Showing posts with label ဒေါ်အောင်ဆန်းစုကြည်သတင်း. Show all posts
Showing posts with label ဒေါ်အောင်ဆန်းစုကြည်သတင်း. Show all posts

Wednesday, June 26, 2013

အမျိုးစောင့်ဥပဒေ ညီလာခံကျင်းပမည်


ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက် (၂၇-၆-၂၀၁၃) ရက်နေ့မှာ ကျင်းပ သွားမည်ဖြစ်ပြီး

စာသင်တိုက်ဆရာတော်များ ဓမ္မကထိက ဆရာတော်များ ရိပ်သာဆရာတော်များ၊ ဘကပညာရေး၊ သာရေးနာရေးဆရာတော်များ အပါအဝင် အမျိုးဘာသာ သာသနာကို ထိန်သိမ်းစောင့်ရှောက်လိုသော ရဟန်းရှင်လူ မည်သူမဆို တက်ရောက်နိုင်ကြောင်းနှင့် သံဃာတော်အပါး ၁၀၀ကျော် တက်ရောက်
မည်ဟု သိရသည်။

ပြည်တွင်း ပြည်ပ မည်သည့် မီဒီယာမဆို သတင်းလာယူနိုင်ကြောင်း သိရသည်။

မလေးရှားရောက် မြန်မာနိုင်ငံသားများအားလုံး ဝမ်းသာစရာ သတင်းကောင်း

 မြန်မာပြည်မှသီတဂူဆရာတော်ကြီးသည် မလေးရှားနိုင်ငံရောက်မြန်မာအလုပ်သမားများမိမိတို့ ဌာနေသို့အေးချမ်းစွာ ပြန်နိုင်ရန်ရည် ရွယ်၍အလှူငွေလှူဒန်းရန်င်္ဒီနေ့(၂ ၄.၆.၂၀၁၃)ညနေပိုင်းမှာ
ကြွရောက် တော်မူလာပါတယ်....လေဆိပ်မှဆင်းလျင်ဆင်းချင်း မလေးရှား လဝက ရုံးသို့တိုက်ရိုက်ကြွရောက်တော်မူလာပါတယ် ဒီနေ့လဝကရုံးမှာလက်ဗွေနှိပ်ရန် ရောက်ရှိနေသူများ     အား ဒုက္ခရောက်နေသည်ဟုကြား၍ရောက်လာခဲ့ရကြောင်း မိမိမှာ အလှူငွေ ကန်ဒေါ်လာ (၁၀၀၀၀၀) ပါလာကြောင်း တတ်နိုင်သလောက်ကူညီပေးသွားမည်ဖြစ်ကြောင်း လက်ရှိ လဝကရုံးတွင်ပေး
ဆောင်နေရသောဒဏ်ကြေး (၄၀၀)အား သီတဂူအထောက်အကူပြုအဖွဲ့မှ ဆရာတော်ဦးဆောင်၍ လှူဒန်းပေးသွားမည်ဖြစ်ကြောင်း ထို့ကြောင့်ယနေ့မှစတင်၍ အမိမြန်မာပြည်သိ ပြန်လိုသူများအနေဖြင့်   ငွေကုန်ကြေးကျမရှိဘဲ မိမိတို့အိမ်သို့ပြန်နိုင်တော့မည်ဖြစ်ကြောင်းသတင်းကောင်းပါးအပ်
ါသည်...........

