Friday, January 6, 2012

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
သည် ဗြိတိန်နိုင်ငံခြား ရေးဝန်ကြီး နဲ့  ယနေ့ ထပ်မံတွေ့ ဆုံ


၇-၁-၂၀၁၂        (ဓါတ်ပုံ AP)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံခြား ရေးဝန်ကြီး
 Mr.William Hague နှင့် သူမ၏နေအိမ်တွင် ယနေ့ ထပ်မံလက်ခံတွေ့ ဆုံခဲ့သည်။
မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့်ပါတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ဗြိတိန်နိုင်ငံခြားရေး
ဝန်ကြီး  Mr.William Hague က ပြုပြင်ပြောင်းလဲမှုတွေ အားပေးတဲ့ အနေနဲ့  မြန်မာနိုင်ငံကို လာ ခဲ့ကြောင်း ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကိုလည်းအစဉ်တစိုက်လေ့လာစောင့်ကြည့်မည်ဖြစ်
ကြောင်း သူ့ခရီးစဉ်ရဲ့ရည်ရွယ်ချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က“ဗြိတိန်နိုင်ငံနဲ့ ဗြိတိသျှနိုင်ငံရေးသမားတွေဟာ ကျမတို့နိုင်ငံကို တန်ဖိုးမဖြတ်နိုင်တဲ့ ထောက်ခံမှုတွေ ၂၃ နှစ်လုံးလုံးပေးခဲ့ပါတယ်။ ကျမအနေနဲ့ကတော့
အရှည်သဖြင့် လေးစားခဲ့ရတဲ့ပုဂ္ဂိုလ်တယောက်ကို ကျမနိုင်ငံရဲ့ မိတ်ဆွေကောင်းတယောက်
အဖြစ် သိရှိခွင့်ကြုံရမှာပဲဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ရေးသားထားတာ
တွေ့ ရပါသည်။
ဒီသတင်းစာရှင်းလင်းပွဲမှာ
နိုင်ငံရေးယုံကြည်ချက်ကြောင့် ထောင်ချခံထားရတဲ့သူတွေ ရှိနေသရွှေ့ မြန်မာအစိုးရအပေါ်
EU ဥရောပသမဂ္ဂရဲ့  ပတ်ဆို့ အရေးမှုတွေ ပြန်ဖွင့်ပေးမှာမဟုတ်ဘူး ဒီလို နိုင်ငံရေးကြောင့်
ဖမ်းဆီးထားသူတွေ ပြန်လွတ်လာရေးဟာ အင်မတန်ကို အခရာကျပါတယ်လို့  ဗြိတိန် နိုင်ငံခြား
ရေးဝန်ကြီး ၀ီလျံဟိဂ်က ပြောသွားတာ ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေ တိုးတက်မှုတွေ
အများကြီး လိုနေသေးတယ်လို့  ခဏခဏ ပြောခဲ့တာကို တွေ့ရပါတယ်။