Friday, January 6, 2012

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Mr.William Hague နှင့်တွေ့ ဆုံ

၅-၁-၂၀၁၂        (ဓါတ်ပုံ AP)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး 
Mr.William Hague နှင့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး၏ နေအိမ်တွင် သွားရောက်
တွေ့ ဆုံခဲ့သည်။
မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့်ပါတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ဗြိတိန်နိုင်ငံခြားရေး
ဝန်ကြီး  Mr.William Hague က ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်သွားဖို့ တွန်းအားပေးတဲ့ အနေနဲ့  မြန်မာအစိုးရကို တိုက်တွန်းခဲ့ကြောင်း ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကိုလည်း
အစဉ်တစိုက်လေ့လာစောင့်ကြည့်မည်ဖြစ်ကြောင်း။
 မြန်မာအစိုးရ အနေနဲ့  ဆက်ပြီး ပြောင်းလဲမှုတွေပိုလုပ်သွားဖို့ အားပေးတဲ့ အနေနဲ့ မြန်မာနိုင်ငံ
ကိုလာခဲ့တဲ့အကြောင်း ဘာတွေကူညီလုပ်ဆောင်ပေးရမလဲဆိုတာတွေကို ဒေါ်အောင်ဆန်းစု
ကြည်နှင့်ဆွေးဆွေးခဲ့ပြီး ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Mr.William Hague က သူ့ခရီးစဉ်ရဲ့
ရည်ရွယ်ချက်ကို ပြောပြသွားခဲ့ပါတယ်။