၁။မလေးရှားနိုင်ငံ မြန်မာသံရုံးမှ ယာယီနိုင်ငံသူလက်မှတ်(CI)အခမဲ့ထုတ်ပေးခြင်း။ ၂။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်တည်ထောင်ထားသော ဧရာဝတီဖောင်ဒေးရှင်းမှ   လေယဉ်လက်မှတ်နှင လဝက ရုံးသို့သွားလာရန်၎င်း လေဆိပ်သို့ပို့ဆောင်ရန်၎င်း ဘစ်ကားများစီစဉ် ပေးခြင်း။ ၃။ မြန်မာပြည် သီတဂူအထောက်အကူပြုအဖွဲ့မှ သီတဂူဆရာတော်ကြီးဦးဆောင်၍ လဝက ရုံးမှဒဏ်ကြေး (၄၀၀) အားပေးဆောင်ပေးခြင်း။

အစရှိသောအကူအညီများအားလုံးကို ကျွန်တော်များ ဧရာဝတိစေတနာ့ဝန်ထမ်းအဖွဲ့ (မလေးရှား) နှင့်အတူမည်သည့် ငွေကြေးကောက်ခံခြင်းတစ်စုံတစ်ရာမရှိဘဲ ဆောင်ရွက် နေပါသဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း........ဤသတင်းအားလဲ SHARE မျှဝေပေးခြင်းအားဖြင့် မြန်မာနိုင်ငံသားများအားလုံးသိစေရန် ကုသိုလ်ယူနိုင်ကြပါသည်။

ပြည်သူ့လွှတ်တော်တွင် သတင်းမီဒီယာများနှင့်တွေ့ဆုံရာ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ဖြေကြားချက်များ

၂၅ .၆ .၂၀၁၃ ရက် ပြည်သူ့လွှတ်တော်တွင်သတင်းမီဒီယာများနှင့်တွေ့ဆုံရာ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ဖြေကြားချက်ကိုပြန်လည်တင်ပြပေးလိုက်ပါသည်။

အခုဟာ အခုဖြစ်နေတဲ့ပဋိပက္ခတာတွေကိုတစ်ချို့ဟာကျတော့အရေးပေါ်အနေနဲ့ထိန်းချုပ်ကြတာပေါ့ ကျွန်မကတော့ဒီဟာ ဟာ အုပ်ချုပ်ရေးဘက်ကတက်နိုင်သမျှ ပထမလုပ်သင့်တယ်လို့ထင်တယ် အရေးပေါ်အခြေအနေကိုလည်း ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးခေါ်ပြီးတော့အဲဒီဟာကို နောက်ထပ်သက်တမ်းတိုးလိုက်တယအဲဒီတုန်းကကျွန်မပြောခဲ့တဲ့ကိစ္စက ဒီလိုသက်တမ်းတိုးတယ်ဆိုတာဟာ အရင်ရက်ခြောက်ဆယ်အတွင်းမှာပုံမှန်အခြေအနေဖြစ်သွား

