Friday, November 15, 2013

၈၈မျိုးဆက်နှင့် မြန်မာနိုင်ငံ အခြေစိုက် International Republican Institute (IRI) အဖွဲ့တွေ့ဆုံ


၂၀၁၃-၁၁-၁၅
၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုမာကီနှင့် ကိုဇော်မင်း တို့သည် ယနေ့ ညနေ ၃း ၁၅ နာရီက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)ရုံး၊ အစည်းအဝေးခန်းတွင် မြန်မာနိုင်ငံအခြေစိုက် International Republican Institute (IRI) အဖွဲ့နှင့် တွေ့ဆုံခဲ့ကြသည်။ ထိုသို့တွေ့ဆုံခဲ့ကြရာတွင် မြန်မာနိုင်ငံ၏ လက်ရှိဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်များအပေါ် ၈၈မျိုးဆက်တို့၏ သဘောထားအမြင်များ၊ ၈၈မျိုးဆက်တို့၏ လက်ရှိနိုင်ငံရေးရပ်တည်ချက်၊ အနာဂတ်နိုင်ငံရေး ရည်မှန်းချက်နှင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်။