Wednesday, September 17, 2014

ဂျပန်နိုင်ငံသို့ မြန်မာအလုပ်သမား စေလွှတ်မှု မြန်မာအစိုးရနှင့် ဂျပန်အစိုးရတွင် တာဝန်ရှိ

၂၀၁၄-၉-၁၇
၂၀၁၃ ခုနှစ်မှစ၍ ဂျပန်နိုင်ငံသို့ မြန်မာအလုပ်သမား စေလွှတ်ခွင့် ပြန်လည်ရရှိခဲ့ပြီးနောက် ယခု အခါ နှစ်နိုင်ငံ သဘောတူစာချုပ် လက်မှတ်ရေးထိုး၍ လုပ်သားစေ လွှတ်လျက်ရှိသည်။ သို့သော် စေ လွှတ်ခဲ့သည့် လုပ်သားများအနက် ၃၅ ရာခိုင်နှုန်းမှာ လုပ်ငန်းခွင်မှ ထွက်ပြေးပြီး တရားမဝင် အဖြစ် နေထိုင်ခဲ့ကြောင်း ပြည်ပအလုပ်အကိုင် ရှာဖွေရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအ သင်းချုပ် အထွေထွေအတွင်းရေး မှူး ဦးကျော်ထင်ကျော်က ပြောကြားသည်။

ဂျပန်နိုင်ငံရောက် မြန်မာအလုပ်သမားများသည် ဂျပန်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နိုင်ရန်
နိုင်ငံခြားအလုပ်အကိုင်ရှာဖွေရေး ကုပ္မဏီများ ပွဲစားများမှတဆင့် အလုပ်အကိုင်ရှာဖွေကြရသည်။
အလုပ်အကိုင်ရှာဖွေရေး ကုပ္မဏီမှ တစ်ဦးလျှင် မြန်မာငွေ သိန်း ၁၀၀ တရာနီးပါးပေးဆောင်၍
ဂျပန်နိုင်ငံသို့  kenshusei(研修生)အလုပ်သင်အလုပ်သမားအဖြစ် ဂျပန်နိုင်ငံသို့  အလုပ်လာ
လုပ်ကိုင်ကြသည်။ကုပ္မဏီမှ တလလျှင် ဂျပန်ယန်းငွေ ၁၂ သောင်းရရှိမည်ဟု ကတိပြုပြောဆို
၍ ဂျပန်နိုင်ငံသို့  စေလွှတ်ခဲ့သော်လည်း ဂျပန်နိုင်ငံတွင် လုပ်ငန်းခွင်ဝင်သည့်အခါ ဂျပန်နိုင်ငံ၏
လုပ်ငန်းသဘောအရ အလုပ်သင်လုပ်သားများကို ယန်းငွေ ၈ သောင်းသာပေးဆောင်စေခိုင်
ကြသည်။ နေထိုင်ရန်နှင့် စားသုံးရန် မိမိစရိတ်ဖြင့် အသုံးပြုရသောကြောင့် လုပ်အားခ
လက်ကျန်ငွေမှာ ၄ သောင်းမျှသာကျန်သည်။ထိုအပြင် ဝေးလံခေါင်ပါးသော နေရာများတွင် 
အလုပ်လုပ်ကိုင်စေကာ ပင်ပန်းကာ လေးလန်သော အလုပ်အကိုင်များကိုခိုင်စေပြီး အချိန်ပို
လုပ်အားခများမရရှိသူများလည်းရှိသည်။ ဂျပန်နိုင်ငံရှိ မိမိမိတ်ဆွေများနှင့် ဆက်သွယ်ရန်ပိတ်ပင်
ထားသည်။၎ လပိုင်းတွင် ရောက်ရှိလာသူတစ်ဦးမှာ အပြစ်မရှိ၊ အကြောင်းပြချက်မရှိပဲ ပြန်ပို့ ရန်
စီစဉ်သောကြောင့် လေဆိပ်မှ ထွက်ပြေလာခဲ့ရသည်။

ထို့ ကြောင့် ဂျပန်နိုင်ငံသို့  အလုပ်လာလုပ်ရန် သိန်း ၁၀၀ နီးပါးပေးပြီး အိမ် ခြံ မြေ ကားများရောင်း
ချကာ လာရောက်ရသည့်အတွက် ကျွေးတင်ကြသည်။ရောက်ပြီးပြန်ပို့ ခံရပါက မိမိကုန်ခံထားသော
ငွေကြေးများဆုံးရှုံးရမည်ဖြစ်သည်။တချို့ မှာ လအနည်းငယ် သည်းခံလုပ်ကိုင်ပြီးမှ အခွင့်ရမှ
ထွက်ပြေးကြသူများလည်းရှိကြသည်။ ထိုသူများသည် ဂျပန်နိုင်ငံတွင်နေထိုင်နိုင်ရန် နိုင်ငံရေး
ခိုလှူံ ခွင့်လျှောက်ထားပြီး နေထိုင်ကြသူများရှိသည်။ နိုင်ငံရေးခိုလှူံ ခွင့်လျှောက်ထားနည်း အမျိုးမျိုး
ရှိပြီး ဂျပန်နိုင်ငံအနှံတွင် နေထိုင်နေကြသည်။

အဓိက အကြောင်းအရင်းမှာ မြန်မာအစိုးရနှင့် ဂျပန်အစိုးရကြောင့်ဖြစ်သည်။ မြန်မာအစိုးရ၏
ပြည်ပအလုပ်အကိုင် ရှာဖွေရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းချုပ်က ကုပ္မဏီများမှ
တဆင့် ဂျပန်အလုပ်သမားရှာဖွေရေး ၀န်ဆောင်မှုလုပ်ငန်းရှင်သည် ဂျပန်အစိုးရမှ လုပ်ကိုင်