အောင်လို့ ဘာလုပ်ထားလဲဆို တင်ပြမှုမရှိဘူး နောက်ကျမပြောရမယ်ဆိုလို့ရှိရင်ဒီလိုဟာမျိုး ဥပဒေသစ်လိုတာမလိုတာဆိုတာ ဆုံးဖြတ်ဖို့ဆိုတာပွင့်လင်းမြင် သာဖို့အများကြီးလိုတယ် အုပ်ချုပ်ရေးဘက်ကဘာတွေလုပ်လဲ ဘာတွေဘယ်လိုဆောင်ရွက်ခဲ့လဲ အဲဒီဆောင်ရွက်တာတွေက ဘယ်လောက်အထိ ထိရောက်လဲမထိရော က်ဘူးလားမထိရောက်လို့ဒီအခြေအနေအထိအရေးပေါ်အခြေအနေကိုဆက်ပြီး တော့ထားတာလား ဒီလိုမေးခွန်းတွေကဘာမှကျွန်မတို့အဖြေမသိရဘူး ဒီလိုဥပဒေသစ်တစ်ခုထပ်ပြီးတော့ထုန်ပြန်မယ်မထုတ် ပြန်ဘူးဆိုတာ ဟာ လိုအပ်သည် မလိုအပ်သည်ကိုသုံးသပ်ဖို့ထက် အခြေအနေကိုပွင့်ပွင့်လင်းလင်းသိဖို့ လိုတယ်
တည်ဆဲဥပဒေအရဘာလုပ်လဲဆိုတာ အဲဒါကိုကျွန်မအရင်မေးမယ် တည်ဆဲဥပဒေက လုံလောက် သလားမလုံလောက်ဘူးလားဆို တာဟာ အဲဒီတည်ဆဲဥပဒေ တွေအရဘယ်လောက်အထိဘာတွေလုပ် ခဲ့သလဲ အဲဒါဟာလုံလောက်သလားမလုံလောက်ဘူးလား ဆိုတာကျွန်မတို့ဘယ်လိုလုပ်သုံးသပ်မလဲ ဒါကြောင့်ကျွန်မအဲဒီတုန်းကလည်းတင်ပြတာ ဘာတွေလုပ်ခဲ့လဲအုပ်ချုပ်ရေးပိုင်းက ဘာတွေလုပ်လဲ ပုံမှန်အခြေအနေဖြစ်အောင်လို့ ဘယ်လိုခြေလှမ်းတွေလှမ်းခဲ့သလဲဆိုတာကျွန်မတို့သိဖို့လိုတယ် ဒါမှ ပဲနောက်ထပ်ကျွန်မတို့ဘာဆက်လုပ်မလဲ ဆိုတာကျွန်မတို့ဆုံးဖြတ်လို့ရမှာ အမျိုးသားဒီမိုကရေစီ           အဖွဲ့ချုပ်ကတော့ပီအာကိုသဘောမတူပါဘူး ဒီကိစ္စနဲ့ပတ်သက်လို့လည်း အသေးစိပ်ရှင်းပြ  ထားတာ တွေလည်းရှိပါတယ်။

ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဒုတိယနေ့


 ၂၆.၆.၂၀၁၃
 အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများဖြစ်တဲ့ ဒေါက်တာခင်မောင်ရွှေ ကျောက်တံကား
မဲဆန္ဒနယ်မှ မြို့ချောင်းကျေးရွာတွင် ကျေးလက်ကျမ်းမာရေးဌာန ချထားပေးရန်ရှိ/မရှိမေးခွန်း၊ 
ဦးစိုးစိုး ထီးချိုင့်မဲဆန္ဒနယ် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့အတွက် ဗဟိုဆေး 
သိုလှောင်ရုံဌာန ခွဲများဖွင့်လှစ်ပေးရန်ရှိ/မရှိမေးခွန်း၊ ဦးအင်ဖုန်ဆန်း မချမ်းဘောမဲဆန္ဒနယ်
 ပြည်သူ့ဆေးရုံ၊ တိုက်နယ်ဆေးရုံများတွင် လစ်လပ်နေသော ဆရာဝန်များခန့်ထားရန်ရှိ/ မရှိမေးခွန်း၊ဦးကိုကြီး အောင်မြေသာစံ မဲဆန္ဒနယ်က Normal Trade မှတရားဝင်တင်သွင်း
ခွင့်ပြုထားသော Cloud Point စားအုန်းဆီသည် စားသုံးသူပြည်သူများအတွက် ကျန်းမာရေး
ဆိုးကျိုးများဖြစ်စေသည်ကို သိလိုသည့်မေးခွန်း၊ ဦးဝင်းမြင့် ပုသိမ်မဲဆန္ဒနယ်မှ လစ်လပ်လျက်
ရှိသော မဲဆန္ဒနယ်မြေများအတွက် လွတ်လပ်၍ တရားမျှတသာကြားဖြတ်ရွေးကောက်ပွဲကိုကျင်းပပြုလုပ်ပေးရန် ရှိ/မရှိမေးခွန်း ၊ ဦးဖေသန်း မြေပုံမဲဆန္ဒနယ်မှ ကြားဖြတ်ရွေးကောက်ပွဲ
ပြုလုပ်နိုင်ရေးအတွက် အချိန်ကာလ အကန့်အသတ်တခု သတ်မှတ်ပြဌာန်းပေးနိုင်ရန်ရှိ/မရှိမေးခွန်းအပါအ၀င် မေးခွန်း ၁၀ ခုနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ မျက်စိလှူဒါန်းခြင်းဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်း ကိုတင်သွင်းခြင်း၊ ဦးတင်မောင်ဦး ရွှေပြည်သာမဲဆန္ဒနယ်မှ အသင်းအဖွဲ့များဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်း ဆွေးနွေးရန် အဆိုတင်သွင်းခြင်းများပြုလုပ်ဆွေးနွေးသွားမည်ဖြစ်သည်။

မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ အကျိုးစီးပွားတခုတည်းကိုမကြည့်ဘဲ နိုင်ငံသားများ သတ်ဖြတ်ခံရမှုနှင့်ပါတ်သက်၍ မလေးအစိုးရအား ဖိအားပေးသင့်

မလေးရှားနိုင်ငံမှာ အလုပ်လာလုပ်နေကြတဲ့ မြန်မာနိုင်ငံသားများကို ရက်ရက်ဆက်ဆက်သတ်ဖြတ်ခဲ့ပုံများကို အင်တာနက်စာမျက်နှာပေါ်မှာ တွေ့ မြင်ကြရမှာပါ။ထိုအပြင် ဇွန်လ ၄ ရက်နေ့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ ဆာလာရမ်းအရပ်တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာ နိုင်ငံသားများကို အမည်မသိ လူအုပ်စုက မေလ ၃၀ ရက်နှင့် ၃၁ ရက်နေ့တို့တွင် တိုက်ခိုက်ခဲ့၍ မြန်မာနိုင်ငံ ၂ ဦးသေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာ ရခဲ့သည့်အတွက် မလေးရှားရှိ မြန်မာနိုင်ငံသားများစိုးရိမ်ပူပန်နေကြသည်။ ဇွန်လ ၅ ရက်နေ့ “အခု အော်ပရာစီ (ရှောင်တခင် ပိတ်ဆို့ဖမ်းဆီးမှု) တွေကို မလေး ရဲတွေ၊ လ၀ကတွေ၊ ရာလာ (ပြည်သူ့စစ်) တွေပါတဲ့ အဖွဲ့တွေက အထူးစီမံချက်နဲ့ မြန်မာမှန်သမျှ အထောက်အထား ရှိရှိ၊ မရှိရှိ အကုန် ဖမ်းတယ်။ အဲဒီနေရာက အမည်းရောင်လို့ ပြောနေကြတဲ့ ဆာလာရမ်းဘက်မှာအဓိက လုပ်တာပါ” မြန်မာနိုင်ငံသား ၃ ဦးထက် မနည်း သေဆုံး၍ ၁၀ ဦးကျော် ဒဏ်ရာ ရရှိခဲ့သည်။ ထိုကဲ့သို့  မြန်မာနိုင်ငံသားများ သတ်ဖြတ်ခံရမှုနှင့်ပါတ်သက်၍ မလေးရှားအစိုးရအနေဖြင့် ထိရောက်စွာအရေးယူခြင်း ပွင့်လင်းမြင်သာစွာ ဖြေရှင်းပေးခြင်းမရှိ၊တာဝန်ယူမှုမရှိသည့် နိုင်ငံတွင် မြန်မာနိုင်ငံသားများ၏ အသက်အန္တရာယ်မှာ စိုးရိမ်ရသည်။မလေးရှားပို့ ကုန်လုပ်ငန်းရှင်များ အသင်း ဥက္ကဌ က တာဝန်မဲ့စွာပြဿနာမရှိဘူးလို့  မိမိ၏စီပွားလုပ်ငန်းများအတွက်သာကြည့်ပြီး ပြောဆိုခဲ့သည်။ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့်လည်း မိမိ၏ စီးပွားရေးတခုတည်းကိုသာမကြည့်ဘဲ နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကိုင်နေကြသော နိုင်ငံသူနိုင်ငံသားတို့  ဘ၀လုံးခြုံရေးကိုပါ ထည့်သွင်းစဉ်စား၍ စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသောစီပွားရေးလုပ်ငန်းများကို ယာယီရပ်ဆိုင်းကာ မလေးရှားပို့ ကုန်လုပ်ငန်းရှင်များအသင်းနှင့် မလေးရှားအစိုးရကို လည်းကောင်းဖြစ်ရပ်များနှင့်ပါတ်သက်၍ တာဝန်ယူဖြေရှင်းပေးရန် တောင်းဆိုသင့်ပြီး (နိုင်ငံအစိုးရများသည် နိုင်ငံသားများအား အလေးထား တောင်းဆိုမူများပြုလုပ်ကြသည်)ထိုသို့ ဆောင်ရွက်ခြင်းဖြင့် မလေးအစို့ ရကို မလေးကုန်လုပ်ငန်းရှင်များအသင်းမှ တောင်းဆိုမှုများရှိလာနိုင်ပြီး ကျန်ရှိသော အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများ အလုပ်သမားအခွင့်အရေးနှင့် ဘ၀လုံခြုံစွာဖြင့် အနိုင်ကျင့်ခံရမှုမှ ကင်းဝေးစေပြီး မလေးနိုင်ငံတွင် လုပ်ကိုင်နေထိုင်နိုင်မည်ဖြစ်ကြောင်း အကြံပြုအပ်ပါသည်။

