Showing posts with label IOL. Show all posts
Showing posts with label IOL. Show all posts

Tuesday, June 14, 2011

IOL သို့ ပေးပို့ သော ဒေါ်အောင်ဆန်းစုကြည်၏ message တွင် လူသားအချင်းချင်းပေါင်းသင်း ဆက်ဆံ ရာတွင် တရားမျှတသည့်ပြုမှု ဆောင်ရွက်ရမည်ဟု ပြောဆိုလိုက်သည်။

၂၀၁၁-၆-၁၄  KYODO NEWS
မြန်မာနိုင်ငံသားတွေဟာ တရားမျှတမှုနဲ့  ဖွံ့ ဖြိုးတိုးတက်မှုကို လိုလားတောင့်တ နေကြကြောင်း၊ ကမ္ဘာ့ အသိုင်း အ၀ိုင်း အနေနဲ့ မြန်မာနိုင်ငံအရေးကိုလစ်လျူမရှုထားဘဲ အောင်မြင်တဲ့ နိုင်ငံ တနိုင်ငံ ဖြစ်လာအောင် ကူညီသင့်ကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က 
ပြောကြားလိုက်ပါတယ်။
ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗါမြို့ မှာ ကျင်းပ ပြုလုပ်နေတဲ့ ကုလသမဂ္ဂ အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ ချုပ်သို့  ဒေါ်အောင်ဆန်းစုကြည်၏ message ဗီဒီယိုတွင် ပြောဆိုလိုက်ပြီး ကျမတို့ နိုင်ငံတွင် လူသား အချင်းချင်းပေါင်းသင်း ဆက်ဆံရာတွင် တရားမျှတသည့် ပြုမှုဆောင်ရွက်မှုမျိုးပေါ်ပေါက်လာရန် IOLမှ
မြန်မာနိုင်ငံတွင်း ၀င်ရောက်ဆောင်ရွက်ပေးရန် မျှော်လင့်နေပါသည်ဟု ပြောဆိုလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်က တချိန်က မြန်မာနိုင်ငံသည် အရှေ့ တောင်အာရှတွင် အောင်မြင်တိုးတက်သော
နိုင်ငံတနိုင်ငံဖြစ်ခဲ့ပြီး ယခုအခါတွင် ဒေသတွင်း နောက်ဆုံးတွင်ရောက်ရှိနေသည်။ နိုင်ငံရေး စီးပွားရေး လူမှုရေးစသည်တို့ ကို တပြိုင်နက် အောင်မြင်အောင် ကြိုးစားဆောင်ရွက်ဘို့ လိုအပ်သည်ဟု ပြောဆိုပြီး 
မြန်မာနိုင်ငံအတွက် ဆုံးရှုံးမှုကိုမလိုလားကြောင်း နိုင်ငံတကာအနေဖြင့် မြန်မာနိုင်ငံကို လစ်လျူရှုမထားသင့်
ကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့သည်။