ခြင်းမဟုတ်ပဲ ပုဂ္ဂလိက အလုပ်သမားရှာဖွေသူ Chukanrodoshokaisha(中間労働紹介者)
ဖြစ်သည်။ လည်းကောင်းက ဂျပန်နိုင်ငံရှိ လုပ်ငန်ရှင် ကုပ္မဏီများကို  နိုင်ငံခြားသားအလုပ်သမား
များ ရှာဖွေပေးပြီး ၀န်ဆောင်ခယူ၍ လုပ်ငန်းလုပ်ကိုင်သူဖြစ်သည်။

ဂျပန်နိုင်ငံသည် ရေလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်း သက်ကြီးရွယ်အိုများပြုစုရေးအလုပ်များ စက်ရုံအလုပ်ရုံများတွင် အလုပ်သမားများလိုအပ်လျှက်ရှိသည်။ သို့ ရာတွင် ဂျပန်အစိုးရမှ တာဝန်ယူ
ခေါ်ဆောင်သူမှာ နည်းပါးလှသည်။ဂျပန်နိုင်ငံသည် စားဝတ်နေရေးကြီးမြင့်မှုကြောင့် ကလေးငယ်မွေး
နှုန်းကျဆင်းလာနေပြီး သက်ကြီသူများသည် နောင်အနှစ်၂၀ တွင် လူဦးရေ၏ ၃ပုံ ၁ပုံ ဖြစ်လာဖွယ်
ရှိသည် ထိုကြောင့် ဂျပန်နိုင်ငံသည် နိုင်ငံခြားသားအလုပ်သမားများကို အရှေ့ တောင်အာရှမှ ရှာဖွေ
လျှက်ရှိသည်။

ဂျပန်နိုင်ငံမှ အလုပ်သမားရှာဖွေရာတွင် အလုပ်သမားများကို တာဝန်ယူမှုမရှိ၊ ကိုရီးယားနှင့် ထိုင်ဝမ်
စင်ကာပူနိုင်ငံတို့ သည် အစိုးရမှ တာဝန်ယူခေါ်ဆောင်ခြင်းကြောင့် အလုပ်သမားများ၏ ပြသနာများ
ကို အစိုးရမှတာဝန်ယူဖြေရှင်းပေးသည်။ အလုပ်သမားများအဆင်မပြေပါက တခြားအလုပ်အကိုင်
ကို နိုင်ငံခြားသားအလုပ်သမားဌာနမှ အလုပ်အကိုင်ရှာဖွေပေးခြင်း၊ဖြေရှင်းပေးခြင်းတို့ ကို ဆောင်
ရွက်ပေးသည်။ဂျပန်နိုင်ငံသည် ပုဂ္ဂလိက အလုပ်သမားရှာဖွေသူမှ ၀န်ဆောင်ခယူ၍ လုပ်ဆောင်
ခြင်း ပွဲစားများသို့  သိန်း ၁၀၀ နီးပါးပေးဆောင်ရခြင်း ထိုကြောင့် ဖြစ်ပေါ်လာသော ပြသနာများကို ဂျပန်အစိုးရမှဖြေရှင်းပေးခြင်း တာဝန်ယူခြင်းမရှိပါ။ အဘယ်ကြောင့်ပင်ဖြစ်စေ ဂျပန်လူမျိုးမှ မြန်မာ
နိုင်ငံတွင် အလုပ်သမားရှာဖွေပို့ ဆောင်နေခြင်းသည် စာချုပ်အရ ကတိတည်ကြည်မှု တာဝန်ယူမှု
မရှိပဲ မြန်မာလူမျိုးများ ဂျပန်နိုင်ငံတွင် ပြသနာအမျိုးမျိုးဖြင့်ရင်ဆိုင်ရပြီး ကူညီဖြေရှင်းပေးမည်သူမရှိ
သဖြင့် နိုင်ငံရေးခိုလှူံ ခွင့်လျှောက်ထားပြီး ဒုက္ခသည်အဖြစ်သို့ ရောက်ရှိခဲ့ကြရသည်။

ထိုသို့ ထွက်ပြေးလာသော မြန်မာနိုင်ငံသားအလုပ်သမားများကို မြန်မာသံရုံးမှလည်း ဖြေရှင်းပေးခြင်း
မရှိ ဖြစ်ရပ်အမျိုးမျိုးကို ဒုက္ခသည်စီစစ်ရေး လူဝန်မှုကြီးကြပ်ရေးဌာနမှ စီစစ်၍ ၂၀၀၃ ခုနှစ်နောက်ပိုင်း
ထွက်ပြေးလာသူများက လူ့ အခွင့်အရေးရှု့ ထောင့်မှ တင်ပြခဲ့ရာ ယာယီခိုလှူံ ခွင့် ပေးခဲ့သည်။ 
ထိုသို့  တာဝန်ယူမှုကင်းမဲ့စွာ စီးပွားရှာ လူကုန်ကူးမှုသည် လူ့ အခွင့်အရေးကို ချိုးဖေါက်ခြင်းဖြစ်
သောကြောင့် သက်ဆိုင်ရာ ဂျပန်အစိုးရတွင် တာဝန်ရှိပြီး မျက်နှာလွှဲခဲပြစ်လုပ်သော တာဝန်ယူမှု မရှိသည့် မြန်မာအစိုးရ၏ ပြည်ပအလုပ်အကိုင် ရှာဖွေရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များတွင်လည်း တာဝန်ရှိသည်အတွက် ထိရောက်စွာအရေးယူသင့်သည်။

မြသိန်း