Tuesday, June 25, 2013

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မီဒီယာများနှင့်တွေ့ဆုံ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၁၁နာရီ ၃၀ ခန့်က နေပြည်တော်ပြည်သူလွတ်တော် အဆောက်အဦးတွင် မီဒီယာများနှင့်တွေ့ဆုံရာတွင် မီဒီယာများ၏မေး မြန်းမှုများကိုဖြေကြားကဲ့သည်။ ပို၍ကောင်းမွန်သောအသံဖိုင်ရရှိပါက ထပ်မံဖေါ်ပြသွားမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် မီဒီယာများနှင့်တွေ့ဆုံခဲ့သည်။
လူပြောများနေသော အမျိုးစောင့်ဥပဒေဆိုသည်တွင် ဘာသာရေးနှင့် ဥပဒေ ရောယှက်နေသည့် အတွက် ဘာသာရေးအပိုင်းတွင် ကျွမ်းကျင်သူ မဟုတ်၍ သုံးသပ် လိုခြင်းမရှိဟု ပြည်သူလွှတ်တော် တရားဥပဒေစိုးမိုးရေး ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ကျင်းပသော ပဌမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပထမနေ့ နေ့လည်ပိုင်းခေတ္တနားချိန်ဝယ် မီဒီယာများနှင့်တွေ့ဆုံစဉ်ပြောကြားသည်။

Tuesday, July 3, 2012

ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ်သတင်းစာရှင်းလင်းပွဲ



၂၀၁၂-၇-၃
အမျိုးသားဒီမိုကရေစီအဖွဲ့ချ
ုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သူမ (၁၇) ရက်ကြာ သွားရောက်ခဲ့သည့် ဥရောပခရီးစဉ်နှင့်ပတ်သတ်၍ ဇူလိုင်လ ၃ ရက်နေ့ နံနက် ၉း၃၀ နာရီအချိန်က ရန်ကုန်မြို့ ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ သတင်းစာရှင်းလင်းပွဲ တခု ကျင်းပပြုလုပ်ခဲ့ပါသည်။

Thursday, June 21, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်နိုင်ငံခြားရေး
ဝန်ကြီး William Hague နှင့်တွေ့ ဆုံ

