Saturday, November 16, 2013
ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း တိုနဲဘလဲ ကလည်း ငြိမ်းချမ်းရေးတည်ဆောက်ရန် မြန်မာငြိမ်းချမ်းရေးစင်တာတွင်ဆွေးနွေး
2013-11-16
ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း တိုနဲဘလဲကလည်း ယနေ့ နိုဝင်ဘာ၁၅ ရက် ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာတွင် ငြိမ်းချမ်းရေးတည်ဆောက်ရန် ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေးကြရန် တိုက်တွန်းပြောဆိုသည်။ ဆွေးနွေးပွဲသို့ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်း၊ မြန်မာအီးဂရက်စ် အပါအဝင် ဖိတ်ကြားထားသူများနှင့် ဂျာနယ်လစ်များ စုစုပေါင်း လူ ၈၀ ခန့် တက်ရောက်သည်။ ယမန်နေ့ကလည်း အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်က ရေရှည်အရိုးစွဲပြီး ပဋိပက္ခဖြစ်နေခဲ့သော လူ့အဖွဲ့အစည်းများအတွင်းရှိ ရန်ဘက်အုပ်စုကွဲများသည် မျက်နှာချင်းဆိုင် ဆွေးနွေးပြောဆိုခြင်းဖြင့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ကြောင်း တင်ပြခဲ့သေးသည်။ (ဓာတ်ပုံ- စိုင်းဇော်/ဧရာဝတီ)
The Irrawaddy
Posted by
luthuorthan.bg@gmail.com