Saturday, November 16, 2013
မြန်မာ့ဒီမိုကရေစီသည် ဒီမိုကရေစီအခွင့်အရေးများကို အာဏာရှင်များက ထိမ်းချုပ်ထားသော အတုအယောင်ဒီမိုကရေစီသာဖြစ်သည်
ဒေါ်အောင်ဆန်းစုကြည်၏ နေပြည်တော် အခြေခံဥပဒေ ရှင်းလင်းပွဲအား ကျင်းပခွင့်တောင်းခံခြင်းအား ခွင့်မပြုသည့်အပြင် နေရာပေးမည့် လယ်ပိုင်ရှင်အား အာဏာသုံး၍အကျပ်ကိုင်ခဲ့သည်ဟုသိရှိရသည်။
ပထမ တော့ လယ်ပိုင်ရှင်ရဲ့ ပိုင်ဆိုင်မှုစာရွက်စာတမ်းပြ ခိုင်းတယ်။ပြလိုက်တော့ပိုင်ရှင်ရဲ့ ခွင့်ပြုချက်တဲ့ ပိုင်ရှင်ကလုပ်ခွင့်ပြုကြောင်း လက်မှတ်ထိုးပေးတော့ ပိုင်ရှင်ကိုအခုလိုပဲ အရေးယူမယ်လို့ ရာအိမ်မှုးက
စာပို့ ပါတော့တယ်။
စစ်မှန်သောဒီမိုကရေစီလမ်းကြောင်းကို လျှောက်လမ်းမည်ဆိုပါက ဒီမိုကရေစီအခွင့်အရေးများကို
ပြည်သူများ ရပိုင်ခွင့်ရှိရမည် လွတ်လပ်စွာဟောပြောခွင့်၊လွတ်လပ်စွာရေးသားခွင့်၊လွတ်လပ်စွာစီတန်း
လှည့်လည်ခွင့်များကို ခွင့်ပြုရမည်။လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခဲ့ပါက တားဆီးပိတ်ပင်ခွင့်
မရှိ၊တားဆီးပိတ်ပင်ခြင်းသည် အာဏာရှင်တို့ ၏ လုပ်ရပ်ဖြစ်သည်။ လျှောက်ထားခွင့်ကိုခွင့်ပြုထားပြီး၊
ခွင့်ပြုရန် အကြောင်းအမျိုးမျိုးပြ၍ ပိတ်ပင်ခြင်းသည် ဥပဒေကို လက်တလုံးခြားလုပ်ခြင်ဖြစ်သောကြောင့်
အတုအယောင်ဒီမိုကရေစီသာဖြစ်သည်။
ဒီမိုကရေစီနိုင်ငံများတွင် ပြည်သူများသည် အစိုးရ၏ လုပ်ရပ်များကို ထောက်ပြဝေဖန်ပြောဆိုလေ့ရှိကြ
ပြီး အစိုးရ၏ ဟာကွက် ပျော့ကွက်နှင့် လုပ်ရပ်မှားကိုဝေဖန်ထောက်ပြကာ တောင်းဆိုသော အလေ့အထ
ရှိသည်။ စစ်မှန်သောဒီမိုကရေစီနိုင်ငံတိုင်းတွင် ပြည်သူလူထု၏ တောင်းဆိုမှုများကို အလေးထားကြသည်။
မြန်မာနိုင်ငံတွင် အာဏာရှင်များ၏ အရှိန်အ၀ါအငွေ့ အသက်များကျန်ရှိနေသေးသ၍ အတုအယောင်
ဒီမိုကရေစီသာဖြစ်သည်။
မြသိန်း
Posted by
luthuorthan.bg@gmail.com