 
၂၀၁၂-၆-၂၁ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး
 William Hague နှင့်တွေ့ ဆုံပြီး မြန်မာ့အရေးနှင့်ပါတ်သက်ပြီးဆွေးနွေးခဲ့ပါသည်။
မြန်မာနိုင်ငံ ရဲ့ အခြေအနေကတော့  မြန်မာပြည်သူတွေဟာ သူတို့ နဲ့ ထိုက်တန်တဲ့ ဒီမိုကရေစီ 
နဲ့  အလှမ်းဝေးနေသေးတဲ့ အကြောင်းနဲ့ ဒါကို ဒေါ်အောင်ဆန်းစုကြည် က နှစ် ၂၀ ကျော် နေအိမ်
မှာ အကျယ်ချုပ်ကျခံပြီး ဒီမိုကရေစီနှင့်လူ့ အခွင့်အရေးကို အနစ်နာခံ လှုပ်ရှား ရုန်းကန်ခဲ့ ရတာကို အသိအမှတ်ပြုကြောင်း နိုင်ငံခြားရေးဝန်ကြီး ဝီလီယံ ဟိခ်က ပြောဆိုပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရရှိသော honorary degree from Oxford University ဆုများ


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အားအောက်စဖို့ဒ် တက္ကသိုလ် မှ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့  ရရှိ

 ၂၀၁၂-၆-၂၀ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အားအောက်စဖို့ဒ် တက္ကသိုလ် မှ ဂုဏ်ပြုချီးမြှင့်သည့် ဂုဏ်ထူးဆောင်   ဒေါက်တာဘွဲ့ (Honorary Doctor of Civil Law)      ကိုလက်ခံရယူပုံ တွေ့ရစဉ်။ ဓါတ်ပုံ AP

Wednesday, June 20, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အော့စဖိုဒ် တက္ကသိုလ်သို့  သွားရောက်


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂-၆-၁၉ ရက်နေ့ က ဗြိတိန်နိုင်ငံ အော့စဖိုဒ် တက္ကသိုလ်ကို ရောက်ရှိလာပြီး ပါမောက္ခများ တာဝန်ရှိသူများ မိတ်ဆွေဟောင်းများနှင့် တွေ့ ဆုံခဲ့ပြီး
စာကြည့်တိုက်ကို သွားရောက်လေ့လာခဲ့ပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အား တာမွေ မြို့နယ်လူငယ်များမှ အလှူဒါနပြုလုပ်

ယနေ့ (ဇွန် ၁၉ ရက်နေ့  )တွင် ကျရောက်သော ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အား ဂုဏ်ပြုသော အားဖြင့် တာမွေ မြို့နယ်လူငယ်များမှ သံဃာတော်များအား`(အုန်းထမင်း ကြက်သားနှင့်အားလူး မှိုနှင့်ကစွန်းရွက်ကြော် သခွားသီးသုတ် )(သစ်သီးများ)တို့နဲ့ ဆွမ်းကပ်လှူဒါန်း ကြပါသည်။

Tuesday, June 19, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် London School of Economics တက္ကသိုလ်ကျောင်းတွင် ဟောပြော

၂၀၁၂-၆-၁၉
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်  လန်ဒန်မြို့ ရှိ London School of Economics
တက္ကသိုလ်ကျောင်းတွင် နိုင်ငံရေးနှင့် စီးပွားရေးဟောပြော ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ယုံကြည်မှုဆိုင်ရာ ဂုဏ်ထူးဆောင် သံအမတ်ကြီးဆုရရှိ

