Friday, January 6, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံရေးပါတီမှတ်ပုံတင်
ထားခြင်း ခွင့်ပြုချက်ထုတ်ပြန်

၆-၁-၂၀၁၂
 ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံရေးပါတီ
မှတ်ပုံတင်ထားခြင်းနှင့် ပါတ်သက်ပြီး   ဇန်နဝါရီ ၅ ရက်နေ့၊ နေ့စွဲနဲ့ ခွင့်ပြုချက် ထုတ်ပြန်လိုက်
ထယ်လို့ သိရှိရပါတယ်။
ဒါ့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ နိုင်ငံရေးပါတီတခုအဖြစ် တရားဝင်ရပ်တည်ခွင့်
ရလိုက်ပြီဖြစ်ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့  လုပ်ငန်းစဉ်တွေကိုအလျှင်အမြန်
ဆောင်ရွက်ရမှာဖြစ်၍ အလုပ်တွေပိုမိုများပြားလာပါတယ်။
အဖွဲ့ ဝင်ကိစ္စ ရုံခန်းဖွင့်လစ်ရေးကိစ္စ စည်းမျဉ်စည်းကမ်းများထပ်မံရေးဆွဲပြင်ဆင်ရမှာဖြစ်ပြီး
ရွေးကောက်ခံမည့်သူများစီစစ်ရေး ရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စတို့ ဖြင့် အလုပ်များလာပြီ
ဖြစ်တယ်လို့ သိရှိရပါတယ်။
ကြားဖြတ်ရွေးကော်ပွဲက နိုင်ငံတဝန်းလစ်လပ်နေရာ ၄၈ နေရာစလုံး အတွက် NLD က
ယှဉ်ပြိုင်မှာ ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်  ဝင်ပြိုင်ဖို့လည်း စီစဉ်ထားပါတယ်။