Showing posts with label ဒေါ်စုရရှိသည့်ဆုများသတင်း. Show all posts
Showing posts with label ဒေါ်စုရရှိသည့်ဆုများသတင်း. Show all posts
Thursday, October 27, 2011
Friday, April 29, 2011
ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် အမျိုးသမီးအဖွဲ့ ဂုဏ်ပြု
2011-04-28 RFA
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ကမ္ဘာတဝှမ်းက ထူးချွန်ပြောင်မြောက်တဲ့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ အမျိုးသမီး ၄ ဦးအတွက် အယ်လီနာ ရုစဗဲ့ဆု ချီးမြှင့်ပွဲ အခမ်းအနားကို အမေရိကန် ပြည်ထောင်စု ဟောလီးဝုဒ်က Beverly Hills ဟိုတယ်မှာ ဧပြီ ၂၆ ရက် အင်္ဂါနေ့ညက ကျင်းပခဲ့ပါတယ်။
ဒီအခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုကတဆင့် မိတ်ဆက်စကား ပေးပို့ခဲ့တယ်လို့ ဆုချီးမြှင့်တဲ့ အမျိုးသမီး အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတခုဖြစ်တဲ့ Feminist Majority Foundation က Miss Susie Gilligan က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗီဒီယို မိတ်ဆက်စကားကြောင့် ဆုပေးပွဲအခန်းထဲမှာ ရှိနေသူအားလုံးဟာ အထူးပဲ စိတ်အား တက်ကြွခဲ့ကြရပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်က အယ်လီနာ ရုစဗဲ့ရဲ့ ဆောင်ရွက်ချက်တွေ အကြောင်း၊ ကျမတို့အားလုံးဆောင်ရွက်နေကြတဲ့ အမျိုးသမီးအခွင့်အရေးအတွက် ဆောင်ရွက်ချက်တွေဟာ အင်မတန် အရေးကြီးကြောင်း၊ တကမ္ဘာလုံး လိုက်ပါဆောင်ရွက်လာတဲ့အထိ ကြိုးပမ်းသွားဖို့ လိုအပ်ကြောင်း တိုက်တွန်းအားပေး ပြောဆိုခဲ့တယ်လို့ Miss Galligan ပြောသွားတာပါ။
အမျိုးသမီးတွေရဲ့ တန်းတူညီမျှရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာမှာ ထင်ရှားတဲ့ ၃၂ ယောက်မြောက် အမေရိကန်သမတ ဖရန်ကလင် ဒီ ရုစဗဲ့ကတော် အယ်လီနာ ရုစဗဲ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကမ္ဘာ့အမျိုးသမီး အခွင့်အရေးဆိုင်ရာ အယ်လီနာရုစဗဲ့ဆုကို နှစ်စဉ်ချီးမြှင့်လာခဲ့တာ အခု ၇ ကြိမ်မြောက် ပေးအပ်တာ ဖြစ်ပါတယ်။
Thursday, April 14, 2011
ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့အမျိုးသမီးအဖွဲ့ ဂုဏ်ပြု
2011-04-13 RFA
ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော် ကနေဒီခန်းမ မှာ ဧပြီ ၁၂ ရက် မနေ့က ကျင်းပခဲ့ တာပါ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မတက်ရောက်နိုင်ပေမဲ့ အဲဒီဆုကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပေးအပ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ကဏ္ဍပေါင်းစုံမှာ ထူးထူးချွန်ချွန် ဆောင်ရွက်နေတဲ့ နိုင်ငံတကာက အမျိုးသမီးငါးဦးကိုလည်း ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်သူတွေအဖြစ် ဆုပေးအပ်ခဲ့ပါတယ်။ နယ်ပယ်အသီးသီမှာ ဦးဆောင် လှုပ်ရှားခဲ့ကြသူ ကမ္ဘာတဝန်းက အမျိုးသမီးတွေကို အားပေး ဂုဏ်ပြုနေတဲ့ Vital Voices ခေါ် အမျိုးသမီးအဖွဲ့က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာလုံးဆိုင်ရာ ဦးဆောင် ဦးရွက်ပြုသူဆု ချီးမြှင့်လိုက်ပြီး၊ ဆယ်စုနှစ်ရဲ့အသံ (Voice of Decade) အဖြစ် သတ်မှတ် ဂုဏ်ပြုလိုက်ပါတယ်။
ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော် ကနေဒီခန်းမ မှာ ဧပြီ ၁၂ ရက် မနေ့က ကျင်းပခဲ့ တာပါ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မတက်ရောက်နိုင်ပေမဲ့ အဲဒီဆုကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပေးအပ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ကဏ္ဍပေါင်းစုံမှာ ထူးထူးချွန်ချွန် ဆောင်ရွက်နေတဲ့ နိုင်ငံတကာက အမျိုးသမီးငါးဦးကိုလည်း ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်သူတွေအဖြစ် ဆုပေးအပ်ခဲ့ပါတယ်။
Wednesday, April 13, 2011
ဒေါ်အောင်ဆန်းစုကြည် ဆယ်စုနှစ်ရဲ့ အသံအဖြစ် ဂုဏ်ပြုခံရ
၂၀၁၁-၄-၁၂ VOA
အခုအသံလွှင့်နေတဲ့အချိန်မှာပဲ ၀ါရှင်တန်မြို့တော်ရဲ့ အထင်ကရ ကနေဒီစင်တာ ခေါ် သမ္မတဟောင်း ဂျွန်အက်ဖ်ကနေဒီ (John F. Kennedy) ကို ဂုဏ်ပြုတဲ့ အထိမ်းအမှတ် အဆောက်အဦးကြီးမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ကမ္ဘာတ၀ှမ်းက အမျိုးသမီးခေါင်းဆောင် တချို့ကို ဂုဏ်ပြုတဲ့အခမ်းအနား ကျင်းပနေပါတယ်။ ၀ါရှင်တန်အခြေစိုက် Vital Voices Global Partnerships လို့ခေါ်တဲ့ အဖွဲ့ကြီးက ဒီဆုကို ရွေးချယ် ချီးမြှင့်တာဖြစ်ပြီး အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန် ကိုယ်တိုင် ဆုချီးမြှင့် ဂုဏ်ပြုစကားပြောကြားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲက အမျိုးသမီးထုအပေါ် အကြမ်းဖက် ဖိနှိပ်မှုတွေကို ကမ္ဘာက အထူး စောင့်ကြည့်နေတယ် ဆိုတာ ပြသဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဆုရွေးချယ်ချီးမြှင့်ခဲ့တာ ဖြစ်တဲအ့ကြောင်း Vital Voices ခေါ် အမျိုးသမီးထု အတွက် မရှိမဖြစ် အသံများလို့ အဓိပ္ပါယ်ရတဲ့ အဖွဲ့ကြီးရဲ့ အကြီးအကဲတွေက ပြောပါတယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။
ဒီမိုကရေစီစနစ် ခိုင်မာဖို့နဲ့ လူ့အခွင့်အရေးကို တန်ဖိုးထား ကာကွယ်စောင့်ရှောက်ဖို့ ကြိုးပမ်းကြတဲ့ ကမ္ဘာတ၀ှမ်းက အမျိုးသမီး ခေါင်းဆောင်တွေကို ၀ါရှင်တန်အခြေစိုက် The Vital Voices Global Partnerships အဖွဲ့က နှစ်စဉ် ဂုဏ်ပြုချီးမြှင့်လေ့ ရှိပါတယ်။ ဒီနှစ်မှာတော့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆယ်စုနှစ်ရဲ့ အသံ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆုချီးမြှင့် ဂုဏ်ပြုတာဖြစ်ပါတယ်။ ဒီအဖွဲ့ကို အရင် သမ္မတကတော် ဖြစ်ခဲ့တဲ့ လက်ရှိနိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန်၊ နိုင်ငံခြားရေး ၀န်ကြီးဟောင်း မက်ဒလင်းအောဘရိုက် တို့နဲ့ စတင် တည်ထောင်ခဲ့တာပါ။
Saturday, April 9, 2011
ရှေ့ဆောင်လမ်းပြသူ အမျိုးသမီးဆု ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်
2011-04-08
အမေရိကန် ပြည်ထောင်စု အခြေစိုက် Vita Voices Global Partnership အဖွဲ့က သူတို့ရဲ့ ၁၀ ကြိမ်မြောက် Global Leadership Award ဆုရှင် ၆ ဦးထဲက တဦးအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၁ ခုနှစ် အတွက် ရွေးချယ် ချီးမြှင့်ကြောင်း ကြေညာလိုက်ပါတယ်။