 ၂၀၁၂-၆-၁၉
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အိုင်ယာလန်နိုင်ငံဒပ်ဗလင်မြို့ကို ရောက်ရှိလာပြီး
 နော်ဝေနိုင်ငံကနေ  ကမ္ဘာကျော် ယူတူး ရော့ခ်တေးဂီတအဖွဲ့ခေါင်းဆောင်ဘိုနိုက ဒေါ်အောင်ဆန်း  စုကြည်ကိုသူ့ကိုယ်ပိုင် ဂျက်လေယာဉ်နဲ့ လာရောက်ကြိုဆိုခဲ့တာပါ။
ကမ္ဘာကျော် ရော့ခ်အဆိုတော် U2 အဖွဲ့ခေါင်းဆောင် ဘိုနိုလည်းတက်ရောက်ခဲ့သလို ဒပ်ဗလင်မြို့မှာ   ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့ "Electric Burma" စင်တင်တေးဂီတနဲ့ ဖျော်ဖြေမှာ
 ဖြစ်ပါတယ်။ အဲဒီပွဲကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး အေအိုင်က စီစဉ်ကျင်းပတာဖြစ်ပြီး ပွဲအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၇ နှစ်ပြည့် မွေးနေ့ဆုတောင်းပွဲကို ကျင်းပခဲ့ပါတယ်။
လူ့အခွင့် အရေး လှုပ်ရှားမှုအဖွဲ့ Amnesty International ရဲ့ အမြင့်ဆုံးဆုအဖြစ် ယုံကြည်မှုဆိုင်ရာ ဂုဏ်ထူးဆောင် သံအမတ်ကြီးဆုကို အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့မှာ အခမ်းအနားနဲ့အတူ လက်ခံ ရယူခဲ့ပါတယ်။ 

Monday, June 18, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နော်ဝေးနိုင်ငံမှ အိုင်ယာလန်နိုင်ငံသို့ ထွက်ခွာ

 နိုလ်ဘယ်ဆုပေးအပ်ပွဲသို့ တက်ရောက်လာသော အဆိုတော် ဘိုနို
၂၀၁၂-၆-၁၈
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နော်ဝေးနိုင်ငံမှ အိုင်ယာလန်နိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်
သည်။၁၈ရက်နေ့  နော်ဝေးနိုင်ငံ ငြိမ်းချမ်းရေးဆွေးနွေးအပြီးတွင် နော်ဝေးနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ 
ဆုံခဲ့ပြီး အိုင်ယာလန်နိုင်ငံသို့ ထွက်ခွာသွားသည်ဟု သိရှိရသည်။
အိုင်ယာလန်တွင် ၁၈ရက်နေ့  လော့ဒ်အဆိုတော် ဘိုနို(U2)၏ အထူးဖျော်ဖြေပွဲသို့  တက်ရောက်မည်ဖြစ်
သည်။အိုင်ယာလန်သမ္မတမှ ဒေါ်အောင်ဆန်းစုကြည်၏ ၆၇နှစ်မြောက်မွေးနေ့ ကိတ်ကိုလက်ဆောင်ပေး မည်ဖြစ်ပြီး သမ္မတ Mr. Higgins နှင့် တွေဆုံရန်ရှိသည်ဟု AP သတင်းဌာနမှသိရှိရသည်။



မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့  မြန်မာနိုင်ငံသားတွေတွေ့ ဆုံ

 ၂၀၁၂-၆-၁၈
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နော်ဝေးနိုင်ငံ ဘာဂန်မြို့  ခရီးစဉ်အတွင်း ဘာဂန်မြို့ ခံ တွေဟာ သောင်းဂဏန်းချီ ကြိုဆို ကြသလို၊ ဘာဂန်မြို့ မှာ အခြေချ နေထိုင်ကြတဲ့
 မြန်မာတိုင်းရင်းသား တွေနဲ့ လည်း တရင်းတနှီး နှုတ်ဆက် ကြိုဆိုပွဲတွေ ကျင်းပပါတယ်။

Sunday, June 17, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နော်ဝေး
နိုင်ငံခြားရေးဝန်ကြီးMr. Jonas Gahr Storeနှင့်တွေ့ ဆုံ

