွေး အလှူတခုကို ဧပြီလ ၈ ရက်နေ့က အလုံမြို့နယ်မှာရှိတဲ့ အမှတ် (၇) အခြေခံပညာမူလတန်းကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။ လူကြီးလူငယ် လူမျိုးဘာသာ မရွေး မနက် ၈ နာရီကနေ ၁၂ နာရီအထိ ကျွေးမွေးခဲ့တဲ့ အဲဒီ အလှူကို အလုံမြို့နယ်က ပြည်သူလူထုအယောက် တစ်ထောင်ခန့်လာရောက် သုံးဆောင်ခဲ့ကြပါတယ်။

ကမာရွတ်မြို့နယ် NLD ရုံးခန်းဖွင့်ပွဲ


ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် NLD ရုံးဖွင့်ပွဲ ကို ဧပြီလ ၈ရက်နေ့ နံနက် ၉း၃၀ အချိန်တွင် စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးလှဖေ၊ ဦးသန်းထွန်း၊ ဦးညွန့်ဝေနှင့် ဦးစောနိုင်းနိုင်း တို့ တက်ရောက်ခဲ့ကြပါတယ်။ လူအင်အား ၂၀၀၀ ခန့်တက်ရောက်ခဲ့ကြသည်ဟု သိရပါသည်။

NLDအောင်နိုင်ရေး အဖွဲ့ဝင်များကို ဝါးသင်္ခရွာက ဂုဏ်ပြု


ကော့မှူးမြို့နယ်အ နောက် ခြမ်းကျေးရွာများမှ NLD အောင်နိုင်ရေး အဖွဲ့ဝင်များ အား ချီးကျူးဂုဏ်ပြုပွဲ တစ်ရပ် ကို ဝါးသင်္ခကျေးရွာတွင် ဧပြီလ ၈ ရက်နေ့က ကျင်းပခဲ့သည်။ ဂုဏ်ပြုပွဲကို ဝါးသင်္ခကျေးရွာ မှ ဦးဆောင်ကျင်းပပေးခြင်းဖြစ်ပြီး ကုန်ကျငွေများကို အောက်ချောင်း ကျေးရွာမှ မန်းတင်ဝင်းနှင့် ဝါးသင်္ခ ရွာသားများက စိုက်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။ ယခုပွဲသည် ဒေါ်အောင် ဆန်းစုကြည်၊ အောင်နိုင်ရေး အဖွဲ့ ဝင်များနှင့် မဲဆန္ဒရှင်အားလုံးကို ရည် ရွယ်ကြောင်း သိရသည်။ ဂုဏ်ပြုပွဲသို့ တက်ရောက်လာ ကြသော အောင်နိုင်ရေး အဖွဲ့ဝင် များနှင့် ပါတီဝင်များကို ထမင်း၊ ဝက်သားဟင်းတို့ဖြင့် ဧည့်ခံကျွေး မွေးခဲ့ပြီး ကော့မှူးမြို့နယ်မှ NLD အောင်နိုင်ရေးအဖွဲ့ဝင်များလည်း တက် ရောက်ခဲ့ကြသည်။

Wednesday, January 11, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟန်းမြို့နယ် ရုံးခန်းသစ် ဆိုင်းဘုတ်တင်ဖွင့်ပွဲ




















၁၁-၁-၂၀၁၂
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်မြို့၊ဗဟန်းမြို့နယ်၊ ရုံးခန်းသစ် ဆိုင်းဘုတ်တင်ဖွင့်ပွဲကို
ကျင်းပပြုလုပ်ခဲ့ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ တက်ရောက်
ဖွင့်လှစ်ပေးခဲ့ပြီး အဖွဲ့ ချုပ်ခေါင်းဆောင်များနှင့် အဖွဲ့ ချုပ်အဖွဲ့ ဝင်များ ပါတီကိုထောက်ခံ
အားပေးသူများ လမ်းတလျှောက်ပြည့်လှံနေသည်။ ဆိုင်းဘုတ်တင်ပွဲကို လူဦးရေ ၃၀၀နီပါး
လာရောက်ကြသည်ဟု သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ ကြားဖြတ်ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းတွင်း လစ်လပ်နေရာထဲက ကော့မှူးမြို့နယ်ကနေ ဝင်ပြိုင်မှာ ဖြစ်ပါတယ်။
ပြည်သူ့အသံနဲ့ဆန္ဒကို ကိုယ်စားပြုတဲ့ရွေးကောက်ပွဲဖြစ်လာဖို့နဲ့ ပြည်သုလူထု လိုချင်တဲ့အစိုးရတရပ် ပေါ်ပေါက်လာဖို့အတွက် အားလုံးပူးပေါင်းပါဝင်ကြဖို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ ရန်ကုန်က ဗဟန်းမြို့နယ်ထဲ NLD ရုံးခန်းဖွင့်ပွဲအတွင်း ဒေါ်အောင်
ဆန်းစုကြည်က လူထုကို ပြောခဲ့တဲ့မိန့်ခွန်းထဲ အခုလိုပြောခဲ့တာလည်း ဖြစ်ပါတယ်။