ဆုရှင် ၆ ဦးထဲမှာ ၁၀ ကြိမ်မြောက် အထူးဆုအဖြစ် Trail-Blazerလို့ခေါ်တဲ့ ရှေ့ဆောင်လမ်းပြသူ အမျိုးသမီးဆုကိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်မယ်လို့ သိရပါတယ်။ ဒီဆုအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်ခဲ့ရတာနဲ့ ပတ်သက်ပြီး အဖွဲ့ရဲ့ပြောခွင့်ရသူ Ms. Flavia Draganus က အခုလို ပြောပြပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ရရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းတဲ့ နည်းလမ်းတွေနဲ့ ဖော်ဆောင်ဖို့ ကြိုစားနေတာကြောင့်မို့ စွန့်ဦးတည်ထွင်သူအမျိုးသမီးဆု ချီမြှင့်ဖို့ ရွေးချယ်ခဲ့ရတာပါလို့ သူက ပြောပြသွားပါတယ်။
ဒီဆုဟာ အမျိုးသမီးတွေကိုပဲ နှစ်စဉ်ရွေးချယ် ချီးမြှင့်နေတဲ့ဆုဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ Global Leadership Award ဆုကို ရတဲ့ အမျိုးသမီး ၅ ဦးကတော့ အိန္ဒိယနိုင်ငံက လူကုန်ကူးမှုတိုက်ဖျက်ရေး ခေါင်းဆောင် အမျိုးသမီး မစ္စ ဆုနီသာ ခရစ္စနမ် ၊ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး ဆောင်ရွက်နေတဲ့ အမျိုးသမီး ၂ ဦး၊ ကင်မရွန်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင် ခါ ဝေါ်လာ ၊ အာဖဂန်နစ္စတန် နိုင်ငံက စီးပွားရေး လွတ်လပ်ခွင့်အတွက် လှုပ်ရှားနေသူ ဖာတမာ အက်ခ် ဘာရီတို့ ဖြစ်ကြောင်း သိရပါတယ်။
ဆုပေးပွဲကို ဧပြီလ ၁၂ ရက်နေ့ အမေရိကန် ပြည်ထောင်စုမြို့တော် ဝါရှင်တန်ဒီစီမြို့မှာ ရှိတဲ့ ဂျွန်အက်ဖ် ကနေဒီ စင်တာမှာ ကျင်းပမှာ ဖြစ်ပြီး၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ကိုယ်တိုင် တက်ရောက် ဆုချီးမြှင့်မယ်လို့ သိရပါတယ်၊ ဒါ့အပြင် လူမှုရေးလုပ်ငန်းတွေ လုပ်နေတဲ့ နာမည်ကျော် ဟောလီးဝုဒ် ရုပ်ရှင်မင်းသမီးတွေနဲ့ CNN လို ရုပ်သံဌာနက နာမည်ကျော် ပုဂ္ဂိုလ်တွေလည်း တက်ရောက်မယ်လို့ သိရပါတယ်။
Tuesday, February 22, 2011
ဒေါ်စုကို ကနေဒါတက္ကသိုလ် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်
2011-2-21
ကနေဒါနိုင်ငံ အော်တ၀ါမြို့မှာရှိတဲ့ ကာလီတန် (Carleton) တက္ကသိုလ်က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်ဖို့ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ယုံကြည်ချက် တခုအတွက် ကိုယ်ကျိုးစွန့် တိုက်ပွဲဝင်နေတဲ့သူ၊ တကယ့်ကို ထူးခြားတဲ့ ပုဂ္ဂိုလ်တဦး ဖြစ်တဲ့အတွက် အခုလို ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်ဂုဏ်ပြုတာ ဖြစ်တယ်လို့ ကာလီတန် တက္ကသိုလ်ရဲ့ အဓိပတိ Dr. Roseann O’Reilly Runte က ပြောကြောင်းသိရှိခဲ့ရပါတယ်။
Wednesday, February 9, 2011
လွတ်မြောက်ရေးဆု ဒေါ်အောင်ဆန်း စုကြည် ချီးမြှင့်ခံရ

အရင် ယူဂိုဆလပ် ပြည်ထောင်စု အဖွဲ့ ဝင် ဖြစ်တဲ့ ဘော့စနီးယား ဟာဇီဂိုဗီးနား နိုင်ငံဟာ လွတ်လပ်ရေး ကြိုးပမ်းမှု စစ်ပွဲတွေ ၊ လူမျိုးရေး တင်းမာမှုတွေနဲ့ အများကြီး ကြုံခဲ့ရတဲ့ နိုင်ငံ ဖြစ်ပါတယ်။
ဒီနိုင်ငံမှာ အခြေစိုက် ဖွဲ့ ထားတဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေး ဌာနက နှစ်စဉ်ပဲ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးမှာ စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့သူတွေကို အသိအမှတ်ပြုဂုဏ်ပြုခဲ့ပါတယ်။
ဒီနှစ်တော့ မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆုချီးမြှင့်ဖို့ ရွေးချယ် ခဲ့ပါတယ်လို့ နိုင်ငံတကာ ငြိမ်းချမ်းရေး ဌာန ကပြောပါတယ်။
မနေ့ က အခမ်းအနားမှာ ဆုချီးမြှင့် ခဲ့တဲ့ ဂုဏ်ပြုလွှာကို ဆာရာဂျေဗို ငြိမ်းချမ်းရေး ဌာနက ဒေါ်အောင်ဆန်းစုကြည် ဆီကို ရောက်အောင် ပေးပို့ သွားမယ်လို့ သိရပါတယ်။