၂၀၁၂-၆-၁၇  ဓါတ်ပုံ  AP
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နော်ဝေးနိုင်ငံ အော့စလိုမြို့  နိုင်ငံခြားရေးဝန်ကြီး
ဌာနသို့ သွားရောက်၍ နိုင်ငံခြားရေးဝန်ကြီး Mr. Jonas Gahr Storeနှင့်တွေ့ ဆုံခဲ့ပါသည်။

ငြိမ်းချမ်းရေးနိုလ်ဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကောက်နှုတ်ချက်များ အပိုင်း ၁


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏
နိုလ်ဘယ်ငြိမ်းချမ်းရေးဆု မိန့် ခွန်းကို ကမ္ဘာကစိတ်ဝင်စား


၂၀၁၂-၆-၁၇
၁၉၉၁ ခုနှစ်က ရရှိထားတဲ့ နိုလ်ဘယ် ငြိမ်းချမ်းရေးဆုရှင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်
ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့ အခမ်းအနားကို နော်ဝေးနိုင်ငံ အော့စလိုမြို့  မြို့ တော်ခန်းမမှာပြုလုပ်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်မှ နိုလ်ဘယ်ငြိမ်းချမ်းရေးဆုကြီးကြောင့်မို့လို့ ဒီကမ္ဘာကပြည်သူတွေကို မမေ့ဘူး ဆိုတာကို ပိုပြီးတော့သဘော ပေါက်လာတာကို တွေ့ရတယ်၊ သူ့အတွက် နိုလ်ဘယ် ငြိမ်းချမ်းရေးဆု ရရှိတာဟာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ဖို့ ဖြစ်တယ်ဆို
တာ လက်ခံတဲ့ အကြောင်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတွေဟာ ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့သူ
တွေရဲ့ ကြိုးပမ်းမှု ဆိုတာကိုလည်း သူက ကျေးဇူးတင်စကား ပြောပါတယ်။ မြန်မာနိုင်ငံမှာ သူကိုယ်တိုင် နိုင်ငံရေး အကျဉ်းသားတယောက် အနေနဲ့ မြန်မာနိုင်ငံထဲမှာ ယုံကြည်ချက်ကြောင့်
အကျဉ်း ကျနေသေးတဲ့ သူတွေရှိနေတဲ့အကြောင်း ဒီလူတွေလွတ်မြောက်အောင်  အလေးထား ကြိုးစားရမယ်လို့  ပြောသွားပါတယ်။
ငြိမ်းချမ်းတဲ့နည်းနဲ့  မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်အောင်ဖေါ်ဆောင်ပေးခဲ့တဲ့
 မြန်မာအမျိုးသမီးတဦးရဲ့  ရဲရင့်တဲ့စိတ်ဓါတ်ကို ကမ္ဘာကဂုဏ်ပြုတဲ့အနေနဲ့  ၁၉၉၁ ခုနှစ်ကရရှိခဲ့တဲ့ ကမ္ဘာ့နိုလ်ဘယ်ငြိမ်းချမ်းရေးဆု ပေးအပ်ပွဲအခမ်းကို ကျင်းပပေးခဲ့တာဖြစ်တဲ့အတွက် မြန်မာနိုင်ငံ  သားများအနေဖြင့် အထူးဂုဏ်ယူမိပါသည်။

Saturday, June 16, 2012

နော်ဝေနိုင်ငံ အောစလိုမြို့ရှိ Nobel Institute ၏ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုး

 
နော်ဝေနိုင်ငံ အောစလိုမြို့ရှိ Nobel Institute ၏ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးနေသော ဒေါ်အောင်ဆန်းစုကြည်။
 နော်ဝေနိုင်ငံ အောစလိုမြို့ရှိ တော်ဝင်နန်းတော်တွင် နော်ဝေဘုရင် နှင့်အတူ ဒေါ်အောင်ဆန်းစုကြည်
ညစာစားပွဲတက်ရောက်
 နော်ဝေ ၀န်ကြီးချုပ်ဟောင်း နှင့် ဇနီးအား နှုတ်ဆက်နေစဉ်