Sunday, November 1, 2015

လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် အကြမ်းဖက်မှုနှင့် မဲလိမ် မဲခိုး မဲမသမာမှုများ ထင်ရှားလျှင် နိုင်ငံတကာ ခုံရုံးတင်မည်။


၁-၁၁-၂၀၁၅
၂၀၁၅ ရွေးကောက်ပွဲကော်မရှင်က လွှတ်လပ်ပြီး တရားမျှတအောင် ဆောင်ရွက်ပေးမယ်လို့ 
 ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ကမ္ဘာကိုကြေညာထားတာတွေ့ ရပါတယ်။
၂၀၁၅ ရွေးကောက်ပွဲအတွက် စင်င်္ကာပူ ဂျပန် ကိုရီးယား စသည့်နိုင်ငံတွေမှာ ကြိုတင်မဲပေးရာတွင်
 ပြည်သူ့ လွှတ်တော်၊အမျိုးသားလွှတ်တော်၊တိုင်းဒေသကြီးလွှတ်တော် ၃ မဲပေးရပြီး တိုင်းရင်းသား
ပါရင် ၄ မဲဖြစ်ပါသည်။ ထိုမဲများတွင် ၂ မဲသာရရှိသူ၊ ၁ မဲသာရရှိသူနှင့် ပုံစံ(၁၅ )တင်ထားသော်
လည်း မဲမပေးရသူများ ရှိခဲ့သည်။နောက်ပိုင်တွင် ကျန်မဲများ ထပ်ပေးခွင့်ရသူနှင့် လုံးဝမပေးလိုက်ရ
သူများရှိသည်။ဥပဒေတွင် အသက် ၁၈ နှစ်ပြည့်သူတိုင်း မဲပေးခွင့်ရှိရမည်ဟု သတ်မှတ်ထားသော်
လည်း အကြောင်းအမျိုးမျိုးကြောင့် မဲပေးခွင့်မရရှိသူ နိုင်ငံတိုင်းတွင် တော်တော်များများရှိပြီး မဲပေးခွင့်
ဆုံးရှုံးခဲ့ရသည့် အကြောင်းမှာ ပုံစံ (၁၅)ဖြင့် ရည်ရွယ်ချက်ရှိရှိ ထိမ်းချုပ်ခဲ့ခြင်းကြောင့်ဖြစ်သည်။

လာမည့် ၈ ရက်နေ့ တွင် နိုင်ငံအနှံအပြားတွင် မဲပေးကြရမည်ဖြစ်သည်။ ပြည်သူတွေ လွတ်လွတ်
လပ်လပ် မဲပေးခွင့်ရရှိဖို့ လိုပြီး မဲမသမာမှုများ မဲလိမ် မဲခိုးများ မဖြစ်ဖို့  ရွေးကောက်ပွဲကော်မရှင်တွင်
တာဝန်ရှိပြီးအကြမ်းဖက်မှုများ မဖြစ်ပေါ်စေရန် အစိုးရတွင်တာဝန်ရှိသည်။လပ်တလောတွင် မြို့  ရွာ
အနှံအပြားတွင် မဲစာရင်းများ သောင်း၊ သိန်းနှင့်ချီ၍ ပိုနေသည်ကို အထောက်အထားများနှင့် ဖေါ်ပြ
လျှက်ရှိရာ ရွေးကောက်ပွဲကော်မရှင်မှ ပြန်လည်ပြင်ဆင်ခြင်းမရှိသည်ကိုတွေ့ ရှိရသည်၊၊

ကြိုတင်မဲများ စာရင်မရှိပဲ ပိုနေသည်များကို တွေ့ ရှိရ၍ သက်ဆိုင်ရာသို့ တိုင်ကြားထားကြသည်။
 မဲပေးသည့်နေ့ ရက်တွင် မဲမသမာမှုများ မဲလိမ်မှုများ မသမာမှုများ အကြမ်းဖက်မှုများ အထောက်
အထားများနှင့် တွေ့ ရှိပါက မှတ်တမ်းတင်၍နိုင်ငံတကာ ခုံရုံးတင်ပြီး တရားဆွဲဆိုရန်ရှိသည်ဟု
 ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ များက ဆိုသည်။

ထိုရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် EU နှင့် အနောက်နိုင်ငံများက နည်းပညာနှင့် ရွေးကောက်ပွဲ
ဆိုင်ရာ သင်တန်များပို့ ချပြီး ဒေါ်လာ ဘီလျှံနှင့်ချီ၍ ကူညီမှုများပေးထားပြီးလွတ်လပ်၍ တရားမျှတသော
 ရွေးကောက်ပွဲကျင်းပပေးမည်ဟု အစိုးရနှင့် ရွေးကောက်ပွဲကောက်မရှင်မှ ကမ္ဘာကိုကြေညာထားသည်။ထိုရွေးကောက်ပွဲကို နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့ များမှ စနစ်တကျ
 စောင့်ကြည့်မှတ်တမ်းတင်မည်ဖြစ်သည်။ မင်္သကာမှုများ မဲခိုးမှုများ ဖိအားပေးပြီး မတရားမဲပေးခိုင်စေ
မှုများ ရွေးကောက်ပွဲဥပဒေချိုးဖေါက်မှုများ အကြမ်းဖက်မှုများ မတရားမှုတွေရှိခဲ့ပါက မှတ်တမ်းများနှင့်
အတူ ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး လွတ်လပ် တရားမျှတမှုမရှိပါက UN သို့  တင်ပြရန်ရှိသည်။
ထိုမတရားမှုများနှင့် နိုင်ငံသားတို့ ၏ ရသင့်ရထိုက်သော အခွင့်အရေးများဆုံးရှုံးခဲ့ပါက မြန်မာနိုင်ငံ
 ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့ များနှင့်နစ်နာမှုရှိသူများကို အခြေခံ၍ နိုင်ငံတကာခုံရုံး
တင်တရားဆွဲရာတွင် နိုင်ငံတကာမှလာရောက်လေ့လာသူအဖွဲ့ အစည်းများ၏ အထောက်အထားများ
ကို သက်သေခံအထောက်အထားများအဖြစ် ဆောင်ရွက်ရန်ရှိသည်။

ထို့ ကြောင့် ပြည်သူများ၏ ဆန္ဒနှင့် ဆန့် ကျင်သော မတရားမှု ရလဒ်ဖြစ်ပေါ်လာပါက နိုင်ငံသားများ
မှ နှုတ်ဆိပ်နေမည်မဟုတ် သက်ဆိုင်ရာ အစိုးရနှင့် ရွေးကောက်ပွဲကော်မရှင်ကို ပြည်တွင်းရွေးကောက်
ပွဲ ဥပဒေနှင့် နိုင်ငံတကာ ဥပဒေများအရ တရားဆွဲဆိုမည်ဖြစ်ကြောင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့
လာသူများနှင့် အဖွဲ့ အစည်းများထံမှ သတင်းရရှိသည်။

မြသိန်း